သန့်စင်ခန်းက အညစ်ပတ်ဆုံးလို့ထင်ရပေမဲ့ တကယ်လက်တွေ့မှာ အညစ်ပတ်ဆုံးအရာတွေကတော့…
၁။ရေခဲ
၂။အလုပ်စားပွဲ
၃။ကွန်ပျူတာကီးဘုတ်
၎။ဖုန်း
လက်နဲ့ထိလိုက်၊မျက်နှာနဲ့ထိလိုက်လုပ်နေတာကြောင့် သင့်ရဲ့ ဖုန်းကနေ ဘတ်တီးရီးယားတွေမကူးအောင် နေ့တိုင်းသန့်ရှင်းရေးလုပ်ပေးဖို့မမေ့ပါနဲ့။
၅။ခန်းဆီးလိုက်ကာ
၆။ပိုက်ဆံအိတ်
၇။ခေါင်းအုံး
Unicode
သန့်စင်ခန်းက အိမ်တစ်အိမ်လုံးမှာ အညစ်ပတ်ဆုံးသောနေရာဖြစ်တယ်လို့ လူတိုင်းလိုလို ထင်ကြပါတယ်။ဒါပေမဲ့ အဲ့ဒီသန့်စင်ခန်းထက်၊အဲ့ဒီသန့်စင်ခန်းလိုပဲဘတ်တီးရီးယားပိုးပေါင်း များစွာနဲ့ညစ်ပတ်တဲ့နေရာတွေရှိပါသေးတယ်။ဘာတွေလဲဆိုရင်…
၁။ရေခဲ
ရေခဲက ဘယ်လိုဖြစ်လို့အညစ်ပတ်ဆုံးအရာဖြစ်မှာလဲလို့တွေးမိပါလိမ့်မယ်။မှန်ပါတယ်။
ရေခဲဟာ ပူအိုက်လွန်းတဲ့ ရာသီဥတုမှာ သိပ်ကိုအသုံးတည့်လွန်းတဲ့အရာတစ်ခုပါ။ဒါပေမယ့်လည်း အသင့်စားအစားအစာတွေ၊အမြန်ရနိုင်တဲ့အစားအသောက်တွေရောင်းချတဲ့ စားသောက်ဆိုင်တွေမှာ သုံးတဲ့ရေခဲတွေကတော့ ဘတ်တီးရီးယားတွေ ပါဝင်နေပြီး သန့်စင်ခန်းထဲကရေထက်ညစ်ပတ်ပါတယ်တဲ့။စားသောက်ဆိုင်ထဲမှာဆိုရင်သိတဲ့အတိုင်းရေခဲကိုပုံးတွေ၊ခွက်တွေနဲ့ထည့်ထားပြီး အလွယ်တကူလက်နဲ့ပဲ ကောက်ကိုင်ထည့်ပေးတတ်ကြတာပါ။ တစ်ချို့ဆိုင်တွေကတော့ လက်အိတ်တွေ၊ညှပ်တွေသုံးလေ့ရှိပါတယ်။
၂။အလုပ်စားပွဲ
ပုံမှန်အလုပ်စားပွဲတစ်ခုဟာ အိမ်သာထိုင်ခုံထက် ပိုပြီး ဘက်တီးရီးယားတွေ ကူးစက်ပျံ့နှံ့လွယ်ပါတယ်။နေ့တိုင်းသန့်စင်ရှင်းလင်းတာမျိုးမလုပ်ဘူးဆိုရင် အဲ့ဒီဘတ်တီးရီး
ယားတွေကြောင့် သင့်ကျန်းမာရေးကိုထိခိုက်လာစေနိုင်ပါတယ်။
၃။ကွန်ပျူတာကီးဘုတ်
ဒီနေ့ခေတ်ကြီးထဲမှာ ရုံးတိုင်းလိုလိုကွန်ပျူတာနဲ့ပဲလုပ်ကိုင်ဆောင်ရွက်နေကြတာပါ။ အဲ့ဒီလိုနေ့စဉ်အသုံးပြုနေတဲ့ကွန်ပျူတာကီးဘုတ်တွေမှာ ဘက်တီးရီးယားတွေက
ဘယ်လောက်တောင်များလဲဆိုရင် သန့်စင်ခန်းထဲက ထိုင်ခုံထက် အဆ ၂ဝဝလောက်ပိုပါတယ်တဲ့။
၄။ဖုန်း
