” Tintin 2” ကို ခုချိန်ထိပြင်ဆင်နေတုန်းပါလို့ Steven Spielberg ပြောပြီ..

TinTin ထွက်တုန်းက ဒီကာတွန်းလေးကို ပရိတ်သတ်တွေအများစု သဘောကျခဲ့ရတယ်။ ကာတွန်းကနေ ဇာတ်ကားတစ်ခုအဖြစ်ဖန်တီးခဲ့ပြီး ယခုအခါ ဒုတိယမြောက်ဇာတ်ကားကိုလည်း ပရိတ်သတ်တွေစောင့်မျှော်နေကြပါတယ်။ ဒုတိယမြောက်ဇာတ်ကားအတွက် အလုပ်လုပ်နေပြီလို့ ကောလဟာလတွေထွက်လာပေမယ့် အခုတော့ Steven Spielberg ကိုယ်တိုင် အတည်ပြုလိုက်ပါပြီ။

Premiere နဲ့ အင်တာဗျူးမှာ Spielberg က ” Peter Jacksonမှာ ဒုတိယအပိုင်းကိုလုပ်ဖို့တွေရှိနေပါတယ်။ ပုံမှန်တိုင်း အေးဆေးပြီးမယ်ဆိုရင်တော့ ဇာတ်ညွန်းရေးဖို့သူမကြာမီစပါလိမ့်မယ်။ ဇာတ်ကားလုပ်ဖို့အတွက် animation work က (၂)နှစ်လောက်တော့ အချိန်ယူရပါတယ်။ သုံးနှစ်လောက်တော့ ပရိတ်သတ်တွေကို ကျွန်တော်မစောင့်ခိုင်းပါဘူး။ Peter လည်း ပရိတ်သတ်တွေ စိတ်တိုင်းကျအောင်ပြင်ဆင်ပါလိမ့်မယ်..TinTin မကြာခင် ပြန်လာတော့မှာပါ” လို့ ပြောသွားပါတယ်။

26 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.