သင့္ကုိ ျပန္မခ်စ္ႏုိင္တဲ႔လူတစ္ေယာက္ကုိေမ့ပစ္ဖုိ႔ခက္ခဲေနရင္ ဒီနည္းလမ္းေတြအတိုင္းေနၾကည့္ပါ

တစ္စံုတစ္ေယာက္ကုိခ်စ္မိသြားတယ္ဆုိတာ စိတ္လႈပ္ရွားၾကည္ႏူးစရာတစ္ခုပါ။ဒါေပမဲ႔လည္း အဲ႔ဒီတစ္စံုတစ္ေယာက္က တစ္ဖက္သတ္ပဲခ်စ္ရသူျဖစ္ျပီး သင့္အေပၚျပန္ျပီးမတုံ႔ျပန္တဲ႔အခါ မေပ်ာ္ရႊင္မႈေတြ၊စိတ္မခ်မ္းသာမႈေတြ၊ကုိယ့္ကုိယ္ကုိစိတ္မေက်နပ္မႈေတြျဖစ္လာႏုိင္ပါတယ္။အခ်စ္္ဆိုတာႏူးညံ႔ခ်ိဳျမိန္တဲ႔ခံစားခ်က္ျဖစ္လို႔ကုိယ့္အေပၚေမတၱာမတံု႔ျပန္တဲ႔သူကုိအျပစ္မဆုိုသာေပမဲ့လည္း ေမ့ပစ္ဖို႔က်ေတာ့လည္း ခက္ခဲတယ္မဟုတ္လား?ေမ့လိုက္ေတာ့မယ္ဆုိေပမဲ႔လည္း သူ႔နာမည္ျမင္ရင္၊ၾကားရင္ကုိ အေျပးေလးသူဘာလုပ္ေနမလဲစံုစမ္းလုိက္ရမွဆုိတဲ႔ပ်ိဳေမေတြ လည္းရွိၾကပါတယ္။ဒါေပမဲ႔ ကုိယ့္အေပၚျပန္ခ်စ္ဖုိ႔အလားအလာမရွိဘူးဆုိရင္ သူတစ္ေယာက္တည္းကုိပဲအာရံုစုိက္၊ေစာင့္ေမ်ွာ္ေနတာမ်ိဳးမျဖစ္သင့္ေတာ့ပါဘူး။လူတုိင္းကုိယ့္ဘ၀နဲ႔ကုိယ္ဆုိတာသတိရပါ။ကုိယ္ကသာဘ၀ေတြပ်က္ေနမယ္၊စိတ္ဓာတ္ေတြက်ေနမယ္၊င့ါကုိျပန္မခ်စ္ရေကာင္းလားဆိုျပီးစိတ္တုိျပီး တစ္ေန႔ေန႔ေတာ့သူျပန္ခ်စ္လာမွာပါဆိုတဲ႔စိတ္ကူးအေတြးမ်ိဳးရွိေနရင္ ေမ့လိုက္ပါေတာ့။သူကေတာ့ အေနသာၾကီးပါ။အဲ႔ဒါေၾကာင့္ သင့္ဘ၀ကုိ အစကေနျပန္စဖုိ႔လိုပါတယ္။

၁။သူက သင့္ကုိမလိုအပ္ဘူးဆုိတာလက္ခံလုိက္ပါ
ကုိယ္ခ်စ္ရတဲ႔သူက ကုိယ့္ကုိျပန္မခ်စ္ဘူး၊မလိုအပ္ဘူးဆုိတာကုိလက္ခံဖုိ႔က ေတာ္ေတာ္ေတာ့ မလြယ္ပါဘူး။လက္ခံရခက္ခဲေပမဲ႔ ၾကိဳးစားျပီးလက္ခံပါ။ဒီလုိလက္ခံႏုိင္မွသာ
နာက်င္ခံစားရတာသက္သာမွာပါ။

