မင္းသမီးေခ်ာ Jun Ji Hyun နဲ႔ပတ္သက္ျပီး သင္မသိေသးတဲ႔အေၾကာင္းအရာမ်ား

Legend of the Blue Sea ဇာတ္ကားထဲက မင္းသမီးေခ်ာ Jun Ji Hyun ကိုပရိသတ္ေတြ ၾကိဳက္ႏွစ္သက္ၾကတယ္ဟုတ္! သူမရဲ ႔ေခ်ာေမာလွပတဲ႔သဘာ၀မ်က္ႏွာေလးရယ္၊ ခ်စ္စရာေကာင္းတဲ့သရုပ္ေဆာင္ခ်က္ေတြေၾကာင့္ပရိသတ္ေတြကပိုျပီးေတာ့ခ်စ္ၾကပါတယ္။ဒီဇာတ္ကားတင္မဟုတ္ My Love from the Star ဇာတ္ကားထဲမွာလည္း ခ်စ္စရာအျပဳအမူေလး ေတြေၾကာင့္ပရိသတ္ေတြအခ်စ္ပုိခဲ႔ၾကတဲ႔မင္းသမီးပါ။သူမဟာ အသက္ ၃၆ႏွစ္အရြယ္ျဖစ္ျပီး ဇန္န၀ါရီလက ဒုတိယရင္ေသြးေလးကိုေမြးဖြားခဲ႔တယ္လု႔ိသိရပါတယ္။မင္းသမီးနဲ႔ပတ္သက္လို႔ ဒီလုိ တရား၀င္ေဖာ္ျပထားတဲ႔သတင္းေတြအျပင္ ပရိသတ္အမ်ားစုမသိၾကေသးတဲ႔
အေၾကာင္းအရာေလးေတြလည္းရွိပါေသးတယ္။သင္က သူမရဲ ႔We Love တစ္ေယာက္ျဖစ္မယ္ဆုိရင္ ဒီအေၾကာင္းေလးေတြေတာ့ မျဖစ္မေနသိထားဖို႔လိုမယ္ေနာ္။
ဘာေတြလဲဆုိရင္…

၁။သူမရဲ ႔နာမည္က Jun Ji Hyun တစ္ခုပဲမဟုတ္ပါဘူး။
သူမကုိ Wang Ji Hyun လို႔လည္းသိၾကပါေသးတယ္။၁၉၉၈ခုနွစ္တုန္းက ရုိက္ကူးခဲ႔တဲ႔ Steal My Heart ဒရာမာဇာတ္လမ္းတြဲမွာပါ၀င္ခဲ႔တုန္းက ပရုိဂ်ဴဆာ Oh Jong Rok
က တျခားမင္းသမီးေတြလုိ ရုပ္ရွင္နာမည္တစ္ခုသံုးဖုိ႔အၾကံေပးခဲ႔ရာမွ အခုလို Jun Ji Hyun အျဖစ္ေနာက္ပုိင္းမွာေျပာင္းလဲခဲ႔တာျဖစ္ပါတယ္။

၂။သူမဟာ ေလယာဥ္မယ္တစ္ေယာက္ျဖစ္ခ်င္ခဲ႔တာပါတဲ့။
ရုပ္ရွင္မင္းသမီးတစ္ေယာက္မျဖစ္ခင္ သူမငယ္ရြယ္စဥ္တုန္းက ေလယာဥ္မယ္တစ္ေယာက္ ျဖစ္ခ်င္ခဲ႔တာပါတဲ႔။အသက္ ၁၆နွစ္အရြယ္မွာ သူငယ္ခ်င္းတစ္ေယာက္က ဓာတ္ပံုဆရာတစ္ေယာက္နဲ႔ မိတ္ဆက္ေပးခဲ႔ရာမွ Jun Ji Hyun က ပထမဆံုးေမာ္ဒယ္လ္အျဖစ္ စတင္လုပ္ခဲ႔တာျဖစ္ပါတယ္။

