က်န္းမာေရးအတြက္မေကာင္းဘူးလုိ႔ မွားယြင္းထင္ထားခဲ႔ၾကတဲ႔အစားအစာမ်ား

ခႏၶာကုိယ္အတြက္လိုအပ္တဲ႔အာဟာရနဲ႔သက္ဆုိင္တဲ႔အေၾကာင္းအရာေတြက လူမႈ အသုိင္းအ၀ုိင္းၾကားမွာအျမဲေဟာ့ပ္ျဖစ္ေနတဲ႔ေခါင္းစဥ္တစ္ခုပါ။လူေတြက ခႏၶာကိုယ္အတြက္ ဘယ္လိုအစားအစာကေတာ့ေကာင္းမြန္တယ္၊ဘယ္အရာကေတာ့ က်န္းမာေရးအတြက္ ဆိုးရြားေစတယ္ဆိုတာကုိသိခ်င္ၾကပါတယ္။ဒါေပမဲ႔ တစ္ခါတစ္ရံ သိပၸံပညာရွင္ေတြေတာင္မွ ခႏၶာကိုယ္အတြက္လုိအပ္တဲ႔အာဟာရေပးႏုိင္တဲ႔အစားအစာေတြနဲ႔ပတ္သက္ျပီးမွားယြင္းႏုိင္ပါတယ္။ေနာက္မွေသခ်ာေလ့လာဆန္းစစ္ျပီး မွားယြင္းေနတဲ႔အယူအဆေတြကုိျပန္လည္ရွင္းျပခဲ႔ၾကတာပါ။ သိပၸံပညာရွင္တစ္ခ်ိဳ႔မွားယြင္းထင္ထားခဲ႔ၾကတဲ႔က်န္းမာေရးအတြက္မေကာင္းေစဘူးဆုိတဲ႔အစားအစာေတြက  တကယ္တမ္းက်ေတာ့ေကာင္းမြန္ေနပါတယ္။အဲ႔ဒီအေၾကာင္းကုိ လည္း ျပည္ပ၀က္ဘ္ဆုိက္တစ္ခုကေနေဖာ္ျပထားပါတယ္။သူ႔ရဲ ႔ေဆာင္းပါးအရ က်န္းမာေရးအတြက္မေကာင္းဘူးလုိ႔မွားယြင္းထင္ထားခဲ႔ၾကတဲ႔အစားအစာေတြအေၾကာင္းကုိ
ျပန္ျပီးမ်ွေ၀ေပးခ်င္္ပါတယ္။

၁။ၾကက္ဥ
လူေတာ္ေတာ္မ်ားမ်ားက ၾကက္ဥမွာကုိလက္စထေရာမ်ားစြာပါ၀င္ျပီး အဲ႔ဒီကုိလက္စထေရာက ေသြးေၾကာပိတ္ဆုိ႔မႈျဖစ္ေစျပီး ႏွလံုးေရာဂါ၊ေလျဖတ္တာနဲ႔ဆီးခ်ိဳေရာဂါေတြျဖစ္ေစတယ္ ဆိုျပီး ၾကက္ဥစားသံုးမႈကုိေလ်ွာ့ခ်ဖို႔ ေျပာေလ့ရွိၾကပါတယ္။၁၀ႏွစ္နီးပါးၾကာျပီးတဲ႔ေနာက္မွာ သိပၸံပညာရွင္ေတြကသူတို႔ရဲ ႔အမွားကုိ၀န္ခံခဲ့ၾကပါတယ္။တကယ္ေတာ့ ကုိလက္စထေရာက ၂မ်ိဳးရွိျပီး ၾကက္္ဥမွာပါ၀င္တဲ႔ကုိလက္စထေရာက ေကာင္းမြန္တဲ႔ကုိလက္စထေရာ
ျဖစ္ပါတယ္။အဲ႔ဒီကုိလက္စေထေရာမွာ သံဓာတ္၊ပရိုတင္းနဲ႔ေရာဂါကာကြယ္ေပးႏုိင္တဲ႔ Lutein နဲ႔ မ်က္စိအျမင္အာရံုခ်ိဳ႔တဲ႔မႈ၊မ်က္လံုးတိမ္စြဲမႈေတြကုိကာကြယ္ေပးႏုိင္တဲ႔ zeaxanthin ဓာတ္ေတြလည္း ပါ၀င္တာကုိျမင္ေတြ႔ရပါတယ္။

