Crushနဲ့ချစ်ရသူရဲ့မတူညီတဲ့ အချက်လေးတွေဆိုတာ
Unicode
တစ်ခါတလေတော့ တူတူပဲလို့ထင်ရပင်မဲ့ Crushရတာနဲ့ချစ်ရတာ ခံစားချက်ချင်းက ကွာခြားချက်တွေ အများကြီးပါ ။ တစ်ချို့သောသူတွေက Crushတာနဲ့ချစ်တာကို ရောထွေးနေတတ်ကြပါတယ်။ Crush ရင်းနဲ့လည်းချစ်သွားနိင်ပင်မဲ့ အဲ့အဆင့်မရောက်ခင်မှာတော့ Crushတာနဲ့ချစ်တာကြားမှာ မတူညီတဲ့ကွဲပြားခြားနားချက်တွေအများကြီးရှိပါတယ်။ ဆိုတော့ ကိုယ်လူတစ်ယောက်ပေါ်ထားတဲ့စိတ်ကို ဘယ်လိုအချက်လေးတွေကနေတိတိကျကျသိနိင်သလဲဆိုတာ…
(၁) ပိုင်ဆိုင်လိုစိတ်ရှိတယ်/ မပိုင်ဆိုင်လည်းအေးဆေးပဲ
လူတစ်ယောက်ကို တကယ်ချစ်မိနေပြီဆိုရင် အဲ့လူကို ပိုင်ဆိုင်ချင်ကြတာ လူတိုင်းရဲ့သဘာဝအတ္တပါ။ ကိုယ်ချစ်ရသူကိုပိုင်ဆိုင်ဖို့အတွက်အပတ်တစ်ကုတ်ကြိုးစားတတ်ကြပါတယ်။ မာနတွေ အသာထား ဆိုတဲ့စိတ်နဲ့ ချစ်တဲ့သူကို ပိုင်ဆိုင်ဖို့ အစွမ်းကုန် သူ့ဘက်ကလက်ခံလာတဲ့အထိ
ကြိုးစားတတ်ကြပါတယ်။ ဒါဟာ တကယ်ချစ်မိနေတာပါ။ CrushရုံCrush မိတဲ့သူကတော့ ဒီလောက်ထိ ကြိုးစားပြီး အချိန်ပေးလေ့မရှိပါဘူး။Crushရုံ Crush တာဟာ အလှကြည့်ရုံသက်သက် ပိုင်ဆိုင်ရတာ မရတာ အသာထား သူနဲ့စာလေးတွေပို့မယ်စကားလေးတွေပြောမယ် ဒီလောက်နဲ့
တင်ပြီးနေတတ်တာပါ။ ရင်ထဲမှာချစ်တဲ့စိတ်ကို အပြည့်အဝမခံစားရသေးတာကြောင့် သိပ်ပြီး ကြိုးစားပမ်းစား အချိန်ပေးလေ့မရှိတတ်ကြပါဘူး။
(၂) စိတ်နှစ်ပြီးလိုက်ခံစားတယ်/ပေါ့ပေါ့ပါးပါးပဲ
တကယ်ချစ်မိသွားတဲ့သူဟာ တစ်ဖက်လူပြောသမျှ လုပ်သမျှ ကို အသေးစိတ်လိုက်ခံစားပြီး စိတ်နှစ်တွေးတတ်တဲ့သူပါ။ ဟိုကပြောလိုက်တဲ့စကားတစ်ခွွန်းကအစ သေးစိတ်မှတ်ထားတတ်ပြီး စိတ်နှစ်ခံစားတတ်တဲ့သူမျိုးပါ။ Crush တယ်ဆိုတာကတော့ တစ်ဖက်ကပြောတဲ့စကားတစ်ခွန်းကို
ဝမ်းနည်းရင်သာဝမ်းနည်းမှာ အစားနဲ့ပါးစပ်ပြတ်မှာ မဟုတ်သလို ထူးထူးခြားခြားကြီးခံစားကြေကွဲတတ်မှာ မဟုတ်ပါဘူး။ ကိုယ့်သိက္ခာ မာနတွေအကျခံလောက်အောင်ထိ လူတစ်ယောက်ကို တွယ်ကပ်မနေဘူးဆိုတဲ့ အတွေးမျိုးတွေနဲ့ပဲရှိတတ်ကြပါတယ်။
(၃) ဘာလုပ်ပေးရင်ကောင်းမလဲတွေးတတ်တယ် / သနားရုံလောက်ပဲ