၂။သူ႔တစ္ေယာက္တည္းကုိအာရံုမစုိက္ပါနဲ႔
လူတိုင္းမွာ ကုိယ္ပုိင္အိပ္မက္၊ကုိယ္ပုိင္ဘ၀ဆိုတာရွိတာပဲ။သူတစ္ေယာက္တည္းကုိ ေငးေမာၾကည့္ရတာနဲ႔တင္ ဘ၀က ျပည့္စံုျပီလားစဥ္းစားပါ။ကုိယ္ကခ်ည္းဘာလို႔အရွံဳးေတြ ယူေနရမွာလဲစဥ္းစားပါ။သင့္အခ်စ္ေရးအတြက္ေပ်ာ္ရႊင္မႈမရႏုိင္ဘူးဆုိရင္ တျခားအရာေတြမွာ ေအာင္ျမင္ဖို႔လိုအပ္ပါတယ္။

၃။အခ်စ္ေရးမွာကံမေကာင္းတာသင္တစ္ေယာက္တည္းမဟုတ္ပါဘူး။
ကမာၻေပၚမွာသင့္နဲ႔အျဖစ္ခ်င္းတူတဲ႔သူ တစ္ေယာက္မကရွိႏုိင္ပါတယ္။ အခ်စ္ေရးမွာ ကံေကာင္းေပ်ာ္ရႊင္ေနတဲ႔သူက သင့္ကုိ မင္းခံစားရတာကိုယ္ခ်င္းစာပါတယ္လို႔
ေျပာရင္ ယံုႏုိင္စရာမရွိေပမဲ႔ သင္နဲ႔အျဖစ္ခ်င္းတူတဲ႔သူဆီက စကားကေတာ့ သင့္အတြက္ အားျဖစ္ေစမွာပါ။သင္တစ္ေယာက္တည္းအခ်စ္ေရးမွာကံမေကာင္းတာမဟုတ္ သလို အခ်စ္ေရးကံမေကာင္းေပမဲ႔လည္း သင့္မွာသင့္ကုိခ်စ္တဲ့မိသားစုေတြ၊မိတ္ေဆြေတြ ရွိေသးတယ္ဆုိတာသတိရပါ။

၄။ကုိယ့္ကုိယ္ကုိယ္လွေအာင္ေနပါ
မိန္းကေလးတစ္ေယာက္လွေအာင္ေနတာက ကုိယ့္ကုိယ္ကုိယ္ယုံၾကည္မႈပိုရွိေစတဲ႔နည္းလမ္းပါပဲ။ သင့္ကုိယ္သင္ျဖစ္သလုိေနျပီဆုိရင္ သင့္ရဲ ႔ရုပ္ပုိင္းသာမကစိတ္ပုိင္းဆိုင္ရာက်န္းမာေရး ကုိပါ ထိခိုက္လာေစပါတယ္။တစ္ခါမွမလုပ္ဖူးတဲ့ ဆံပင္လွလွေလးသြားလုပ္လိုက္ပါ။ မိတ္ကပ္ေတြျခယ္သျပီး သူငယ္ခ်င္းေတြနဲ႔ေလ်ွာက္သြားပါ။ေရွာ့ပင္းထြက္ပါ။ အက်ီအသစ္ေတြ၀ယ္ပါ။အရက္ေသာက္တာ၊ေဆးလိပ္ေသာက္တာမ်ိဳးနဲ႔စိတ္မေျဖပါနဲ႔။အဲ႔ဒါက လမ္းမွားျခင္းရဲ႔အစပါပဲ။