၂။ေပါက္ေပါက္ဆုပ္
ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ေျပာင္းဖူးေပါက္ေပါက္ဆုပ္ဟာ သေရစာတစ္ခုလုိ႔ပဲအားလံုးက ယူဆသတ္မွတ္ခဲ႔ၾကျပီး ေျပာင္းဖူးေပါက္ေပါက္ေတြစားတာကက်န္းမာေရးနဲ႔မညီညြတ္ဖူး လို႔ေျပာခဲ႔ၾကပါတယ္။ဒါေပမဲ႔ ေလ့လာဆန္းစစ္ခ်က္ေတြအရ ေျပာင္းဖူးေပါက္ေပါက္မွာ အသီးေတြြ၊အသီးအရြက္ေတြထက္Polyphenols လို႔ေခၚတဲ႔ ေရာဂါတုိက္ဖ်က္ႏုိင္စြမ္းေတြ ပုိရွိေနတာကုိသိခဲ႔ရပါတယ္။အဲ႔ဒီ polyphenols ဟာ ႏွလံုးေရာဂါနဲ႔ကင္ဆာေရာဂါျဖစ္ပြားမႈကုိ
ေလ်ွာ့ခ်ေပးႏုိင္ပါတယ္တဲ႔။ၾကြပ္ရြေနတဲ႔ေျပာင္းဖူးေပါက္ေပါက္ဆုပ္မွာကယ္လုိရီအနည္းငယ္သာပါ၀င္ပါတယ္။ဒါေပမဲ့ သင့္ရဲ ႔ေပါက္ေပါက္ဆုပ္က တျခားဆုိးေဆးေတြ၊သဘာ၀မဟုတ္တဲ႔အခ်ိဳေတြ မပါဖုိ႔ေတာ့လိုပါတယ္။အိမ္မွာလုပ္စားရင္ေတာ့ အေကာင္းဆံုးေပါ့။

၃။ႏြားႏို႔
ခႏၶာကုိယ္အေလးခ်ိန္မ်ားတာကုိေလ်ွာ့ခ်ႏုိင္ဖုိ႔အတြက္ ႏြားႏုိ႔ေတြကုိေသာက္ေလ့ မရွိၾကပါဘူး။ႏြားႏို႔က အဆီေတြပါ၀င္တယ္ဆုိျပီး လူၾကီးပုိင္းေတြသာ
ေသာက္ေလ့ရွိၾကပါတယ္။ဒါေပမဲ႔ သင္မထင္ထားတဲ႔အေၾကာင္းအရာကေတာ့ ႏြားႏုိ႔ဟာ ခႏၶာကုိယ္အတြက္မရွိအျဖစ္လိုအပ္တဲ႔အာဟာရေတြကုိျဖည့္သြင္းေပး
ျပီး ကင္ဆာေရာဂါကုိလည္းတိုက္ဖ်က္ေပးႏုိင္ပါတယ္။ဒါ့အျပင္ ႏြားႏုိ႔က သင့္ကုိယ္ခံအားေကာင္းမြန္ေစျပီးဆီးခ်ိဳေရာဂါကုိေလ်ွာ့ခ်ေပးႏုိင္ပါတယ္။

