နံနက်ခင်းကိုအကျည်းတန်စေတဲ့ခံတွင်းနံ့ဆိုးတွေကင်းဝေးစေဖို့

လူတစ်ချို့ဟာ မနက်အိပ်ယာနိုးလို့မျက်လုံးနှစ်လုံးပွင့်ပွင့်ခြင်း အချိန်မှာ တစ်ခြားသူတစ်ယောက်နဲ့စကားပြောသည်ဖြစ်စေ ကိုယ်တိုင် စကားပြောရင်းဖြစ်စေပါးစပ်အနံ့ဆိုးဆိုးဝါးဝါးတွေထွက်တတ်ကြပါတယ်။ဒီအနံ့ဆိုးကြီးတွေဟာ လှပတဲ့မနက်ခင်းကို အကျည်းတန်စေတာလည်း အမှန်ပါပဲ ။ ဆိုတော့ စောစောစီးစီး မှာဒီလို ဆိုးဆိုးဝါးဝါး အနံ့ဆိုးတွေမထွက်အောင် ဘယ်အချက်လေးတွေကို ဆောင်ရန်ရှောင်ရန်သိသင့်သလဲဆိုတာ…
(၁) ကြက်သွန်ဖြူ၊ကြက်သွန်နီ အစိမ်းကိုက်ခြင်ကိုရှောင်ပါ
ကြက်သွန်ဖြူကြက်သွန်နီဟာ အစိမ်းပဲစားစား အကျက်ပဲစားစားကျန်းမာရေးနဲ့ညီညွတ်တဲ့အစားစာတစ်ခုပါ။ ဒါပင်မဲ့ နေ့စဉ်ရက်တိုင်း အချိန်တိုင်းဘာစားစားရယ် ကြက်သွန်ဖြူနီအစိမ်းပါ စားတာမျိုးရှောင်ပါ။ တစ်ပတ်ကို တစ်ခါလောက်စားပေးတာနဲ့တင်အဆင်ပြေပါတယ်။ ခဏခဏစားတဲ့အခါ ဒီအရာတွေဟာ ခံတွင်း မှာအနံ့စွဲစေတာမို့စားတော့စားပါ။ ခဏခဏ အစိမ်းမစားဖို့ဖြစ်နိုင်ရင်ကြိုးစားကြည့်ပါ။ခံတွင်းနံ့ကို ဆိုးဆိုးဝါးဝါးဖြစ်စေတဲ့အဓိကတရားခံစားသောက်ကုန်ဆိုလည်းမမှားပါဘူး။
(၂) ညအိပ်ယာမ၀င်ခင်သွားတိုက်ပါ
ကျန်တဲ့အချိန်တွေမှာ အကြောင်းအမျိုးမျိုးကြောင့်သွားမတိုက်ဖြစ်ရင်တောင် မနက် တစ်ခေါက်နဲ့ညအိပ်ယာဝင်ချိန်တစ်ခေါက်တော့ သွားတိုက်ပေးပါ။ညဘက်အိပ်ယာဝင်ချိန်သွားတိုက်ခြင်းဟာ အိပ်စက်ချိန်ပါးစပ်အတွင်းကပိုးမွှားတွေကိုကာကွယ်ပေးနိင်တဲ့အပြင်တစ်နေ့လုံးစားထားသောက်ထားတဲ့
အစာကြေးတွေ အနံ့အသက်တွေကို သက်သာစေရန်ဖြစ်ပါတယ်။
(၃) ပါးစပ်ဖွင့်ပြီး မအိပ်ပါနဲ့
တစ်ချို့သူတွေဟာ ညဘက်အိပ်တဲ့အခါပါးစပ်ပို ဖွင့်ရက်ကြီးအိပ်တတ်ကြပါတယ်။ တစ်ချို့ကအကျင့်ကြီးကိုပါနေတာပါ။ ဖြစ်နိုင်ရင်ကြိုးစားပြီးပြင်စေချင်ပါတယ်။ ပါးစပ်ဖွင့်ပြီးအိပ်စက်မိတဲ့ ညဘက်တွေမှာ ပါးစပ်အတွင်း မမြင်နိုင်တဲ့ Batteria ပိုးမွှားတွေ ဖုန်တွေ ၀င်ရောက်လာနိုင်ပြီး
မနက်မိုးလင်းတဲ့အခါ ခံတွင်းအတွင်းအနံ့ဆိုးတွေဖြစ်စေနိုင်ပါတယ်။
