ေသတစ္ဖန္သက္တစ္ဆံုးေပါင္းစည္းနိုင္ဖို႕ဆိုတာ…

တစ္ေယာက္နဲ႕တစ္ေယာက္ခ်စ္လို႕ရယ္ျကိုက္လို႕ရယ္တြဲျကတယ္ ခ်စ္ျကတယ္ သမီးရည္းစားေတြျဖစ္ျကတယ္။ ဒါေတြဟာ အဆန္းရယ္ေတာ႔မဟုတ္ေလဘူး၊ ေသခ်ာေျပာရရင္ သိပ္ခက္ခဲတဲ႔ကိစၥရယ္ေတာ႔ မဟုတ္ျကဘူး။ ဒါပင္မဲ႔ ကိုယ္တြဲတဲ႔သူ ကိုယ္ခ်စ္တဲ႔သူ ကိုယ္႔ကိုယ္ခ်စ္တဲ႔သူ ဒါေတြတစ္ထပ္တည္းက်တဲ႔သူမ်ိဳးနဲ႕ေသဆံုးခ်ိန္ထိ လက္မလႊတ္ပဲ မခြာမခြာေပါင္းသင္းနိင္ဖို႕ဆိုတာ ရွားပါတယ္။ ကံပါမွေပါင္းရမယ္ဆိုတာကလည္း မွန္သင္႔သေလာက္မွန္ပင္မဲ႔ကိုယ္တကယ္ေပါင္းဖက္ခ်င္တဲ႔သူနဲ႕ေပါင္းဖက္နိုင္ဖို႕ ဘယ္လိုစိတ္ေလးေတြရွိဖို႕လိုသလဲဆိုတာ…
(၁) နားလည္ေပးနိုင္ဖို႕လိုတယ္
တစ္ေယာက္နဲ႕တစ္ေယာက္ျကိုက္ဖို႕ခ်စ္ဖို႕ကမခက္ခဲပါဘူး။ တစ္ေမတည္းကေမြးတဲ႔ေမာင္နွမေတြေတာင္စိတ္ခ်င္းမတူညီနုိင္ပါဘူး။ ဆိုေတာ႔ကိုယ္တြဲေနတဲ႔ကိုယ္ခ်စ္သူနဲ႕ကိုယ္နဲ႔ဟာလည္း အျမဲတမ္းျကီး သေဘာထားတိုက္ဆိုင္တာမ်ိဳး ျကီးပဲျဖစ္ေနမွာမဟုတ္ပါဘူး။ အဲ႔လို အေျခအေနမ်ိဳး
ေတြမွာ တစ္ေယာက္သေဘာထားကုိတစ္ေယာက္ တစ္ေယာက္စိတ္ကို တစ္ေယာက္ နားလည္ေပးနိုင္ဖို႕လုိပါတယ္။
(၂) လက္ခံေပးနုိ္င္ဖို႕လိုတယ္
လူတိုင္းမွာ မေမွာင္ျခမ္းဆိုတာရွိပါတယ္။ လူတိုင္းျကိုက္လူတိုင္းသေဘာက်နိုင္တဲ႔ကိုယ္႔ခ်စ္သူရဲ႕ေကာင္းကြက္ေတြကိုပဲ လက္ခံေပးနိုင္တာမ်ိဳးမဟုတ္ပဲ အားနညး္ခ်က္ေတြ အဆိုးေတြကိုပါတတ္နုိင္သေလာက္ ေဖးမကူညီေပးျပီးလက္ခံေပးနိုင္မွသာ တစ္သက္လံုးအတြက္ခ်စ္နိုင္ျကမွာပါ။
(၃) ေတာင္႔ခံနုိင္ဖို႕လိုတယ္
တစ္ခိ်ဳ႕အတြဲေတြဟာ နွစ္ဦးနွစ္ဖက္အဆင္ေျပေနတဲ႔အခ်ိန္မွာေတာ႔ အရမ္းကုိ တစ္ေယာက္ကို တစ္ေယာက္ခ်စ္ျပျက ျပီးတစ္ကယ္ခ်စ္တယ္လို႕ထင္ေယာင္ထင္မွားျဖစ္တတ္ျကပါတယ္။ တကယ္ေတာ႔ အဆင္ေျပတဲ႔အခ်ိန္ေရာခက္ခဲတဲ႔ အခ်ိန္ပါ တစ္ေယာက္နဲ႕တစ္ေယာက္အဆင္ေျပေျပေနနိင္ျပီး
ျပႆနာမွန္သမ်ွရင္ဆိုင္ေက်ာ္ျဖတ္ကာ ေတာင္႔ခံနိုင္ဖို႕လုိအပ္ပါတယ္။
(၄) တန္ဖိုးထားျမတ္နုိးဖို႕လုိပါတယ္
တစ္ေယာက္နဲ႕တစ္ေယာက္ဘယ္ေလာက္ခ်စ္ပါတယ္ ျကိုက္ပါတယ္ ေအာ္ေနရံုနဲ႕မရပါဘူး။ တစ္ေယာက္ကိုတစ္ေယာက္ရိုေသမႈနဲ႕တန္ဖိုးထားမႈရွိမွသာ တစ္သက္တာအတြက္ခိုင္ျမဲမွာပါ။ ဒါေျကာင္႔ ကိုယ္႔ခ်စ္သူ အတြက္ပဲျဖစ္ျဖစ္ ကိုယ္႔ ဘ၀ကုိ ကိုယ္တိုင္တန္ဖိုးရွိေအာင္ျဖတ္သန္းပါ။
(၅) ယံုျကည္မႈရွိဖို႕လိုတယ္
တစ္ေယာက္ေပၚတစ္ေယာက္သံသယေတြနဲ႕RS တစ္ခုဟာ အဆံုးသတ္ မလွတတ္ျကပါဘူး။ ဒါေျကာင္႔ လူမႈေရးနယ္ပယ္မွာပဲ ျဖစ္ျဖစ္ ဘယ္ေနရာမွာ မဆို ဘယ္အေျကာင္းအရာ မဆို ကိုယ္ခ်စ္ရသူကို ယံုျကည္မႈထားေပးဖို႔လိုပါတယ္။ ဒီလိုတစ္ေယာက္ေပၚတစ္ေယာက္ယံုျကည္မႈထားနိုင္မွ
တစ္သက္လံုး ေပါင္းသင္းနိုင္ဖို႕ဆိုတာျဖစ္လာနိုင္မွာပါ။
လူတိုင္းဟာ ကိုယ္ခ်စ္တဲ႔သူနဲ႕ေသတစ္ဆံုးေပါင္းဖက္ခ်င္ျကတာပါပဲေလ။ ဒါပင္မဲ႔ အေပၚက အခ်က္ေလးေတြ ကို ေကာင္းေကာင္းမေက်ာ္လႊားနိုင္ျကတဲ႔အခါ အလယ္မွာပင္ ျပတ္ေတာက္သြားတာေတြအမ်ားျကီးပါ။ ဆိုေတာ႔ကိုယ္ခ်စ္ရသူေတြနဲ႕ဖိုးဖုိးဖြားဖြားျဖစ္တဲ႔ခ်ိန္ထိ အနားမွာ ေပ်ာ္ရႊင္စြာေနထိုင္သြားရပါေစလို႕ဆုေတာင္းရင္း….