၅။ေလ့က်င့္ခန္းလုပ္ပါ
အိမ္မွာေလ့က်င့္ခန္းလုပ္တာထက္စာရင္ ေရကူးတာမ်ိဳး၊ဂ်င္မ္သင္တန္းသြားတက္တာ မ်ိဳးကုိပုိျပီးအားေပးပါတယ္။အိ္မ္မွာဆုိရင္ မလုပ္ျဖစ္ဖုိ႔ကမ်ားပါတယ္။အဲ႔ဒါေၾကာင့္ အျပင္မွာသူငယ္ခ်င္းမိတ္ေဆြေတြနဲ႔အတူတူ ေရကူးတာ၊ေလ့က်င့္ခန္းလုပ္တာေတြက အာရံုေျပာင္းေစသလုိ သင့္က်န္းမာေရးအတြက္လည္းအေထာက္အကူျပဳပါတယ္။

၆။ေဒါသမထြက္ပါနဲ႔
အခ်စ္ဆုိတာ ကုိယ္ကခ်စ္ခုိင္းတိုင္းခ်စ္လို႔မရပါဘူး။အဲ႔ဒါေၾကာင့္ ကုိယ္ခ်စ္တဲ႔သူက တျခားသူနဲ႔လက္တြဲသြားတိုင္းလည္း ငါက မလွလို႔လား၊တံုးအလို႔လား၊
ေခတ္မမီွလို႔လား စတဲ႔အေတြးအေခၚေတြကုိ လႊင့္ပစ္လုိက္ပါ။ တကယ့္အခ်စ္စစ္ဆိုတာ ရုပ္ရည္သြင္ျပင္၊အေပၚယံအရည္အခ်င္းေတြနဲ႔မဆုိင္ပါဘူး။အဲ႔ဒါေၾကာင့္ကုိယ့္ကုိယ္ကုိယ္ အားငယ္တာမ်ိဳး၊တစ္ဘက္မိန္းကေလးကုိ စိတ္တိုေဒါသထြက္တာမ်ိဳးမလုပ္မိပါေစနဲ႔။ သင္ခ်စ္ရတဲ႔သူနဲ႔အတူ စကားေျပာရယ္ေမာခဲ႔တဲ႔အခ်ိန္ေတြကုိသာျပန္စဥ္းစားျပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနပါလို႔ အၾကံေပးခ်င္ပါတယ္။

ခ်စ္ပါ။ဒါေပမဲ႔ ကိုယ့္ဘ၀ထိခိုက္ေလာက္ေအာင္ေတာ့ ကုိယ့္အေပၚျပန္မခ်စ္ႏုိင္တဲ႔လူတစ္ေယာက္ကုိ ေမ်ွာ္လင့္ခ်က္ၾကီးၾကီးထားျပီး မခ်စ္ပါနဲ႔။ေပ်ာ္ေပ်ာ္္ရႊင္ရႊင္ေနျပီးခ်စ္ပါ။

Stay Happy !