(၄) လျှာကိုပါတိုက်ပါ
သွားတိုက်တဲ့အချိန်တိုင်းမှာ လျှာကိုပါသေချာတိုက်ပေးပါ။ လျှာပေါ်မှာရှိတဲ့အညစ်ကြေးတွေ အချွဲအကျိတွေကခံတွင်းအနံ့ဆိုးတွေကိုဖြစ်စေနိုင်တာမလို့ လျှာပေါ်က အဖြူရောင်ဖြစ်နေတဲ့အညစ်အကြေးတွေကိုပါသေချာတိုက်ချွတ်ပေးပါ။
(၅) ရေများများသောက်ပါ
ခံတွင်းကျန်းမာပြီးအနံ့မသက်ကောင်းစေဖို့ရေများများသောက်ပေးဖို့လိုအပ်ပါတယ်။ ရေဓာတ်အားနည်းတဲ့သူရဲ့ခံတွင်းဟာမနက်ပိုင်းမှမဟုတ်ဘူး တစ်နေ့တာလုံး အနံ့သက်ကောင်းကောင်းမထွက်စေပါဘူး။ ခန္ဓာကိုယ်မှာအပူများတာကြောင့်ပါးစပ်အနံ့ဆိုးတာမျိုးဖြစ်နိုင်သလို
ရေဓာတ်များများ မရရှိတာကြောင့် ခံတွင်းအတွင်းက ပိုးမွှားတွေ ကို မတွန်းလှန်နိုင်ပါဘူး။ ဒါကြောင့် ရေများများသောက်ခြင်းဟာလည်း ခံတွင်းအနံ့ဆိုးတွေကိုကုသတဲ့ဆေးတစ်မျိုးပါပဲ။
မနက်ခင်းတိုင်းကို ဆိုးဝါးတဲ့ ခံတွင်းနံ့တွေရန်ကကင်းဝေးကြပြီး သာယာချိုသာတဲ့ မနက်ခင်းတွေ အဖြစ် အနံ့အသက်ကောင်းကောင်းနဲ့ စတင်နိုးထ ဖြတ်သန်းနိုင်ကြပါစေလို့ဆုတောင်းရင်း…

Unicode

တစ်ယောက်နဲ့တစ်ယောက်ချစ်လို့ရယ်ကြိုက်လို့ရယ်တွဲကြတယ် ချစ်ကြတယ် သမီးရည်းစားတွေဖြစ်ကြတယ်။ ဒါတွေဟာ အဆန်းရယ်တော့မဟုတ်လေဘူး၊ သေချာပြောရရင် သိပ်ခက်ခဲတဲ့ကိစ္စရယ်တော့ မဟုတ်ကြဘူး။ ဒါပင်မဲ့ ကိုယ်တွဲတဲ့သူ ကိုယ်ချစ်တဲ့သူ ကိုယ့်ကိုယ်ချစ်တဲ့သူ ဒါတွေတစ်ထပ်တည်းကျတဲ့သူမျိုးနဲ့သေဆုံးချိန်ထိ လက်မလွှတ်ပဲ မခွာမခွာပေါင်းသင်းနိင်ဖို့ဆိုတာ ရှားပါတယ်။ ကံပါမှပေါင်းရမယ်ဆိုတာကလည်း မှန်သင့်သလောက်မှန်ပင်မဲ့ကိုယ်တကယ်ပေါင်းဖက်ချင်တဲ့သူနဲ့ပေါင်းဖက်နိုင်ဖို့ ဘယ်လိုစိတ်လေးတွေရှိဖို့လိုသလဲဆိုတာ…
(၁) နားလည်ပေးနိုင်ဖို့လိုတယ်
တစ်ယောက်နဲ့တစ်ယောက်ကြိုက်ဖို့ချစ်ဖို့ကမခက်ခဲပါဘူး။ တစ်မေတည်းကမွေးတဲ့မောင်နှမတွေတောင်စိတ်ချင်းမတူညီနိုင်ပါဘူး။ ဆိုတော့ကိုယ်တွဲနေတဲ့ကိုယ်ချစ်သူနဲ့ကိုယ်နဲ့ဟာလည်း အမြဲတမ်းကြီး သဘောထားတိုက်ဆိုင်တာမျိုး ကြီးပဲဖြစ်နေမှာမဟုတ်ပါဘူး။ အဲ့လို အခြေအနေမျိုး