၃။“My Sassy Girl” ကားနဲ႔လူသိမ်ားလာျခင္း
၂၀၀၁ခုႏွစ္တုန္းက ရုိက္ကူးခဲ႔တဲ႔အခ်စ္ဇာတ္လမ္း “My Sassy Girl” ဇာတ္ကားဟာ ပရိသတ္ေတြၾကားမွာေရာ ကုိရီးယားခ်စ္ဇာတ္လမ္းေတြၾကားမွာပါ အခုခ်ိန္ထိေရပန္းစားေအာင္ျမင္
ေနခဲ႔တဲ႔ ဇာတ္လမ္းျဖစ္ပါတယ္။သူမဟာ ဒီဇာတ္ကားမွာ အဓိကမင္းသမီးတစ္ေယာက္အျဖစ္ ပါ၀င္သရုပ္ေဆာင္ခဲ႔ရင္း နာမည္ေက်ာ္ၾကားလာခဲ့တာပါ။

၄။Jun Ji Hyun က သူမနဲ႔အခ်ိန္အၾကာၾကီးရင္းႏွီးခဲ႔တဲ႔သူငယ္ခ်င္းျဖစ္သူနဲ႔လက္ထပ္ခဲ႔တာပါ
မင္းသမီးေခ်ာ Jun Ji Hyun ဟာ အခ်စ္ေရးမွာလည္းကံေကာင္းတဲ႔သူတစ္ေယာက္ပါ။ သူမနဲ႔အခ်ိန္အၾကာၾကီးရင္းႏွီးခဲ႔တဲ႔သူငယ္ခ်င္းအရင္းၾကီးနဲ႔ ၂၀၁၂၊ဧျပီ ၁၃ရက္မွာ လက္ထပ္ခဲ႔ပါတယ္။ပထမဆံုးသားေလးကုိေတာ့လက္ထပ္ျပီးေလးႏွစ္အၾကာမွာေမြးဖြားခဲ႔တာျဖစ္ျပီး ဒုတိယသားေလးကုိေတာ့ ၂၀၁၈၊ဇန္န၀ါရီလမွာေမြးဖြားခဲ႔ပါတယ္။သူမရဲ ႔အမ်ိဳးသားဟာ ေတာင္ကုိရီးယားက နာမည္ၾကီး Hanbok ဒီဇုိင္နာတစ္ေယာက္ျဖစ္သူ Lee Young Hee ရဲ ႔ေျမးျဖစ္တယ္လို႔သိရပါတယ္။

၅။ေဟာလိ၀ုဒ္မွာလည္း ေက်ာ္ၾကားသူတစ္ေယာက္ပါ
သူမကုိ ေဟာလိ၀ုဒ္မွာလည္း Gianna Jun အျဖစ္ သိၾကပါတယ္။၂၀၀၉ခုနွစ္တုန္းက Blood: The Last Vampire ဆိုတဲ႔ဇာတ္ကားမွာပါ၀င္သရုပ္ေဆာင္ခဲ႔ဖူးပါတယ္။ အဲ႔ဒီကားကစျပီး သူမရဲ ႔နာမည္က Gianna Jun ဆုိျပီး နာမည္ၾကီးခဲ႔တာပါ။

၆။ကုိရီးယားအႏုပညာရွင္ေတြၾကားမွာ ေရပန္းအစားဆံုးတစ္ေယာက္လည္းျဖစ္တယ္။ မင္းသမီးေခ်ာ Jun Ji Hyun ဟာ ကုိရီးယားက နာမည္ၾကီးအႏုပညာရွင္ေတြၾကားမွာ ေရပန္းအစားဆံုးမင္းသမီးတစ္လက္လည္းျဖစ္ပါတယ္။သူမနဲ႔ရုပ္ရွင္ရိုက္ခ်င္ၾကတဲ့သူေတြ ၊ေၾကာ္ျငာရုိက္ခ်င္ၾကတဲ့သူေတြအမ်ားၾကီးရွိပါတယ္။သူမကုိ နာမည္ၾကီး Samsung ၊ Lotte Duty Free စတဲ႔အမွတ္တံဆိပ္ေတြအျပင္တရုတ္ႏုိင္ငံကပါ သူတို႔နဲ႔ေၾက္ာျငာရုိက္ဖို ကမ္းလွမ္းခဲ႔ၾကတဲ႔သူတစ္ေယာက္ပါ။သူမရိုက္ကူးခဲ႔တဲ႔ ေၾကာ္ျငာ ၁၄ခုေက်ာ္အတြက္ ယူအက္စ္ဒီေဒၚလာ၁၁၅၀၀၀၀၀ မီလံယံေတာင္၀င္ေငြရရွိခဲ႔တယ္လို႔သိရပါတယ္။