ကိုယ်ချစ်ရသူတစ်ခုခုဖြစ်တဲ့အခါ တကယ်ချစ်မိတဲ့သူတွေဟာ ဘာလုပ်ပေးရင်ကောင်းမလဲ ဆိုတာမျိုးတွေးပြီး လုပ်ပေးတတ်ကြပါတယ်။ ကိုယ့်အတွက် အချိန်ပုပ်တယ် နစ်နာတယ်သဘောမထားပဲ ဘာလိုလုပ်ပေးရမလဲဆိုတာမျိုးပဲစိတ်ပူပြီးတွေးပေးနေတတ်ပါတယ်။ Crushမိရုံလူကတော့ သနားပါတယ်..စိတ်ပူလိုုက်တာ ဘယ်လိုနေပါလိမ့် ဒီလောက်ပဲတွေးပူပေးတတ်ပါတယ်။ တစ်ခါတရံအခွင့်ကြုံရင်တော့ကူညီပေးလိုက်တာပေါ့။တကူးတကရယ်တော့ ပေးဆပ်ပြီးလုပ်ပေးနေတာမျိုးမဟုတ်ပါဘူး။
(၄) သူများနဲ့တွဲသွားရင်…သဝန်တအားတိုတယ်၊ စိတ်ပူတတ်တယ် / အားကျရုံလောက်ပဲ
တကယ်လို့များကိုယ်ချစ်ရသူက တစ်ခြားတစ်ယောက်နောက်ပါသွားရင် သဝန်တွေတိုုပြီး စိတ်ပူတတ်ပါတယ်။ ဟိုတစ်ယောက်ကသူ့လိုမှချစ်နိုင်ပါ့မလားသူ့လိုမှ ဂရုစိုက်နိုင်ပါ့မလား၊ သူ့လိုမှစောင့်ရှောက်နိုင်ပါ့မလား စသည်ဖြင့်ပေါ့ ချစ်တဲ့စိတ်နဲ့အဆင်ပြေပါ့မလားဆိုတာကိုထိုင်စိတ်ပူနေတတ်ကြတာပါ။ ကိုယ်Crush တဲ့သူက တစ်ခြားသူနောက်ပါသွားရင်တော့ သဝန်တိုအားကျရုံလောက်ပါပဲ။ ကိုယ့်Crush ကိုသဝန်တိုမယ်၊ သူတို့RS ကိုအားကျမယ်၊ တစ်ခါတလေသူ့ချစ်သူနေရာမှာ ငါသာဆိုဘယ်လို ဆိုတာမျိုးတွေပြောဖြစ်မယ် စသည်ဖြင့်ပေါ့ ။ ပေါ့ပေါ့ပါးပါးနဲ့ဘယ်သူ့နောက်ပါသွားပါသွား သိပ်တော့ မခံစားတတ်ကြပါဘူး။
(၅) ရင်ထဲကထုတ်ပစ်လို့မရဘူး/ Crush အပြောင်းအလဲများတယ်
တကယ်ချစ်ရင် ရင်ထဲကချက်ချင်းထုတ်ပစ် မေ့ပစ်လို့မရပါဘူး။ စိတ်ထဲမှာနေရာယူထားပြီးသားလူတစ်ယောက် ကိုချက်ချင်းဖျောက်ပစ်ဖို့ဆိုတာ အပြောသာလွယ်တာပါ။ Crush မိရုံလေးဆိုရင်တော့ တစ်ယောက် ကိုမေ့သင့်ရင်မေ့ပြီး မကြာခင် နောက်တစ်ယောက်ကိုပြောင်းCrushဖို့လည်း ဝန်မလေးတတ်ပါဘူး။
Crushတိုင်း ကမချစ်တတ်ဘူးလို့မဆိုလိုဘူးနော် … Crushရင်းနဲ့ချစ်မိနေတဲ့သူတွေလည်း အများကြီးပါ။ ဆိုတော့ လူတစ်ယောက်ကို ကိုယ့်စိတ်ထဲမှာပေါ့ပေါ့ပါးပါးလေးCrushမိနေတာလား၊
လေးလေးနက်နက်ချစ်မိနေတာလားဆိုတာ ကွဲကွဲပြားပြားသိရှိစေနိုင်ဖို့ရည်ရွယ်ရင်း…
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.