၄။ေကာ္ဖီ
ကဖင္းဓာတ္ဟာ ေသြးတိုးေရာဂါ၊နွလံုးနဲ႔ဆုိင္တဲ႔ေရာဂါေတြ၊ အာရံုေၾကာစနစ္ေတြကုိ ပ်က္စီးေစတယ္လို႔ သိထားတာမၾကာေသးပါဘူး။ဒါေပမဲ႔ မၾကာေသးခင္က
ေလ့လာေတြ႔ရွိခ်က္ေတြအရ ေကာ္ဖီေသာက္တာဟာ ႏွလံုးေရာဂါျဖစ္ပြားမႈ ကုိေလ်ွာ့ခ်ေပးႏုိင္ပါတယ္တဲ႔။ေကာ္ဖီေသာက္သူေတြမွာ အသည္းေရာဂါ၊ဆီးခ်ိဳေရာဂါ
နဲ႔အယ္လ္ဇုိင္းမားေရာဂါျဖစ္ပြားမႈေတြ နည္းပါးတာကုိလည္းေတြ႔ရွိခဲ႔ရပါတယ္။

၅။ဆန္ျဖဴ
ဆန္လံုးညိဳက က်န္းမာေရးနဲ႔ညီညြတ္တယ္ဆိုျပီး ဆန္ျဖဴကုိ တစ္ခါတစ္ေလမွ ခ်က္စားၾကတဲ႔သူေတြရွိပါတယ္။တကယ္ေတာ့ ဆန္ျဖဴဟာ အစာေၾကညက္လြယ္ျပီး
မၾကာခဏျပန္ျဖစ္တတ္တဲ႔ အစာအိမ္ျပႆနာေတြကုိပါ မျဖစ္ေအာင္ကာကြယ္ေပးပါတယ္။ ဆန္ျဖဴဟာ ကစီဓာတ္လည္းနည္းပါးျပီး ဆန္လံုးညိဳထက္ ဆန္ေတြမွာပါရွိတတ္တဲ႔
အဆိပ္လည္း ပုိျပီးနည္းပါးတယ္လို႔သိရပါတယ္။

၆။ပီဇာ
ပီဇာကလည္း ေပါက္ေပါက္ဆုပ္လိုပါပဲ။အဆီမ်ားတယ္၊က်န္းမာေရးနဲ႔မညီညြတ္ဘူးဆုိျပီး အားလံုးကသတ္မွတ္ၾကပါတယ္။ဒါေပမဲ႔ ပီဇာကုိ ကုိယ္တုိင္အိမ္မွာ
လုပ္စားမယ္ဆုိရင္ေတာ့ က်န္းမာေရးအတြက္စိုးရိမ္စရာမလိုပါဘူးတဲ႔။ပီဇာမွာ ပရိုတင္းဓာတ္၊အရြက္ဓာတ္၊သင္ၾကိဳက္ႏွစ္သက္ရာလတ္ဆက္ျပီးေဆးဖက္၀င္တဲ႔
အရြက္စတဲ႔ အာဟာရမ်ွတစြာထည့္သြင္းစားေသာက္္မယ္ဆုိရင္ ပီဇာက က်န္းမာေရးကုိထိခိုက္ေစႏုိင္တယ္ဆုိတဲ႔အသိကုိဖယ္လိုက္လို႔ရပါျပီ။

Unicode

ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေက လူမှု အသိုင်းအဝိုင်းကြားမှာအမြဲဟော့ပ်ဖြစ်နေတဲ့ခေါင်းစဉ်တစ်ခုပါ။လူတွေက ခန္ဓာကိုယ်အတွက် ဘယ်လိုအစားအစာကတော့ကောင်းမွန်တယ်၊ဘယ်အရာကတော့ ကျန်းမာရေးအတွက် ဆိုးရွားစေတယ်ဆိုတာကိုသိချင်ကြပါတယ်။ဒါပေမဲ့ တစ်ခါတစ်ရံ သိပ္ပံပညာရှင်တွေတောင်မှ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရပေးနိုင်တဲ့အစားအစာတွေနဲ့ပတ်သက်ပြီးမှားယွင်းနိုင်ပါတယ်။နောက်မှသေချာလေ့လာဆန်းစစ်ပြီး မှားယွင်းနေတဲ့အယူအဆတွေကိုပြန်လည်ရှင်းပြခဲ့ကြတာပါ။ သိပ္ပံပညာရှင်တစ်ချို့မှားယွင်းထင်ထားခဲ့ကြတဲ့ကျန်းမာရေးအတွက်မကောင်းစေဘူးဆိုတဲ့အစားအစာတွေက တကယ်တမ်းကျတော့ကောင်းမွန်နေပါတယ်။အဲ့ဒီအကြောင်းကို လည်း ပြည်ပဝက်ဘ်ဆိုက်တစ်ခုကနေဖော်ပြထားပါတယ်။သူ့ရဲ ့ဆောင်းပါးအရ ကျန်းမာရေးအတွက်မကောင်းဘူးလို့မှားယွင်းထင်ထားခဲ့ကြတဲ့အစားအစာတွေအကြောင်းကို
ပြန်ပြီးမျှဝေပေးချင််ပါတယ်။

