အက္ရွင္ဇာတ္ကားေကာင္းၾကိဳက္သူေတြအတြက္ Vin Diesel ရဲ ႔ Return of Xander Cage

အခုတစ္ခါမွာေတာ့ အက္ရွင္ဇာတ္ကားေကာင္းၾကိဳက္သူေတြအတြက္ ဇာတ္ကားေကာင္းေလး တစ္ကားနဲ႔မိတ္ဆက္ေပးခ်င္ပါတယ္။နာမည္ေက်ာ္ရုပ္ရွင္မင္းသားၾကီး Vin Diesel ရဲ ႔ “xXx: Return of Xander Cage” ဆုိတဲ႔ကားပါ။၂၀၀၂ ခုႏွစ္တုန္းက xXx ၊၂၀၀၅ခုႏွစ္တုန္းက xXx:State of the Unionဆုိတဲ႔ဇာတ္ကားထြက္ရွိျပီး ၁၀နွစ္ေက်ာ္ၾကာမွ ျပန္လည္ထြက္ရွိခဲ႔တဲ႔ ေနာက္ဆက္တြဲဇာတ္ကားလည္းျဖစ္ပါတယ္။

“Return of Xander Cage” ဇာတ္ကားကုိ ဒါရုိက္တာ D.J Caruso ရုိက္ကူးျပီး F.Scott Frazier ေရးသားခဲ႔တဲ႔ဇာတ္ညႊန္းျဖစ္ပါတယ္။ဒီဇာတ္ကားမွာပါ၀င္သူေတြကေတာ့
နာမည္ေက်ာ္အႏုပညာရွင္ေတြျဖစ္ၾကတဲ႔ Vin Diesel ၊ Donnie Yen ၊ ေဘာလိ၀ုဒ္မင္းသမီး Deepika Padukone ၊တရုတ္နဲ႔ကေနဒီယမ္စပ္မင္းသား၊အဆိုေတာ္ Kris Wu ၊
Ruby Rose ၊ Tony Jaa ၊Nina Dobrev ၊Toni Collette ၊ Ariadna Gutiérrez ၊ Hermione Corfield နဲ႔ Samuel L. Jackson တို႔ကအဓိကပါ၀င္ သရုပ္ေဆာင္ ထားၾကပါတယ္။ဒီဇာတ္ကားကုိ ၂၀၁၇၊ဇန္န၀ါရီ ၅ရက္ေန႔က မက္စီကုိ၊ဇန္န၀ါရီ ၂၀ရက္ေန႔က ယူအက္စ္ျပည္နယ္ေတြမွာ ျပသခဲ႔တာျဖစ္ျပီး ကုန္က်ေငြ ေဒၚလာ ၈၅မီလီယံကုိ
ေက်ာ္လြန္ကာ ေဒၚလာ ၃၄၆ မီလီယံရရွိခဲ႔တဲ႔ အက္ရွင္ဇာတ္လမ္းေကာင္းတစ္ခုပဲျဖစ္ပါတယ္။

ဇာတ္လမ္းအက်ဥ္းကေတာ့ ျဂိဳလ္တုတစ္လံုးပ်က္က်ျပိးေနာက္ အနီးအနားအရာေတြအထိ ေပါက္ကြဲပ်က္စီးကာ ေနာက္ဆက္တြဲအက်ိဳးဆက္ဆုိးက်ိဳးေတြမ်ားစြာျဖစ္ေပၚလာခဲ႔ပါတယ္။ အဲ႔ဒီေနာက္မွာေတာ့ Donnie Yen ၊ Deepika Padukone ၊ Michael Bisping နဲ႔ Tony Jaa တုိ႔က “Pandora’s Box” လုိ႔ေခၚတဲ႔ျဂိဳလ္တုကုိထိန္းခ်ဳပ္ႏုိင္တဲ႔စက္ပစၥည္းတစ္ခု ကုိခိုးယူခဲ႔ပါတယ္။ မင္းသားၾကီး Vin Diesel ကေတာ့အဲ႔ဒီစက္ကုိျပန္ျပီးရွာေဖြယူေပးရတဲ႔သူ တစ္ေယာက္အျဖစ္ပါ၀င္သရုပ္ေဆာင္ထားပါတယ္။ သူ႔ရဲ ႔ကုိယ္ပုိင္အဖြဲ႔ထဲမွာေတာ့ Ruby Rose ၊ Kris Wu နဲ႔ Rory McCann ဆုိတဲ႔အဖြဲ႔၀င္ေတြရွိျပီး သူတို႔နဲ႔အတူ “Pandora’s Box”
ကုိျပန္လည္ရွာေဖြရမွာပါ။တကယ့္ကြ်မ္းက်င္လူဆိုးဂုိဏ္းစတားေတြနဲ႔ယွဥ္ျပိဳင္တိုက္ခိုက္ၾကမွာျဖစ္ျပီး ေနာက္ပုိင္းသူတုိ႔ႏွစ္ဖြဲ႔ဘယ္လိုေတြေျပာင္းလဲသြားမလဲဆုိတာ ရင္ခုုန္စြာၾကည့္ရႈေပးၾကပါဦး။ အက္ရွင္ကားၾကိဳက္သူေတြအတြက္ မ်က္ေတာင္မခတ္ႏုိင္ေလာက္ေအာင္ ၾကည့္ရႈခံစားရမယ့္ဇာတ္ကားေကာင္းေလးပဲျဖစ္ပါတယ္။ဇာတ္လမ္းအက်ဥ္းေလးေျပာျပျပီးသြားျပီျဖစ္လို႔ ပရိသတ္ေတြခံစားၾကည့္ရႈႏုိင္ေအာင္ trailer ေလးေဖာ္ျပေပးလိုက္ပါတယ္။