လက်ကိုင်ဖုန်းဟာ လူသုံးအများဆုံး နေ့စဉ်သုံးပစ္စည်းတစ်ခုဖြစ်နေပါပြီ။ဖုန်းတွေကို အိတ်ထဲထည့်တယ်၊စားပွဲပေါ်တင်တယ်၊တစ်ခါတစ်လေသန့်စင်ခန်းသွားရင်တောင် ဖုန်းယူသွားတတ်ကြပါတယ်။ဖုန်းကို နေ့တိုင်း သန့်ရှင်းရေးမလုပ်ပေးရင် ဘတ်တီးရီးယားတွေက ဖုန်းမှာကပ်ငြိနေနိုင်ပါတယ်။ပုံမှန်ဆိုရင်တောင် ဖုန်းမှာရှိတဲ့ဘတ်တီးရီးယားပိုးက သန့်စင်ခန်းထဲက ဘတ်တီးရီးယားပိုးတွေထက်ဆယ်ဆ ပိုများတယ်လို့သိရပါတယ်။ဖုန်းတွေကိုလည်း
လက်နဲ့ထိလိုက်၊မျက််နှာနဲ့ထိလိုုက်လုပ်နေတာကြောင့် သင့်ရဲ ့ဖုန်းကနေ ဘတ်တီးရီးယားတွေမကူးအောင် နေ့တိုင်းသန့်ရှင်းရေးလုပ်ပေးဖို့မမေ့ပါနဲ့။
၅။ခန်းဆီးလိုက်ကာ
လိုက်ကာဟာ အိမ်ကို၊ရုံးကို အလှဆင်ပေးနိုင်တဲ့ ပစ္စည်းဖြစ်ပေမယ့် ဖုန်မှုန့်တွေက လေထုထဲမှာအမြဲရှိနေလို့ သန့်ရှင်းရေးမလုပ်ပေးဘူးဆိုရင်
လေထုထဲက ဘတ်တီးရီးယားပိုးတွေကပ်တွယ်နေတတ်ပါတယ်။အဲ့ဒါကြောင့် အိမ်မှာကာထားတဲ့ဘယ်လိုလိုက်ကာမျိုးမဆို နေ့တိုင်းသန့်ရှင်းရေးလုပ်ပေးပါ။
၆။ပိုက်ဆံအိတ်
နောက်ထပ် ဘတ်တီးရီးယားတွေသယ်ဆောင်နေတဲ့ပစ္စည်းကတော့ ပိုက်ဆံအိတ်ပါပဲ။ အပြင်ထွက်ရင်ပိုက်ဆံအိတ်က မပါမဖြစ်သလို ပိုက်ဆံအိတ်ထဲမှာ ဖုန်း ၊ ပိုက်ဆံ နဲ့ တခြား နေ့စဉ်သုံးပစ္စည်းတွေ ထည့်ယူလေ့ရှိပါတယ်။အဲ့ဒီပစ္စည်းတွေမှာလည်း ဘတ်တီးရီးယားတွေက ကပ်ငြိနေတတ်ပါတယ်။ဘတ်တီးရီးယားတွေက မျက်စိနဲ့မမြင်ရပေမဲ့ နေရာတိုင်းမှာရှိနေပါတယ်။ အဲ့ဒါကြောင့် ပိုက်ဆံအိတ်ကိုလည်းပုံမှန်သန့်ရှင်းရေးလုပ်ပေးပြီးတစ်ပတ်ကိုတစ်ခါ
လျှော်ဖွပ်တာမျိုး၊သန့်စင်နေလှန်းတာမျိုးလုပ်ပေးပါ။
၇။ခေါင်းအုံး
ကဲ ဘတ်တီးရီးယားတွေက သင်အိပ်တဲ့ခေါင်းအုံးမှာလည်းရှိနေတယ်နော်။ သန့်စင်ခန်းထဲမှာ ဘတ်တီးရီးယားတွေရှိနေသလို သင့်ခေါင်းအုံးမှာလည်းဘတ်တီးရီးယား တွေရှိနေပါတယ်။ခေါင်းအုံးစွပ်ကိုမလျှော်ပဲလပေါင်းများစွာအိပ်စက်နေမယ်ဆိုရင် ဘတ်တီးရီးယားတွေသင့်ရဲ ့မျက်နှာ၊မျက်စိ၊မျက်တောင််တွေထဲကနေတစ်ဆင့် သင့်ခန္ဓာကိုယ်အတွင်းကိုဝင်ရောက်သွားနိုင်ပါတယ်။အဲ့ဒီအခါ သင့်ကျန်းမာရေးအတွက် စိတ်မချရတော့ပါဘူး။အဲ့ဒါကြောင့်ခေါင်းအုံးစွပ်ကိုတစ်ပတ်တစ်ခါလျှော်ဖွပ်လဲလှယ်တာ ၊အိပ်ရာခင်းလျှော်ဖွပ်လဲလှယ်တာမျိုးတွေလုပ်ပေးသင့်ပါတယ်။
ကျန်းမာရေးသတိဆိုတာပိုတယ်မရှိပါဘူး။
496 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.