Unicode

Legend of the Blue Sea ဇာတ်ကားထဲက မင်းသမီးချော Jun Ji Hyun ကိုပရိသတ်တွေ ကြိုက်နှစ်သက်ကြတယ်ဟုတ်! သူမရဲ ့ချောမောလှပတဲ့သဘာဝမျက်နှာလေးရယ်၊ ချစ်စရာကောင်းတဲ့သရုပ်ဆောင်ချက်တွေကြောင့်ပရိသတ်တွေကပိုပြီးတော့ချစ်ကြပါတယ်။ဒီဇာတ်ကားတင်မဟုတ် My Love from the Star ဇာတ်ကားထဲမှာလည်း ချစ်စရာအပြုအမူလေး တွေကြောင့်ပရိသတ်တွေအချစ်ပိုခဲ့ကြတဲ့မင်းသမီးပါ။သူမဟာ အသက် ၃၆နှစ်အရွယ်ဖြစ်ပြီး ဇန်နဝါရီလက ဒုတိယရင်သွေးလေးကိုမွေးဖွားခဲ့တယ်လို့သိရပါတယ်။မင်းသမီးနဲ့ပတ်သက်လို့ ဒီလို တရားဝင်ဖော်ပြထားတဲ့သတင်းတွေအပြင် ပရိသတ်အများစုမသိကြသေးတဲ့
အကြောင်းအရာလေးတွေလည်းရှိပါသေးတယ်။သင်က သူမရဲ ့We Love တစ်ယောက်ဖြစ်မယ်ဆိုရင် ဒီအကြောင်းလေးတွေတော့ မဖြစ်မနေသိထားဖို့လိုမယ်နော်။
ဘာတွေလဲဆိုရင်…

၁။သူမရဲ ့နာမည်က Jun Ji Hyun တစ်ခုပဲမဟုတ်ပါဘူး။
သူမကို Wang Ji Hyun လို့လည်းသိကြပါသေးတယ်။၁၉၉၈ခုနှစ်တုန်းက ရိုက်ကူးခဲ့တဲ့ Steal My Heart ဒရာမာဇာတ်လမ်းတွဲမှာပါဝင်ခဲ့တုန်းက ပရိုဂျူဆာ Oh Jong Rok
က တခြားမင်းသမီးတွေလို ရုပ်ရှင်နာမည်တစ်ခုသုံးဖို့အကြံပေးခဲ့ရာမှ အခုလို Jun Ji Hyun အဖြစ်နောက်ပိုင်းမှာပြောင်းလဲခဲ့တာဖြစ်ပါတယ်။

၂။သူမဟာ လေယာဉ်မယ်တစ်ယောက်ဖြစ်ချင်ခဲ့တာပါတဲ့။
ရုပ်ရှင်မင်းသမီးတစ်ယောက်မဖြစ်ခင် သူမငယ်ရွယ်စဉ်တုန်းက လေယာဉ်မယ်တစ်ယောက် ဖြစ်ချင်ခဲ့တာပါတဲ့။အသက် ၁၆နှစ်အရွယ်မှာ သူငယ်ချင်းတစ်ယောက်က ဓာတ်ပုံဆရာတစ်ယောက်နဲ့ မိတ်ဆက်ပေးခဲ့ရာမှ Jun Ji Hyun က ပထမဆုံးမော်ဒယ်လ်အဖြစ် စတင်လုပ်ခဲ့တာဖြစ်ပါတယ်။

