EXOအဖွဲ့ဝင် Xiumin ရဲ့ မွေးနေ့အတွက် ကမ္ဘာတစ်ဝန်းလုံးကပရိသတ်တွေ ပေးခဲ့ကြတဲ့လက်ဆောင်ကတော့…
Unicode
EXO ဆိုတာ ကိုရီးယားမှာသာမက ကမ္ဘာတစ်ဝန်းလုံးအနှံ့ပရိသတ်တွေရှိကြတဲ့ တောင်ကိုရီးယားအဆိုတော်အဖွဲ့တစ်ခုပါ။မိန်းကလေးပရိသတ်ကတော့
မှန်းဆစရာ မလိုလောက်အောင်ပိုများပါတယ်။မသိသေးတဲ့EXO မိန်းကလေးပရိသတ်တွေအတွက် သတင်းလေးတစ်ခုပြောပြချင်ပါတယ်။ဘာလဲဆိုတော့…ဒီကနေ့ မတ်လ ၂၆ရက်နေ့က EXO အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Xiumin ရဲ ့မွေးနေ့ဖြစ်ပါတယ်တဲ့။
အသက် ၂၈နှစ်ပြည့်မွေးနေ့ဖြစ်သလို EXO အဖွဲ့ရဲ ့အသက်အကြီးဆုံး အဖွဲ့တစ်ယောက် လည်းဖြစ်ပါတယ်။သူ့ရဲ့မွေးနေ့မှာ ထူးခြားတဲ့အမှတ်တရတစ်ခုကိုလည်း
ကမ္ဘာတစ်ဝန်းလုံးကပရိသတ်တွေက လုပ်ပေးခဲ့ကြတယ်လို့သိရပါတယ်။ပရိသတ်တွေက သူတို့ရဲ ့အချစ်ကို သက်သေပြတဲ့အနေနဲ့ တွစ်စ်တာရဲ့ trend အဖြစ်ဆုံး
ခေါင်းစဉ်တစ်ခုအဖြစ် “HappyXiuminday” ဆိုပြီး နာရီပေါင်းများစွာကြာအောင် လုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒါအပြင် Xiumin ရဲ ့နာမည်အရင်းဖြစ်တဲ့
“Minseok” ဆိုတဲ့နာမည်နဲ့လည်း ကမ္ဘာတစ်ဝန်းလုံးက trend အဖြစ်ဆုံးသတင်းခေါင်းစဉ် ၁ဝခုထဲမှာပါဝင်အောင် ကြိုးစားလုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။
ကမ္ဘာတစ်ဝန်းလုံးမှာသာမက ကိုရီးယားရဲ ့ရေပန်းအစားဆုံး သတင်းနေရာမှာလည်း “HappyXiuminday” ဆိုတာကို နံပါတ်တစ်နေရာရောက်အောင်
ကိုရီးယားပရိသတ်တွေက ကြိုးစားခဲ့ကြပါတယ််။တွစ်စ်တာကနေ မွေးနေ့ဆုတောင်ပေးထားတဲ့စာတွေကလည်းမနည်းမနောပါပဲ။
အဲ့ဒီထဲကမှ ချစ်စရာမွေးနေ့ဆုတောင်းစာလေးတွေကိုဖော်ပြပေးချင်ပါတယ််။ ပရိသတ်တစ်ယောက်က” ငါ့ရဲ ့နတ်သားလေးရေ ပျော်ရွှင်စရာမွေးနေ့လေးပါ။မင်းဟာ ကောင်းမွန်ဆုံးအရာတွေနဲ့ထိုက်တန်တဲ့သူတစ်ယောက််ပါ။မင်းရဲ ့ဖြစ်တည်မှုကို ငါဘယ်လောက််ချစ်မြတ်နိုးရလဲဆိုတာကို စကားလုံးတွေနဲ့အစားထိုး ထည့်သွင်းပြောဖို့တောင်စဉ်းစားလို့မရပါဘူး။မွေးဖွားလာပေးတဲ့အတွက်ကျေး
ဇူးပါ။ပျော်ရွှင်စရာနေ့လေးတစ်နေ့ဖြစ်ဖို့မျှော်လင့်ပါတယ်”ဆိုပြီး ချစ်စဖွယ်ရေးသားခဲ့ပါတယ်။
EXO အဖွဲ့ရဲ ့ပင်တိုင်အမာခံပရိသတ်အဖွဲ့ဖြစ်တဲ့ EXOGLOBAL ကလည်း “ငါတို့ဘဝရဲ ့အတောက်ပဆုံး၊ငါတို့မျက်လုံးထဲမှာပျော်ရွှင်စရာအကောင်းဆုံး၊ငါတို့
ရဲ ့ကြီးကျယ်ခမ်းနားတဲ့လွှမ်းမိုးသူလေးရေ အရာအားလုံး အတွက် ကျေးဇူးတင်ပါတယ်။ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ ငါတို့ရဲ ့ချစ်ခင်ယုယရတဲ့၊EXO ပရိသတ်တွေရဲ ့ချစ်ခင်တန်ဖိုးထားရတဲ့ Xiumin ရေ ” ဆိုပြီးတွစ်စ်တာမှာ ရေးသားထားတာမြင်တွေ့ရပါတယ်။
ဒီက EXO အဖွဲ့ဝင် Xiumin ရဲ ့ပရိသတ်တွေကလည်း မွေးနေ့ဆုတောင်းစကားလေးတွေရေးခဲ့ပါဦး။
111 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.