Unicode

အခုတစ်ခါမှာတော့ အက်ရှင်ဇာတ်ကားကောင်းကြိုက်သူတွေအတွက် ဇာတ်ကားကောင်းလေး တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။နာမည်ကျော်ရုပ်ရှင်မင်းသားကြီး Vin Diesel ရဲ ့ “xXx: Return of Xander Cage” ဆိုတဲ့ကားပါ။၂၀၀၂ ခုနှစ်တုန်းက xXx ၊၂၀၀၅ခုနှစ်တုန်းက xXx:State of the Unionဆိုတဲ့ဇာတ်ကားထွက်ရှိပြီး ၁ဝနှစ်ကျော်ကြာမှ ပြန်လည်ထွက်ရှိခဲ့တဲ့ နောက်ဆက်တွဲဇာတ်ကားလည်းဖြစ်ပါတယ်။

“Return of Xander Cage” ဇာတ်ကားကို ဒါရိုက်တာ D.J Caruso ရိုက်ကူးပြီး F.Scott Frazier ရေးသားခဲ့တဲ့ဇာတ်ညွှန်းဖြစ်ပါတယ်။ဒီဇာတ်ကားမှာပါဝင်သူတွေကတော့
နာမည်ကျော်အနုပညာရှင်တွေဖြစ်ကြတဲ့ Vin Diesel ၊ Donnie Yen ၊ ဘောလိဝုဒ်မင်းသမီး Deepika Padukone ၊တရုတ်နဲ့ကနေဒီယမ်စပ်မင်းသား၊အဆိုတော် Kris Wu ၊
Ruby Rose ၊ Tony Jaa ၊Nina Dobrev ၊Toni Collette ၊ Ariadna Gutiérrez ၊ Hermione Corfield နဲ့ Samuel L. Jackson တို့ကအဓိကပါဝင် သရုပ်ဆောင် ထားကြပါတယ်။ဒီဇာတ်ကားကို ၂၀၁၇၊ဇန်နဝါရီ ၅ရက်နေ့က မက်စီကို၊ဇန်နဝါရီ ၂ဝရက်နေ့က ယူအက်စ်ပြည်နယ်တွေမှာ ပြသခဲ့တာဖြစ်ပြီး ကုန်ကျငွေ ဒေါ်လာ ၈၅မီလီယံကို
ကျော်လွန်ကာ ဒေါ်လာ ၃၄၆ မီလီယံရရှိခဲ့တဲ့ အက်ရှင်ဇာတ်လမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ဂြိုလ်တုတစ်လုံးပျက်ကျပြိးနောက် အနီးအနားအရာတွေအထိ ပေါက်ကွဲပျက်စီးကာ နောက်ဆက်တွဲအကျိုးဆက်ဆိုးကျိုးတွေများစွာဖြစ်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Donnie Yen ၊ Deepika Padukone ၊ Michael Bisping နဲ့ Tony Jaa တို့က “Pandora’s Box” လို့ခေါ်တဲ့ဂြိုလ်တုကိုထိန်းချုပ်နိုင်တဲ့စက်ပစ္စည်းတစ်ခု ကိုခိုးယူခဲ့ပါတယ်။ မင်းသားကြီး Vin Diesel ကတော့အဲ့ဒီစက်ကိုပြန်ပြီးရှာဖွေယူပေးရတဲ့သူ တစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူ့ရဲ ့ကိုယ်ပိုင်အဖွဲ့ထဲမှာတော့ Ruby Rose ၊ Kris Wu နဲ့ Rory McCann ဆိုတဲ့အဖွဲ့ဝင်တွေရှိပြီး သူတို့နဲ့အတူ “Pandora’s Box”
ကိုပြန်လည်ရှာဖွေရမှာပါ။တကယ့်ကျွမ်းကျင်လူဆိုးဂိုဏ်းစတားတွေနဲ့ယှဉ်ပြိုင်တိုက်ခိုက်ကြမှာဖြစ်လို့ အက်ရှင်ကားကြိုက်သူတွေအတွက်မျက်တောင်မခတ်နိုင်လောက်အောင် ကြည့်ရှုခံစားရမယ့်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးပြောပြပြီးသွားပြီဖြစ်လို့ ပရိသတ်တွေခံစားကြည့်ရှုနိုင်အောင် trailer လေးဖော်ပြပေးလိုက်ပါတယ်။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.