၀မ္းနည္းအားငယ္ေနတဲ႔အခ်ိန္ေတြကိုုဒီလိုေျပာင္းလဲပစ္ရေအာင္

လူတိုင္းမွာ အေျကာင္းအမ်ိဳးမ်ိဳးေျကာင္႔ စိတ္ပင္ပန္းမႈေတြ၀မ္းနည္းမႈေတြရွိတတ္ျကမွာပါ။ ဘာအေျကာင္းေျကာင္႔ပဲစိတ္ပ်က္၀မ္းနည္းေနပါေစ ဒီအခ်ိန္ေတြ ဒီလို၀မ္းနည္းမႈခံစားခ်က္ေတြကို ေျဖေဖ်ာက္ဖို႕ အက်ိဳးရွိတဲ႔နည္းလမ္းေကာင္းေလးေတြရွိတယ္ဆိုတာမေမ႔ပါနဲ႕။ဆိုေတာ႔ ၀မ္းနည္းအားငယ္ေနတဲ႔အခ်ိန္ေတြကို တစ္ေယာက္တည္းေခြမေနပဲဘယ္လုိ ေျပာင္းလဲပစ္မလဲဆိုတာ…
(၁) နာက်င္မႈေတြရခဲ႔တဲ႔ေနရာကေနလံုး၀ထြက္လာခဲ႔ပါ
ကိုယ္႔အတြက္၀မ္းနည္းေျကကြဲစရာေတြျဖစ္ေစခဲ႔တဲ႔ ေနရာ ကေန အျပီးအပိုင္ရုန္းထြက္ခဲ႔ပါ။ ကိုယ္႔သူငယ္ခ်င္းအေပါင္းသင္းေတြကိုလည္းဒီနာက်င္မႈကို ျပန္ဆြဲထုတ္သလိုျဖစ္ေစမဲ႔စကားမ်ိဳးကို မေျပာမိဖို႕တားပါ။ ကိုယ္႔အတြက္ မေကာင္းတဲ႔အရာအားလံုးကိုစြန္႔ပစ္ခဲ႔ျပီး ျပန္လည္ေမြး
ဖြားပါ။
(၂) ဘ၀အတြက္တိက်ေသခ်ာတဲ႔ရည္မွန္းခ်က္ကိုပဲနွလံုးသြင္းျပီးလုပ္ေဆာင္ပါ
နာက်င္တဲ႔ေနရာေတြကေနရုန္းထြက္လာျပီဆိုရင္ ေနာက္တစ္ဆင္႔ကကိုယ္႔ဘ၀အတြက္ ထားထားတဲ႔ရည္မွန္းခ်က္ေတြ ေအာင္ျမင္မႈေတြထဲကိုပဲစိတ္နစ္ျပီး ျကိုးစားလုပ္ေဆာင္ပါ။ ရင္ထဲမွာနာက်င္ေလ ၀မ္းနည္းေလ အလုပ္ကိုပိုျကိုးစားျပီးလုပ္ေလ ျဖစ္ေအာင္ျကိုးစားပါ။
(၃) ဟာသကားေတြျကည္႔ပါ
ဟာသကားမွန္သမ်ွကို ကန္ထရိုက္ဆြဲထားပါ။ ဟာသကားေတြ ျကည္႔ျပီးကိုယ္႔စိတ္ကို ရႊင္လန္းေပ်ာ္ရႊင္ေနေအာင္ထားပါ။ ျကည္႔တာပဲ မေပ်ာ္ဘူးဆိုတာမ်ိဳးေတြျကားရတတ္ပါတယ္။ ဒါဟာ၀မ္းနည္းစိတ္ေတြကို လံုး၀မထုတ္ရေသးလုိ႕ပါ။ ဆိုေတာ႔စျကည္႔ကတည္းကစိတ္ေပါ႔ေပါ႔ပါးပါးနဲ႕ဘာအေတြးမွမထားပဲျကည္႔ပါ။
(၄) ပရိဟိတလုပ္ငန္းေလးေတြမွာတတ္နိုင္သေလာက္ေစတနာ႔၀န္ထမ္းလုပ္ပါ
