လက်ထပ်လိုက်ပြီဆိုတဲ့စာတစ်စောင်နဲ့ ပရိသတ်တွေကိုအံ့သြအောင်လုပ်ခဲ့တဲ့ မင်းသမီးချော Choi Ji Woo
ထွက်ပေါ်လာခြင်းမရှိပဲအခုလိုရုတ်တရက်လက်ထပ်လိုက်ပြီဆိုတဲ့သတင်းကြောင့်သူမကိုချစ်ကြတဲ့ပရိသတ်တွေက အံ့သြတကြီးဖြစ်နေကြပါတယ်။
Congratulations ပါ…
Unicode
ဒီကနေ့ကတော့ ပရိသတ်တွေအတွက် အံ့သြစရာသတင်းတွေချည်းပါပဲ။တောင်ကိုရီးယားနိုင်ငံက နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့Choi Ji Wooဟာ ဒီနေ့ မတ်လ ၂၉ရက်နေ့မှာပဲ လက်ထပ်လိုက်ပြီဖြစ်ကြောင်းသိရပါတယ်။လက်ထပ်မင်္ဂလာပွဲအကြောင်းတွေဘာတစ်ခုမှ
ထွက်ပေါ်လာခြင်းမရှိပဲအခုလိုရုတ်တရက်လက်ထပ်လိုက်ပြီဆိုတဲ့သတင်းကြောင့်သူမကိုချစ်ကြတဲ့ပရိသတ်တွေက အ့ံသြတကြီးဖြစ်နေကြပါတယ်။
မင်းသမီးချော Choi Ji Woo ကတော့ သူမရဲ ့ချစ်ပရိသတ်တွေကို အခုလိုစာလေးရေးပြီး လက်ထပ်လိုက်ပြီဖြစ်ကြောင်းအသိပေးခဲ့တာပါ။”ပြောင်းလဲမှုအနည်းငယ်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒါကသတင်းကောင်းတစ်ခုပါ။ကျွန်မ ဒီနေ့ မတ်လ ၂၉ရက်နေ့မှာ ဘဝအသစ်တစ်ခုကို အတူစချင်တဲ့တစ်စုံတစ်ယောက်နဲ့ လက်ထပ်ခဲ့ပါတယ်။မင်္ဂလာပွဲကို ရင်းနှီးတဲ့မိသားစုတွေ ၊သူငယ်ချင်းတွေနဲ့ပဲကျင်းပခဲ့တာပါ။ကျွန်မချစ်တဲ့သူနဲ့ ပျော်ရွှင်စရာမိသားစုဘဝလေးကို စတင်သွားမှာပါ။ပြီးတော့ ကျွန်မတို့တစ်ယောက်ကိုတစ်ယောက်လည်းလေးစားမှုရှိကြပါတယ်။ မင်္ဂလာဆောင်မယ့်သတင်းကို မပြောပြခဲ့တာကကျွန်မနဲ့လက်ထပ်မယ့်သူက အနုပညာရှင် အသိုင်းအဝိုင်းထဲကမဟုတ်တဲ့အတွက်ကြောင့် သူ့ကို ဂရုစိုက်တဲ့အနေနဲ့မပြောပြခဲ့တာပါ။ ကျွန်မကိုချစ်တဲ့ပရိသတ်တွေနားလည်ပေးမယ်လို့မျှော်လင့်ပါတယ်။ ကျွန်မတို့ကိုဆုတောင်းပေး ပါဦး။ကျွန်မရဲ ့ချစ်ပရိသတ်တွေပေးခဲ့တဲ့အားပေးမှုတွေ၊အချစ်တွေကို အမြဲတမ်းမှတ်မိနေမှာပါ။ မင်းသမီးတစ်ယောက်အဖြစ်လည်း ဆက်ပြီးလှုပ်ရှားသွားဦးမှာပါ။ကျေးဇူးပြုပြီး ကျန်းမာစွာနေထိုင်ကြပါ။ကျေးဇူးတင်ပါတယ်။ပရိသတ်ကြီးကို
အရမ်းလည်းချစ်ပါတယ်…”လို့ရေးသားခဲ့တာပါ။
မင်းသမီး Choi Ji Woo ဟာ အချစ်လှေကားထစ်လေးများ ဇာတ်ကားမှစတင်ကာ လူသိများလာသူဖြစ်ပြီး “Woman With a Suitcase” ၊“Twenty Again” ၊ “Temptation” ၊ “The Suspicious Housemaid” ၊“Air City” စတဲ့
နာမည်ကြီးရုပ်ရှင်ကားတွေမှာပါဝင်ခဲ့သူတစ်ယောက်ပါ။သူမရဲ ့လက်ထပ်ပွဲအတွက် ဂုဏ်ပြုစကားလေးတွေပြောပေးဖို့မမေ့နဲ့နော်။
Congratulations ပါ…
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.