Unicode

တစ်စုံတစ်ယောက်ကိုချစ်မိသွားတယ်ဆိုတာ စိတ်လှုပ်ရှားကြည်နူးစရာတစ်ခုပါ။ဒါပေမဲ့လည်း အဲ့ဒီတစ်စုံတစ်ယောက်က သင့်အပေါ်ပြန်ပြီးမတုံ့ပြန်တဲ့အခါ မပျော်ရွှင်မှုတွေ၊စိတ်မချမ်းသာမှုတွေ၊ ကိုယ့်ကိုယ်ကိုစိတ်မကျေနပ်မှုတွေဖြစ်လာနိုင်ပါတယ်။အချစ််ဆိုတာနူးညံ့ချိုမြိန်တဲ့ခံစားချက်ဖြစ်လို့ ကိုယ့်အပေါ်မေတ္တာမတုံ့ပြန်တဲ့သူကိုအပြစ်မဆိုုသာပေမဲ့လည်း မေ့ပစ်ဖို့ကျတော့လည်း ခက်ခဲတယ်မဟုတ်လား?မေ့လိုက်တော့မယ်ဆိုပေမဲ့လည်း သူ့နာမည်မြင်ရင်၊ကြားရင်ကို အပြေးလေး သူဘာလုပ်နေမလဲစုံစမ်းလိုက်ရမှဆိုတဲ့ပျိုမေတွေလည်းရှိကြပါတယ်။ဒါပေမဲ့ ကိုယ့်အပေါ်ပြန်ချစ်ဖို့အလားအလာမရှိဘူးဆိုရင် သူတစ်ယောက်တည်းကိုပဲအာရုံစိုက်၊
စောင့်မျှော်နေတာမျိုးမဖြစ်သင့်တော့ပါဘူး။လူတိုင်းကိုယ့်ဘဝနဲ့ကိုယ်ဆိုတာသတိရပါ။ကိုယ်ကသာ ဘဝတွေပျက်နေမယ်၊စိတ်ဓာတ်တွေကျနေမယ်၊င့ါကိုပြန်မချစ်ရကောင်းလားဆိုပြီးစိတ်တိုပြီး တစ်နေ့နေ့တော့သူပြန်ချစ်လာမှာပါဆိုတဲ့စိတ်ကူးအတွေးမျိုးရှိနေရင် မေ့လိုက်ပါတော့။သူကတော့ အနေသာကြီးပါ။အဲ့ဒါကြောင့် သင့်ဘဝကို အစကနေပြန်စဖို့လိုပါတယ်။

၁။သူက သင့်ကိုမလိုအပ်ဘူးဆိုတာလက်ခံလိုက်ပါ
ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကိုပြန်မချစ်ဘူး၊မလိုအပ်ဘူးဆိုတာကိုလက်ခံဖို့က တော်တော်တော့ မလွယ်ပါဘူး။လက်ခံရခက်ခဲပေမဲ့ ကြိုးစားပြီးလက်ခံပါ။ဒီလိုလက်ခံနိုင်မှသာ
နာကျင်ခံစားရတာသက်သာမှာပါ။

၂။သူ့တစ်ယောက်တည်းကိုအာရုံမစိုက်ပါနဲ့
လူတိုင်းမှာ ကိုယ်ပိုင်အိပ်မက်၊ကိုယ်ပိုင်ဘဝဆိုတာရှိတာပဲ။သူတစ်ယောက်တည်းကို ငေးမောကြည့်ရတာနဲ့တင် ဘဝက ပြည့်စုံပြီလားစဉ်းစားပါ။ကိုယ်ကချည်းဘာလို့အရှုံးတွေ ယူနေရမှာလဲစဉ်းစားပါ။သင့်အချစ်ရေးအတွက်ပျော်ရွှင်မှုမရနိုင်ဘူးဆိုရင် တခြားအရာတွေမှာ အောင်မြင်ဖို့လိုအပ်ပါတယ်။

၃။အချစ်ရေးမှာကံမကောင်းတာသင်တစ်ယောက်တည်းမဟုတ်ပါဘူး။
ကမ္ဘာပေါ်မှာသင့်နဲ့အဖြစ်ချင်းတူတဲ့သူ တစ်ယောက်မကရှိနိုင်ပါတယ်။ အချစ်ရေးမှာ ကံကောင်းပျော်ရွှင်နေတဲ့သူက သင့်ကို မင်းခံစားရတာကိုယ်ချင်းစာပါတယ်လို့
ပြောရင် ယုံနိုင်စရာမရှိပေမဲ့ သင်နဲ့အဖြစ်ချင်းတူတဲ့သူဆီက စကားကတော့ သင့်အတွက် အားဖြစ်စေမှာပါ။သင်တစ်ယောက်တည်းအချစ်ရေးမှာကံမကောင်းတာမဟုတ် သလို အချစ်ရေးကံမကောင်းပေမဲ့လည်း သင့်မှာသင့်ကိုချစ်တဲ့မိသားစုတွေ၊မိတ်ဆွေတွေ ရှိသေးတယ်ဆိုတာသတိရပါ။

