GhostLand ကို ဘယ်သူသွားမလဲ..?

Ghostland ဇာတ်ကားဟာ ၂ဝ၁၈ ထိတ်လန့်ကြောက်မက်ဖွယ်ရာ သရဲကားဇာတ်လမ်းဖြစ်ပြီး ဒါရိုက်တာနဲ့ ဇာတ်ညွန်း Pascal Laugierက ရိုက်ကူးထားတာဖြစ်ပါတယ်။သူ့ရဲ့ဇာတ်အိမ်က အခြားသရဲကားဇာတ်လမ်းတွေနဲ့မတူပဲ ထူးခြားနေတာကို ပရိတ်သတ်များကြည့်ပြီးရင် စိတ်ကျေနပ်နှစ်သက်သွားပါလိမ့်မယ်။ Horror နဲ့ science fiction film တွေအတွက် ပြုလုပ်တဲ့ International ပွဲတော် Fantastic’Arts မှာလည်း Ghostland ဇာတ်ကားဟာ ဆုသုံးဆုရရှိခဲ့ပါတယ်။ အနုပညာရှင်တွေကတော့ Crystal Reed ၊ Anastasia Phillips ၊ Emilia Jones ၊ 
Mylène Farmer တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်း

Pauline ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ သူ့အန်တီရဲ့ အိမ်ကို အမွေဆက်ခံခွင့်ရခဲ့ပါတယ်။ သူမမှာ သမီးနှစ်ယောက်ရှိပြီး ပထမဆုံး ထိုအိမ်ကိုပြောင်းတဲ့နေ့မှာပဲ လူသတ်သမားတစ်ယောက် အိမ်ထဲကိုဝင်ရောက်လာလို့ သမီးနှစ်ယောက်အသက်လွတ်မြောက်အောင် သူမက ထိုလူသတ်သမားနဲ့ရင်ဆိုင်ခဲ့တယ်။ သမီးနှစ်ယောက်လည်း အသက်ရှင်ခဲ့ပါတယ်။ တစ်ကွဲတစ်ပြားစီဖြစ်ပြီး ၁၆နှစ်ကြာပြီးနောက် ထိုအိမ်မှာညီအစ်မနှစ်ယောက်လုံးပြန်ဆုံတဲ့အခါ ထူးဆန်းတဲ့ကိစ္စတွေ စတင်ဖြစ်ပေါ်လာပါတော့တယ်။ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ဆက်လက်စောင့်ကြည့်လိုက်
ပါဦးနော်… ဇာတ်လမ်းနမူနာဗီဒီယိုလေးဖော်ပြပေးလိုက်ပါတယ်။

37 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.