အော်စကာဆိုတာ အကောင်းဆုံးသော ရုပ်ရှင်တွေအတွက် ထားရှိထားတာဖြစ်ပြီး သူ/သူမ ထိုက်တန်နေရင် ရှောင်လွှဲလို့မရနိုင်တဲ့ အာမခံချက်တစ်ခုရယ်လို့ သတ်မှတ်ထားကြပါတယ်။ သို့ပေမယ့်လည်း အရှိန်အ၀ါကြီးကြီးမားမားနဲ့ နာမည်ကျော်ကြားလာပြီး သရုပ်ဆောင် သက်တမ်းတစ်လျှောက် မှတ်တိုင်များစွာ စိုက်ထူနိုင်ခဲ့ပေမယ့် အခုအချိန်အထိ အော်စကာနဲ့ လက်ကမ်းကြိုဆိုခြင်း မခံရသေးတဲ့ အနုပညာရှင်တွေ အများကြီးရှိနေပါသေးတယ်။
ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး သူတို့ရဲ့မင်းသား အကျော်အမော်တွေဟာ ဘာကြောင့်များ တစ်ကြိမ်ပြီးတစ်ကြိမ် ထပ်ခါထပ်ခါ လွဲချော်နေရသလဲဆိုတ fans တွေအနေနဲ့ နားမလည်နိုင်အောင် ဖြစ်နေရပါတယ်တဲ့။
(၁၀) Edward Norton
Fight Club , American Histroy X, The Incredible Hulk , Moonrise Kingdom တို့ကို ရိုက်ကူးထားတဲ့ သူဟာ American History X နဲ့ အော်စကာစာရင်းမှာ ရေပန်းစားခဲ့ပြီးနောက် ယခုအချိန်ထိ မရရှိနိုင်သေးပါဘူး။ Incredible Hulk မှာ ပိုပြီးတော့တောင် လူသိများလာခဲ့ပါသေးတယ်။
(၉) Samuel Jackson
အမေရိကန်ရဲ့ လူမဲသရုပ်ဆောင်များ လက်မြှောက် ဆလံသထားရလောက်အောင် သရုပ်ဆောင် ကောင်းသူဖြစ်ပါတယ်။ ဒါပေမယ့် အကယ်ဒမီကတော့ Jackson နဲ့ လားလားမှ မသက်ဆိုင်သလိုပါပဲ။ ဖြစ်နိုင်တဲ့အကြောင်းပြချက်ကတော့ သူဟာ အဓိကဇာတ်ကောင်နေရာကို ခဲယဉ်းစွာ သရုပ်ဆောင်ထားပြီး အများအားဖြင့် ဇာတ်ပို့နေရာကသာ ပါဝင်တတ်တာကြောင့်လို့ ယူဆလို့ရပါတယ်။
(၈) Bill Murray
Murray က အထူးတလည် အားစိုက်မထုတ်ရပါဘဲ သူ့ရဲ့ ဟာသဘက်မှာ ပင်ကိုယ်ပါရမီရှိနေခြင်းနဲ့ သူ့အဆင့်အတန်းကို ဖော်ပြနိုင်ခဲ့ပြီး အော်စကာစာရင်းဝင်ခဲ့ပါတယ်။ ၂၀၀၃ မှာ Lost in Translation နဲ့ အားလုံးက အကယ်ဒမီမျှော်မှန်းထားပေမယ့် တကယ်တမ်းမှာတော့ သူကျရှုံးခဲ့ပါတယ်။ ဒီလိုဆိုတော့ အကယ်ဒမီဟာ လုံးဝကို မျက်လုံးကန်းနေလို့သာ Groundhog Day, Tootsie, Rushmore နဲ့ Hyde Park On Hudson တို့မှာပါတဲ့ သူ့ရဲ့ သရုပ်ဆောင်မှုတွေကို လျစ်လျူရှုနိုင်ခဲ့တာပေါ့လို့ ဆိုချင်စရာရှိပါတယ်။
(၇) Ed Harris
Ed Harris ရဲ့ အထင်ရှားဆုံး အချက်တစ်ခုကတော့ ဟောလီးဝုဒ်ရဲ့ အထင်ကရတစ်ဦး ဖြစ်ပြီး အော်စကာစာရင်းမှာ လေးကြိမ်တိုင်တိုင် လျာထားခြင်းခံခဲ့ရသူပါ။ ဒါပေမယ့် သူ့ရဲ့ အပြောင်မြောက်ဆုံး အချက်က ဘာလဲဆိုတာ တိတိကျကျ ထုတ်ဖော်ပြဖို့ ခဲယဉ်းလှပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Apollo 13, The Truman Show နဲ့ The Hours မှာ သရုပ်ဆောင်သွားတဲ့ သူ့ရဲ့ ပညာကတော့ အလွန်ကို အထင်ကြီးစရာကောင်းလှပြီး ဒီကားတွေနဲ့ပဲ အော်စကာစာရင်းမှာ နာမည်ကြီးခဲ့တာပါ။ သို့ပေမယ့် ရတော့မရသေးပါဘူး။
(၆) Brad Pitt
အမေရိကန်သာမက တိုင်းခြားပြည်ခြားတွေအထိ အလွန်နာမည်ကြီးလှတဲ့ သရုပ်ဆောင် တစ်ယောက်ဆိုတာ ကြားရသူတိုင်း သိကြပါတယ်။ Fight Club (1999), Oceans 11 (2011) နဲ့ Money Ball (2011) တို့လိုမျိုး များပြားလှတဲ့ တန်းဝင်ဇာတ်ကားတွေ ရှိခဲ့ပေမယ့်လည်း အခုအချိန်အထိ အော်စကာကို လက်ဝယ်ဆုပ်ကိုင်ပြနိုင်ခြင်း မရှိသေးပါဘူး။ ဒီဖြစ်ရပ်ဟာ အမှန်တကယ်တော့ အတော်ထူးဆန်းလှတယ်လို့ ဆိုရမှာပါ။
Ref:mensxp