အခ်ိန္ရရင္ရသလို လိုအပ္တဲ႔ေနရာေတြ မွာ ေစတနာ႕၀န္ထမ္းသြားေရာက္လုပ္ကိုင္ကူညီေပးပါ။ ကိုယ္႔ထက္အဆင္မေျပျဖစ္ေနတဲ႔သူေတြကုိယ္႔ေလာက္မွ အေအးခ်မ္းပဲဒုကၡမ်ားေနတဲ႔သူေတြကို ေတြ႕တဲ႔အခါ သူတို႕ေတာင္ ရပ္တည္ေနေသးတာပဲဆိုတဲ႔အားေတြလည္း၀င္ေစနိုင္သလို
ကုသိုလ္လည္းရအက်ိဳးရွိတဲ႔အခ်ိန္ေတြကိုလည္းပိုင္ဆုိင္ေစရမွာပါ။
(၅) အားလံုးျပီးသြားပါလိမ္႔မယ္ဆိုတဲ႔စကားကို အျမဲေျပာေျပာေပးပါ
ကိုယ္႔ကိုယ္ကိုယ္အားေပးနွစ္သိမ္႔တဲ႔အေနနဲ႕ဘယ္လိုအခက္ခဲေတြပဲျကံုလာတိုင္းျကံုလာတိုင္း အခ်ိန္တန္ရင္ျပီးသြားမွာပါ။ အခိ်န္တန္ရင္ေပ်ာ္စရာေကာင္းျဖစ္လာမွာပါ။ အခုခံစားေနရတာေတြက ဘာမဟုတ္တဲ႔ကိစၥေတြျဖစ္သြားမွာပါ ဆိုတာမ်ိဳး အျမဲေတြးျပီး ၀မ္းနည္းမႈေတြကို တိုက္ထုတ္လုိက္ပါ။
ကိုယ္႔ဘ၀ရဲ႕၀မ္းနည္းစရာေကာင္းတဲ႔ခ်ိန္ေတြကို အေပၚကအခ်က္ေလးေတြတိုင္းေျပာင္းလဲေနထိုင္လိုက္မယ္ဆိုရင္ ၀မ္းနည္းဖို႕အခ်ိန္ဆိုတာ ဘာမွန္းေတာင္သိလာေတာ႔မွာမဟုတ္ပါဘူး…

Unicode

လူတိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ပင်ပန်းမှုတွေဝမ်းနည်းမှုတွေရှိတတ်ကြမှာပါ။ ဘာအကြောင်းကြောင့်ပဲစိတ်ပျက်ဝမ်းနည်းနေပါစေ ဒီအချိန်တွေ ဒီလိုဝမ်းနည်းမှုခံစားချက်တွေကို ဖြေဖျောက်ဖို့ အကျိုးရှိတဲ့နည်းလမ်းကောင်းလေးတွေရှိတယ်ဆိုတာမမေ့ပါနဲ့။ဆိုတော့ ဝမ်းနည်းအားငယ်နေတဲ့အချိန်တွေကို တစ်ယောက်တည်းခွေမနေပဲဘယ်လို ပြောင်းလဲပစ်မလဲဆိုတာ…
(၁) နာကျင်မှုတွေရခဲ့တဲ့နေရာကနေလုံးဝထွက်လာခဲ့ပါ
ကိုယ့်အတွက်ဝမ်းနည်းကြေကွဲစရာတွေဖြစ်စေခဲ့တဲ့ နေရာ ကနေ အပြီးအပိုင်ရုန်းထွက်ခဲ့ပါ။ ကိုယ့်သူငယ်ချင်းအပေါင်းသင်းတွေကိုလည်းဒီနာကျင်မှုကို ပြန်ဆွဲထုတ်သလိုဖြစ်စေမဲ့စကားမျိုးကို မပြောမိဖို့တားပါ။ ကိုယ့်အတွက် မကောင်းတဲ့အရာအားလုံးကိုစွန့်ပစ်ခဲ့ပြီး ပြန်လည်မွေးဖွားပါ။
(၂) ဘဝအတွက်တိကျသေချာတဲ့ရည်မှန်းချက်ကိုပဲနှလုံးသွင်းပြီးလုပ်ဆောင်ပါ
