ယောက္ခမကြီးဆီကအချစ်တွေကိုသိမ်းပိုက်ရအောင်…
(၄) ဂရုတစိုက်နေပေးပါ
Unicode
တော်တော်များများပြောကြတာတော့ ယောက္ခမနဲ့ချွေးမဆိုတာ ဘယ်တော့မှတည့်တယ်ရယ်မရှိဘူးလို့ပြောစမှတ်ပြုကြပါတယ်။တစ်ချို့ကျတော့လည်းဒီ စကားနဲ့တပ်တပ်ဆင်အောင်လွဲပြီးသမီးနဲ့အမေအရင်းဆက်ဆံမှုထက်တောင် ချစ်တတ်ကြတဲ့သူတွေရှိပါတယ်။ ဆိုတော့ ကိုယ်ယောက္ခမကြီးရဲ့အချစ်တွေကို သိမ်းဖို့ဘယ်လိုအချက်လေးတွေလိုလဲဆိုတာ…
(၁) စိတ်ရင်းမှန်နဲ့ မေတ္တာထားပါ
ဒါကတော့ရိုးရှင်းပါတယ်။ ဘယ်သူမဆို စိတ်ရင်းနဲ့ဆက်ဆံရင်တော့ မေတ္တာရောင်ပြန်ဟပ်တတ်ကြတာပါပဲ။ ကိုယ့်ယောက္ခမအပေါ်မှာသူဘယ်လိုကိုယ့်အပေါ်အမြင်စောင်းစောင်းကို်ယ့်ဘက် ကသားသမီးဝတ္တရား မပြတ် မေတ္တာ မပြတ် သဘောထားကြီးကြီး စိတ်ရင်းမှန်တဲ့ဆက်ဆံတဲ့အခါ တန်ပြန်သက်ရောက်မှုကိုခံစားရမှာမုတ်ချမလွဲပါပဲ။
(၂) သူငယ်ချင်းလို နေထိုင်ပေးပါ
သားယောကျ်ားလေးက ယောကျ်ားလေးမို့လည်းကောင်း အလုပ်တွေကြောင့်မို့လည်းကောင်း မိခင်ကို အဖော်မပြုပေးတတ်ကြပါဘူး၊ဒီလို အချိန်မှာချွေးမဖြစ်သူက တတ်နိုင်သလောက် ဆိုးတူကောင်းဖက် တိုင်ပင်ဖော်တိုင်ပင်ဖက် သူငယ်ချင်းတစ်ယောက်လိုနေထိုင်ပေးဖို့လိုပါတယ်။ရိုသေတာရိုသေတာတစ်ကြောင်းပါ ကိုယ့်ယောက္ခမကို အမေလိုပဲသဘောထားပြီး တစ်ယောက်အခက်အခဲတစ်ယောက်တိုင်ပင်တာဟာ အချိန်ကြာတာနဲ့အမျှ တစ်ယောက်ပေါ်တစ်ယောက်ပိုသံယောဇဉ်တွယ်လာစေပါတယ်။
(၃) အချစ်ကိုမလုယူကြောင်းပြပါ
အဓိကသားယောကျ်ားလေး မိခင်တွေကြောက်တဲ့အရာဟာ သူတို့သား ကမဘက်လိုက်ပြီးမိဘကို မချစ်တော့မှာ အချစ်လျော့မှာကိုပါပဲ။ဒါကြောင့် သူတို့သားအမိ ချစ်ခြင်းကြားမပါတဲ့ဖြစ်ကြောင်း ကိုယ့် ယောကျ်ားဟာ သူ့မိဘ သူ့မိခင်ပြီးမှ ကိုယ့်က ဒုတိယ အရေးပါကြောင်းသက်သေပြပါ။ယောက္ခမနဲ့ယှဉ်ပြီးယောကျ်ားဆီက အချစ်ကို မလုမိပါစေနဲ့။ သူ့သားကသူ့အမေကို ဂရုစိုက်လေ ကိုယ်ကသဘောကျလေဖြစ်အောင်ကြိုးစားပါ။
(၄) ဂရုတစိုက်နေပေးပါ
မိန်းမတွေရဲ့စိတ်ကိုမိန်းမချင်းပဲနားလည်တယ်ဆိုတာ အမှန်ပါပဲ။ တစ်ချိန်ကိုယ်လည်းအမေနေရာယောက္ခမနေရာရောက်လာအုံးမှာမလို့ ပိုပြီး ကိုယ့်ယောက္ခမစိတ်ကိုနားလည်ပေးသင့်ပါတယ်။ သူစိတ်ထဲမှာ ဘာပြောချင်တယ် ဘာကိုပြောမထွက်ဘူးဖြစ်နေတယ်ဆိုတာကို ကိုယ်ချင်းစာတွေးတောပေးပြီး အလိုက်တသိဂရုစိုက်ပေးရင်နောက်ဆို သမီးလေး သမီးလေးဖြစ်နေတော့မှာ အမှန်ပါပဲ။
(၅) သားသမီးရတနာထွန်းကားအောင်ကြိုးစားပါ
သားအချစ်မြေးအနှစ်ဆိုတဲ့စကားကြီးက သိပ်ကိုမှန်တဲ့စကားပါ။ သားသမီးကို မတရားချစ်တတ်တဲ့မိခင်ဟာမြေးလေးတွေကို ပိုတောင်ဖူးဖူး မှုတ်မတတ်ချစ်ပြီးလိုချင်ကြပါတယ်။ ဆိုတော့ ကိုယ့်ယောက္ခမကြီးရဲ့အချစ်တော်ကြီးဖြစ်စေဖို့သူ့အတွက် သားသမီးရတနာလေးတွေကို ထွန်းကားအောင်ကြိုးစားပေးဖို့လိုပါတယ်။ သူတို့ချစ်ရမဲ့မြေးလေးတွေများမွေးပေးခဲ့ရင် သမီးရယ်ပင်ပန်သွားပြီကျေးဇူးပါဆိုပြီး ပီတိမျက်လုံးတွေနဲ့ကိုယ့်ကို ကြည့်နေမိမှာ ဒီမေမေယောက္ခမတွေပါပဲ။
တကယ်တော့ သားကိုချစ်လွန်းရင်းနဲ့ ချွေးမတွေကို မုန်းသယောင်ယောင်ဖြစ်သွားတဲ့ယောက္ခမတွေဟာ တစ်ကယ်တော့ မိခင်စိတ် အပြည့်အဝရှိတတ်ကြသူတွေမို့ကိုယ့်ဘက်ကသာ မေတ္တာထားဆက်ဆံရင် ပျော်စရာကာင်းတဲ့ အမေနဲ့သမီးဆက်ဆံရေးဖြစ်သွားနိုင်ပါတယ်…
1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.