၃။“My Sassy Girl” ကားနဲ့လူသိများလာခြင်း
၂၀၀၁ခုနှစ်တုန်းက ရိုက်ကူးခဲ့တဲ့အချစ်ဇာတ်လမ်း “My Sassy Girl” ဇာတ်ကားဟာ ပရိသတ်တွေကြားမှာရော ကိုရီးယားချစ်ဇာတ်လမ်းတွေကြားမှာပါ အခုချိန်ထိရေပန်းစားအောင်မြင်
နေခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။သူမဟာ ဒီဇာတ်ကားမှာ အဓိကမင်းသမီးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရင်း နာမည်ကျော်ကြားလာခဲ့တာပါ။

၄။Jun Ji Hyun က သူမနဲ့အချိန်အကြာကြီးရင်းနှီးခဲ့တဲ့သူငယ်ချင်းဖြစ်သူနဲ့လက်ထပ်ခဲ့တာပါ
မင်းသမီးချော Jun Ji Hyun ဟာ အချစ်ရေးမှာလည်းကံကောင်းတဲ့သူတစ်ယောက်ပါ။ သူမနဲ့အချိန်အကြာကြီးရင်းနှီးခဲ့တဲ့သူငယ်ချင်းအရင်းကြီးနဲ့ ၂၀၁၂၊ဧပြီ ၁၃ရက်မှာ လက်ထပ်ခဲ့ပါတယ်။ပထမဆုံးသားလေးကိုတော့လက်ထပ်ပြီးလေးနှစ်အကြာမှာမွေးဖွားခဲ့တာဖြစ်ပြီး ဒုတိယသားလေးကိုတော့ ၂၀၁၈၊ဇန်နဝါရီလမှာမွေးဖွားခဲ့ပါတယ်။သူမရဲ ့အမျိုးသားဟာ တောင်ကိုရီးယားက နာမည်ကြီး Hanbok ဒီဇိုင်နာတစ်ယောက်ဖြစ်သူ Lee Young Hee ရဲ ့မြေးဖြစ်တယ်လို့
သိရပါတယ်။

၅။ဟောလိဝုဒ်မှာလည်း ကျော်ကြားသူတစ်ယောက်ပါ
သူမကို ဟောလိဝုဒ်မှာလည်း Gianna Jun အဖြစ် သိကြပါတယ်။၂၀၀၉ခုနှစ်တုန်းက Blood: The Last Vampire ဆိုတဲ့ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ အဲ့ဒီကားကစပြီး သူမရဲ ့နာမည်က Gianna Jun ဆိုပြီး နာမည်ကြီးခဲ့တာပါ။

၆။ကိုရီးယားအနုပညာရှင်တွေကြားမှာ ရေပန်းအစားဆုံးတစ်ယောက်လည်းဖြစ်တယ်။ မင်းသမီးချော Jun Ji Hyun ဟာ ကိုရီးယားက နာမည်ကြီးအနုပညာရှင်တွေကြားမှာ ရေပန်းအစားဆုံးမင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။သူမနဲ့ရုပ်ရှင်ရိုက်ချင်ကြတဲ့သူတွေ ၊ကြော်ငြာရိုက်ချင်ကြတဲ့သူတွေအများကြီးရှိပါတယ်။သူမကို နာမည်ကြီး Samsung ၊ Lotte Duty Free စတဲ့အမှတ်တံဆိပ်တွေအပြင်တရုတ်နိုင်ငံကပါ သူတို့နဲ့ကြေ်ာငြာရိုက်ဖို ကမ်းလှမ်းခဲ့ကြတဲ့သူတစ်ယောက်ပါ။သူမရိုက်ကူးခဲ့တဲ့ ကြော်ငြာ ၁၄ခုကျော်အတွက် ယူအက်စ်ဒီဒေါ်လာ၁၁၅၀၀၀၀၀ မီလံယံတောင်ဝင်ငွေရရှိခဲ့တယ်လို့သိရပါတယ်။

551 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.