နာကျင်တဲ့နေရာတွေကနေရုန်းထွက်လာပြီဆိုရင် နောက်တစ်ဆင့်ကကိုယ့်ဘဝအတွက် ထားထားတဲ့ရည်မှန်းချက်တွေ အောင်မြင်မှုတွေထဲကိုပဲစိတ်နစ်ပြီး ကြိုးစားလုပ်ဆောင်ပါ။ ရင်ထဲမှာနာကျင်လေ ဝမ်းနည်းလေ အလုပ်ကိုပိုကြိုးစားပြီးလုပ်လေ ဖြစ်အောင်ကြိုးစားပါ။
(၃) ဟာသကားတွေကြည့်ပါ
ဟာသကားမှန်သမျှကို ကန်ထရိုက်ဆွဲထားပါ။ ဟာသကားတွေ ကြည့်ပြီးကိုယ့်စိတ်ကို ရွှင်လန်းပျော်ရွှင်နေအောင်ထားပါ။ ကြည့်တာပဲ မပျော်ဘူးဆိုတာမျိုးတွေကြားရတတ်ပါတယ်။ ဒါဟာဝမ်းနည်းစိတ်တွေကို လုံးဝမထုတ်ရသေးလို့ပါ။ ဆိုတော့စကြည့်ကတည်းကစိတ်ပေါ့ပေါ့ပါးပါးနဲ့ဘာအတွေးမှမထားပဲကြည့်ပါ။
(၄) ပရိဟိတလုပ်ငန်းလေးတွေမှာတတ်နိုင်သလောက်စေတနာ့ဝန်ထမ်းလုပ်ပါ
အချိန်ရရင်ရသလို လိုအပ်တဲ့နေရာတွေ မှာ စေတနာ့ဝန်ထမ်းသွားရောက်လုပ်ကိုင်ကူညီပေးပါ။ ကိုယ့်ထက်အဆင်မပြေဖြစ်နေတဲ့သူတွေကိုယ့်လောက်မှ အအေးချမ်းပဲဒုက္ခများနေတဲ့သူတွေကို တွေ့တဲ့အခါ သူတို့တောင် ရပ်တည်နေသေးတာပဲဆိုတဲ့အားတွေလည်းဝင်စေနိုင်သလို
ကုသိုလ်လည်းရအကျိုးရှိတဲ့အချိန်တွေကိုလည်းပိုင်ဆိုင်စေရမှာပါ။
(၅) အားလုံးပြီးသွားပါလိမ့်မယ်ဆိုတဲ့စကားကို အမြဲပြောပြောပေးပါ
ကိုယ့်ကိုယ်ကိုယ်အားပေးနှစ်သိမ့်တဲ့အနေနဲ့ဘယ်လိုအခက်ခဲတွေပဲကြုံလာတိုင်းကြုံလာတိုင်း အချိန်တန်ရင်ပြီးသွားမှာပါ။ အချိန်တန်ရင်ပျော်စရာကောင်းဖြစ်လာမှာပါ။ အခုခံစားနေရတာတွေက ဘာမဟုတ်တဲ့ကိစ္စတွေဖြစ်သွားမှာပါ ဆိုတာမျိုး အမြဲတွေးပြီး ဝမ်းနည်းမှုတွေကို တိုက်ထုတ်လိုက်ပါ။
ကိုယ့်ဘဝရဲ့ဝမ်းနည်းစရာကောင်းတဲ့ချိန်တွေကို အပေါ်ကအချက်လေးတွေတိုင်းပြောင်းလဲနေထိုင်လိုက်မယ်ဆိုရင် ဝမ်းနည်းဖို့အချိန်ဆိုတာ ဘာ
မှန်းတောင်သိလာတော့မှာမဟုတ်ပါဘူး…

133 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.