ချစ်သူတွေဖြစ်ကြောင်း တရားဝင်ကြေညာလိုက်တဲ့ Oh Yeon Seo နဲ့ Kim Bum
Unicode
နာမည်ကျော်ဇာတ်လမ်းတွဲ Hwayugi မင်းသမီး Oh Yeon Seo နဲ့ Kim Bum လို့နာမည် ကျော်ကြားလူကြိုက်များတဲ့တောင်ကိုရီးယားအဆိုတော်မင်းသား Kim Sang-bum တို့ဟာ ချစ်သူတွေပါလို့ အတည်ပြုပြောကြားခဲ့ကြောင်းသိရပါတယ်။
Oh Yeon Seo နဲ့ Kim Bum တို့ရဲ့အေဂျင်စီအသီးသီးက သူတို့နှစ်ယောက်ဟာ ချစ်သူတွေဖြစ်နေတဲ့အကြောင်းတရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။သူတို့
စုံတွဲဟာ မတ်လအစပိုင်းမှာပြီးဆုံးခဲ့တဲ့ Hwayugi ဇာတ်ကားရိုက်ကူးရေးအပြီးမှာ သူငယ်ချင်းတွေအဖြစ်တွေ့ဆုံခင်မင်ခဲ့ကြတာဖြစ်ပါတယ်။တွေ့ဆုံခင်မင်ပြီး
တစ်လအတွင်းမှာပဲ ချစ်သူတွေဖြစ်သွားကြပြီး အခု သူတို့ရဲ ့ချစ်သူဆက်ဆံရေးကို ပရိသတ်တွေရှေ့တရားဝင်ချပြခဲ့တာပါ။မြန်ဆန်လွန်းတဲ့အချိန်အတွင်းမှာ
ချစ်သူတွေဖြစ်သွားကြလို့ ပရိသတ်တွေကလည်း အခုလိုဒိတ်သတင်းထွက်ပေါ်လာမှုအပေါ် ရှော့ခ်ရနေကြပါတယ်။
Kim Bum ရဲ ့ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်ကလည်း သူတို့ရဲ ့ချစ်သူဆက်ဆံရေး သတင်းကိုအတည်ပြုခဲ့ပြီး သူတို့နှစ်ယောက်တွေ့ဆုံချိန်ကတစ်လလောက်ပဲရှိပေမဲ့ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်နားလည်မှုရှိခဲ့ပြီး မြန်ဆန်စွာရင်းနှီးသွားကြတာပဲဖြစ်တယ်လို့ပြောခဲ့ပါတယ်။
Oh Yeon Seo ရဲ ့ရင်းနှီးသူတစ်ယောက်ကလည်း မင်းသမီးဟာ ပရိသတ်တွေကြားထဲမှာ အနုပညာရှင်တွေကြားထဲမှာပါ သူမရဲ ့ချစ်ခင်နှစ်လိုဖွယ်ကောင်းတဲ့ရင်းနှီးပျူငှာမှုကြောင့် လူသိများကျော်ကြားပါတယ်။ဒါပေမဲ့ မင်းသမီးဟာ Kim Bum နဲ့တွေ့ဆုံပြီးတဲ့နောက် နှစ်ဆလောက်ပိုပြီး ချစ်ခင်နှစ်သက်ဖွယ်ပျူငှာလာခဲ့တယ်လို့ပြောပြခဲ့ပါတယ်။
Congratulations to this new, beautiful couple!
140 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.