၁။ကြက်ဥ
လူတော်တော်များများက ကြက်ဥမှာကိုလက်စထရောများစွာပါဝင်ပြီး အဲ့ဒီကိုလက်စထရောက သွေးကြောပိတ်ဆို့မှုဖြစ်စေပြီး နှလုံးရောဂါ၊လေဖြတ်တာနဲ့ဆီးချိုရောဂါတွေဖြစ်စေတယ် ဆိုပြီး ကြက်ဥစားသုံးမှုကိုလျှော့ချဖို့ ပြောလေ့ရှိကြပါတယ်။၁ဝနှစ်နီးပါးကြာပြီးတဲ့နောက်မှာ သိပ္ပံပညာရှင်တွေကသူတို့ရဲ ့အမှားကိုဝန်ခံခဲ့ကြပါတယ်။တကယ်တော့ ကိုလက်စထရောက ၂မျိုးရှိပြီး ကြက််ဥမှာပါဝင်တဲ့ကိုလက်စထရောက ကောင်းမွန်တဲ့ကိုလက်စထရော
ဖြစ်ပါတယ်။အဲ့ဒီကိုလက်စထေရောမှာ သံဓာတ်၊ပရိုတင်းနဲ့ရောဂါကာကွယ်ပေးနိုင်တဲ့ Lutein နဲ့ မျက်စိအမြင်အာရုံချို့တဲ့မှု၊မျက်လုံးတိမ်စွဲမှုတွေကိုကာကွယ်ပေးနိုင်တဲ့ zeaxanthin ဓာတ်တွေလည်း ပါဝင်တာကိုမြင်တွေ့ရပါတယ်။

၂။ပေါက်ပေါက်ဆုပ်
နှစ်ပေါင်းများစွာကြာအောင် ပြောင်းဖူးပေါက်ပေါက်ဆုပ်ဟာ သရေစာတစ်ခုလို့ပဲအားလုံးက ယူဆသတ်မှတ်ခဲ့ကြပြီး ပြောင်းဖူးပေါက်ပေါက်တွေစားတာကကျန်းမာရေးနဲ့မညီညွတ်ဖူး လို့ပြောခဲ့ကြပါတယ်။ဒါပေမဲ့ လေ့လာဆန်းစစ်ချက်တွေအရ ပြောင်းဖူးပေါက်ပေါက်မှာ အသီးတွွေ၊အသီးအရွက်တွေထက်Polyphenols လို့ခေါ်တဲ့ ရောဂါတိုက်ဖျက်နိုင်စွမ်းတွေ ပိုရှိနေတာကိုသိခဲ့ရပါတယ်။အဲ့ဒီ polyphenols ဟာ နှလုံးရောဂါနဲ့ကင်ဆာရောဂါဖြစ်ပွားမှုကို
လျှော့ချပေးနိုင်ပါတယ်တဲ့။ကြွပ်ရွနေတဲ့ပြောင်းဖူးပေါက်ပေါက်ဆုပ်မှာကယ်လိုရီအနည်းငယ်သာပါဝင်ပါတယ်။ဒါပေမဲ့ သင့်ရဲ ့ပေါက်ပေါက်ဆုပ်က တခြားဆိုးဆေးတွေ၊သဘာဝမဟုတ်တဲ့အချိုတွေ မပါဖို့တော့လိုပါတယ်။အိမ်မှာလုပ်စားရင်တော့ အကောင်းဆုံးပေါ့။

