ဖျော်ဖြေရေးအစီစဉ်တစ်ခုဖြစ်တဲ့ JTBC’s Knowing Bros မှာ ဆောင်ဂျီဟိုက သူမနှစ်သက်တဲ့ပုံစံမျိုးဟာ ဒီကမ္ဘာပေါ်မှာမရှိဘူးလို့ ပြောပြခဲ့ပါတယ်။
သူမနှစ်သက်တဲ့ ပုံစံမျိုးဟာ ရုပ်ရှင်ထဲက ဇာတ်ကောင်တစ်ခုဖြစ်ပြီး အဲ့ဒါကတော့ Optimus Prime ပဲဖြစ်ပါတယ်။ ” အရင်တုန်းက ရုပ်ရည်ကိုကြည့်ပြီး နှလုံးသားကသဘောကျ ၊ မကျ ဆုံးဖြတ်ကြတယ်လို့ ကျွန်မထင်ခဲ့တယ်။ တစ်နေ့မှာ ကျွန်မရုပ်ရှင်တစ်ကားကြည့်ပြီး ဇာတ်ကောင်တစ်ခုကိုအရမ်းသဘောကျသွားတယ်..အဲ့ဒါOptimus Prime ပါပဲ ” လို့ သူမဖြေကြားခဲ့ပါတယ်။
နောက်ပြီးတော့သူမက ကြည်လင်ပြီး နားထောင်ကောင်းတဲ့ အသံပိုင်ရှင်ယောက်ျားလေးမျိုးကို သဘောကျတယ်လို့ ဆိုပါတယ်။ Optimus Prime ရဲ့အသံကိုလည်း သူမအရမ်းသဘောကျသတဲ့။ ထူးထူးဆန်းဆန်း သူမရဲ့အကြိုက်ကိုသိလိုက်ရတဲ့ ပရိတ်သတ်တွေလည်း အားလုံးအထူးအဆန်းဖြစ်နေပေမယ့် Optimus Prime ရဲ့ အသံဟာ sexy ကျတယ်ဆိုတာကိုတော့ ပရိတ်သတ်တွေလည်းလွန်ဆန်နိုင်ကြမယ်မထင်ပါဘူး။ ဟုတ်လား.. မဟုတ်လား ထင်မြင်ချက်လေးတွေပေးသွားပါဦး ….