၄။ကိုယ့်ကိုယ်ကိုယ်လှအောင်နေပါ
မိန်းကလေးတစ်ယောက်လှအောင်နေတာက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုရှိစေတဲ့နည်းလမ်းပါပဲ။ သင့်ကိုယ်သင်ဖြစ်သလိုနေပြီဆိုရင် သင့်ရဲ ့ရုပ်ပိုင်းသာမကစိတ်ပိုင်းဆိုင်ရာကျန်းမာရေး ကိုပါ ထိခိုက်လာစေပါတယ်။တစ်ခါမှမလုပ်ဖူးတဲ့ ဆံပင်လှလှလေးသွားလုပ်လိုက်ပါ။ မိတ်ကပ်တွေခြယ်သပြီး သူငယ်ချင်းတွေနဲ့လျှောက်သွားပါ။ရှော့ပင်းထွက်ပါ။ အကျီအသစ်တွေဝယ်ပါ။အရက်သောက်တာ၊ဆေးလိပ်သောက်တာမျိုးနဲ့စိတ်မဖြေပါနဲ့။အဲ့ဒါက လမ်းမှားခြင်းရဲ့အစပါပဲ။

၅။လေ့ကျင့်ခန်းလုပ်ပါ
အိမ်မှာလေ့ကျင့်ခန်းလုပ်တာထက်စာရင် ရေကူးတာမျိုး၊ဂျင်မ်သင်တန်းသွားတက်တာ မျိုးကိုပိုပြီးအားပေးပါတယ်။အိ်မ်မှာဆိုရင် မလုပ်ဖြစ်ဖို့ကများပါတယ်။အဲ့ဒါကြောင့် အပြင်မှာသူငယ်ချင်းမိတ်ဆွေတွေနဲ့အတူတူ ရေကူးတာ၊လေ့ကျင့်ခန်းလုပ်တာတွေက အာရုံပြောင်းစေသလို သင့်ကျန်းမာရေးအတွက်လည်းအထောက်အကူပြုပါတယ်။

၆။ဒေါသမထွက်ပါနဲ့
အချစ်ဆိုတာ ကိုယ်ကချစ်ခိုင်းတိုင်းချစ်လို့မရပါဘူး။အဲ့ဒါကြောင့် ကိုယ်ချစ်တဲ့သူက တခြားသူနဲ့လက်တွဲသွားတိုင်းလည်း ငါက မလှလို့လား၊တုံးအလို့လား၊
ခေတ်မမှီလို့လား စတဲ့အတွေးအခေါ်တွေကို လွှင့်ပစ်လိုက်ပါ။ တကယ့်အချစ်စစ်ဆိုတာ ရုပ်ရည်သွင်ပြင်၊အပေါ်ယံအရည်အချင်းတွေနဲ့မဆိုင်ပါဘူး။အဲ့ဒါကြောင့်ကိုယ့်ကိုယ်ကိုယ် အားငယ်တာမျိုး၊တစ်ဘက်မိန်းကလေးကို စိတ်တိုဒေါသထွက်တာမျိုးမလုပ်မိပါစေနဲ့။ သင်ချစ်ရတဲ့သူနဲ့အတူ စကားပြောရယ်မောခဲ့တဲ့အချိန်တွေကိုသာပြန်စဉ်းစားပြီး ပျော်ပျော်ရွှင်ရွှင်နေပါလို့ အကြံပေးချင်ပါတယ်။

ချစ်ပါ။ဒါပေမဲ့ ကိုယ့်ဘဝထိခိုက်လောက်အောင်တော့ ကိုယ့်အပေါ်ပြန်မချစ်နိုင်တဲ့လူတစ်ယောက်ကို မျှော်လင့်ချက်ကြီးကြီးထားပြီး မချစ်ပါနဲ့။ပျော်ပျော််ရွှင်ရွှင်နေပြီးချစ်ပါ။

Stay Happy !

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.