တွေမှာ တစ်ယောက်သဘောထားကိုတစ်ယောက် တစ်ယောက်စိတ်ကို တစ်ယောက် နားလည်ပေးနိုင်ဖို့လိုပါတယ်။
(၂) လက်ခံပေးနို်င်ဖို့လိုတယ်
လူတိုင်းမှာ မမှောင်ခြမ်းဆိုတာရှိပါတယ်။ လူတိုင်းကြိုက်လူတိုင်းသဘောကျနိုင်တဲ့ကိုယ့်ချစ်သူရဲ့ကောင်းကွက်တွေကိုပဲ လက်ခံပေးနိုင်တာမျိုးမဟုတ်ပဲ အားနညး်ချက်တွေ အဆိုးတွေကိုပါတတ်နိုင်သလောက် ဖေးမကူညီပေးပြီးလက်ခံပေးနိုင်မှသာ တစ်သက်လုံးအတွက်ချစ်နိုင်ကြမှာပါ။
(၃) တောင့်ခံနိုင်ဖို့လိုတယ်
တစ်ချို့အတွဲတွေဟာ နှစ်ဦးနှစ်ဖက်အဆင်ပြေနေတဲ့အချိန်မှာတော့ အရမ်းကို တစ်ယောက်ကို တစ်ယောက်ချစ်ပြကြ ပြီးတစ်ကယ်ချစ်တယ်လို့ထင်ယောင်ထင်မှားဖြစ်တတ်ကြပါတယ်။ တကယ်တော့ အဆင်ပြေတဲ့အချိန်ရောခက်ခဲတဲ့ အချိန်ပါ တစ်ယောက်နဲ့တစ်ယောက်အဆင်ပြေပြေနေနိင်ပြီး
ပြဿနာမှန်သမျှရင်ဆိုင်ကျော်ဖြတ်ကာ တောင့်ခံနိုင်ဖို့လိုအပ်ပါတယ်။
(၄) တန်ဖိုးထားမြတ်နိုးဖို့လိုပါတယ်
တစ်ယောက်နဲ့တစ်ယောက်ဘယ်လောက်ချစ်ပါတယ် ကြိုက်ပါတယ် အော်နေရုံနဲ့မရပါဘူး။ တစ်ယောက်ကိုတစ်ယောက်ရိုသေမှုနဲ့တန်ဖိုးထားမှုရှိမှသာ တစ်သက်တာအတွက်ခိုင်မြဲမှာပါ။ ဒါကြောင့် ကိုယ့်ချစ်သူ အတွက်ပဲဖြစ်ဖြစ် ကိုယ့် ဘဝကို ကိုယ်တိုင်တန်ဖိုးရှိအောင်ဖြတ်သန်းပါ။
(၅) ယုံကြည်မှုရှိဖို့လိုတယ်
တစ်ယောက်ပေါ်တစ်ယောက်သံသယတွေနဲ့RS တစ်ခုဟာ အဆုံးသတ် မလှတတ်ကြပါဘူး။ ဒါကြောင့် လူမှုရေးနယ်ပယ်မှာပဲ ဖြစ်ဖြစ် ဘယ်နေရာမှာ မဆို ဘယ်အကြောင်းအရာ မဆို ကိုယ်ချစ်ရသူကို ယုံကြည်မှုထားပေးဖို့လိုပါတယ်။ ဒီလိုတစ်ယောက်ပေါ်တစ်ယောက်ယုံကြည်မှုထားနိုင်မှ
တစ်သက်လုံး ပေါင်းသင်းနိုင်ဖို့ဆိုတာဖြစ်လာနိုင်မှာပါ။
လူတိုင်းဟာ ကိုယ်ချစ်တဲ့သူနဲ့သေတစ်ဆုံးပေါင်းဖက်ချင်ကြတာပါပဲလေ။ ဒါပင်မဲ့ အပေါ်က အချက်လေးတွေ ကို ကောင်းကောင်းမကျော်လွှားနိုင်ကြတဲ့အခါ အလယ်မှာပင် ပြတ်တောက်သွားတာတွေအများကြီးပါ။ ဆိုတော့ကိုယ်ချစ်ရသူတွေနဲ့ဖိုးဖိုးဖွားဖွားဖြစ်တဲ့ချိန်ထိ အနားမှာ ပျော်ရွှင်စွာနေထိုင်သွားရပါစေလို့ဆုတောင်းရင်း….ငြး…

552 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.