၃။နွားနို့
ခန္ဓာကိုယ်အလေးချိန်များတာကိုလျှော့ချနိုင်ဖို့အတွက် နွားနို့တွေကိုသောက်လေ့ မရှိကြပါဘူး။နွားနို့က အဆီတွေပါဝင်တယ်ဆိုပြီး လူကြီးပိုင်းတွေသာ
သောက်လေ့ရှိကြပါတယ်။ဒါပေမဲ့ သင်မထင်ထားတဲ့အကြောင်းအရာကတော့ နွားနို့ဟာ ခန္ဓာကိုယ်အတွက်မရှိအဖြစ်လိုအပ်တဲ့အာဟာရတွေကိုဖြည့်သွင်းပေး
ပြီး ကင်ဆာရောဂါကိုလည်းတိုက်ဖျက်ပေးနိုင်ပါတယ်။ဒါ့အပြင် နွားနို့က သင့်ကိုယ်ခံအားကောင်းမွန်စေပြီးဆီးချိုရောဂါကိုလျှော့ချပေးနိုင်ပါတယ်။

၄။ကော်ဖီ
ကဖင်းဓာတ်ဟာ သွေးတိုးရောဂါ၊နှလုံးနဲ့ဆိုင်တဲ့ရောဂါတွေ၊ အာရုံကြောစနစ်တွေကို ပျက်စီးစေတယ်လို့ သိထားတာမကြာသေးပါဘူး။ဒါပေမဲ့ မကြာသေးခင်က
လေ့လာတွေ့ရှိချက်တွေအရ ကော်ဖီသောက်တာဟာ နှလုံးရောဂါဖြစ်ပွားမှု ကိုလျှော့ချပေးနိုင်ပါတယ်တဲ့။ကော်ဖီသောက်သူတွေမှာ အသည်းရောဂါ၊ဆီးချိုရောဂါ
နဲ့အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုတွေ နည်းပါးတာကိုလည်းတွေ့ရှိခဲ့ရပါတယ်။

၅။ဆန်ဖြူ
ဆန်လုံးညိုက ကျန်းမာရေးနဲ့ညီညွတ်တယ်ဆိုပြီး ဆန်ဖြူကို တစ်ခါတစ်လေမှ ချက်စားကြတဲ့သူတွေရှိပါတယ်။တကယ်တော့ ဆန်ဖြူဟာ အစာကြေညက်လွယ်ပြီး
မကြာခဏပြန်ဖြစ်တတ်တဲ့ အစာအိမ်ပြဿနာတွေကိုပါ မဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဆန်ဖြူဟာ ကစီဓာတ်လည်းနည်းပါးပြီး ဆန်လုံးညိုထက် ဆန်တွေမှာပါရှိတတ်တဲ့
အဆိပ်လည်း ပိုပြီးနည်းပါးတယ်လို့သိရပါတယ်။

၆။ပီဇာ
ပီဇာကလည်း ပေါက်ပေါက်ဆုပ်လိုပါပဲ။အဆီများတယ်၊ကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုပြီး အားလုံးကသတ်မှတ်ကြပါတယ်။ဒါပေမဲ့ ပီဇာကို ကိုယ်တိုင်အိမ်မှာ
လုပ်စားမယ်ဆိုရင်တော့ ကျန်းမာရေးအတွက်စိုးရိမ်စရာမလိုပါဘူးတဲ့။ပီဇာမှာ ပရိုတင်းဓာတ်၊အရွက်ဓာတ်၊သင်ကြိုက်နှစ်သက်ရာလတ်ဆက်ပြီးဆေးဖက်ဝင်တဲ့
အရွက်စတဲ့ အာဟာရမျှတစွာထည့်သွင်းစားသောက််မယ်ဆိုရင် ပီဇာက ကျန်းမာရေးကိုထိခိုက်စေနိုင်တယ်ဆိုတဲ့အသိကိုဖယ်လိုက်လို့ရပါပြီ။

114 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.