Unicode

တစ်ယောက်နဲ့တစ်ယောက်ချစ်လို့ရယ်ကြိုက်လို့ရယ်တွဲကြတယ် ချစ်ကြတယ် သမီးရည်းစားတွေဖြစ်ကြတယ်။ ဒါတွေဟာ အဆန်းရယ်တော့မဟုတ်လေဘူး၊ သေချာပြောရရင် သိပ်ခက်ခဲတဲ့ကိစ္စရယ်တော့ မဟုတ်ကြဘူး။ ဒါပင်မဲ့ ကိုယ်တွဲတဲ့သူ ကိုယ်ချစ်တဲ့သူ ကိုယ့်ကိုယ်ချစ်တဲ့သူ ဒါတွေတစ်ထပ်တည်းကျတဲ့သူမျိုးနဲ့သေဆုံးချိန်ထိ လက်မလွှတ်ပဲ မခွာမခွာပေါင်းသင်းနိင်ဖို့ဆိုတာ ရှားပါတယ်။ ကံပါမှပေါင်းရမယ်ဆိုတာကလည်း မှန်သင့်သလောက်မှန်ပင်မဲ့ကိုယ်တကယ်ပေါင်းဖက်ချင်တဲ့သူနဲ့ပေါင်းဖက်နိုင်ဖို့ ဘယ်လိုစိတ်လေးတွေရှိဖို့လိုသလဲဆိုတာ…
(၁) နားလည်ပေးနိုင်ဖို့လိုတယ်
တစ်ယောက်နဲ့တစ်ယောက်ကြိုက်ဖို့ချစ်ဖို့ကမခက်ခဲပါဘူး။ တစ်မေတည်းကမွေးတဲ့မောင်နှမတွေတောင်စိတ်ချင်းမတူညီနိုင်ပါဘူး။ ဆိုတော့ကိုယ်တွဲနေတဲ့ကိုယ်ချစ်သူနဲ့ကိုယ်နဲ့ဟာလည်း အမြဲတမ်းကြီး သဘောထားတိုက်ဆိုင်တာမျိုး ကြီးပဲဖြစ်နေမှာမဟုတ်ပါဘူး။ အဲ့လို အခြေအနေမျိုး
တွေမှာ တစ်ယောက်သဘောထားကိုတစ်ယောက် တစ်ယောက်စိတ်ကို တစ်ယောက် နားလည်ပေးနိုင်ဖို့လိုပါတယ်။
(၂) လက်ခံပေးနို်င်ဖို့လိုတယ်
လူတိုင်းမှာ မမှောင်ခြမ်းဆိုတာရှိပါတယ်။ လူတိုင်းကြိုက်လူတိုင်းသဘောကျနိုင်တဲ့ကိုယ့်ချစ်သူရဲ့ကောင်းကွက်တွေကိုပဲ လက်ခံပေးနိုင်တာမျိုးမဟုတ်ပဲ အားနညး်ချက်တွေ အဆိုးတွေကိုပါတတ်နိုင်သလောက် ဖေးမကူညီပေးပြီးလက်ခံပေးနိုင်မှသာ တစ်သက်လုံးအတွက်ချစ်နိုင်ကြမှာပါ။
(၃) တောင့်ခံနိုင်ဖို့လိုတယ်
တစ်ချို့အတွဲတွေဟာ နှစ်ဦးနှစ်ဖက်အဆင်ပြေနေတဲ့အချိန်မှာတော့ အရမ်းကို တစ်ယောက်ကို တစ်ယောက်ချစ်ပြကြ ပြီးတစ်ကယ်ချစ်တယ်လို့ထင်ယောင်ထင်မှားဖြစ်တတ်ကြပါတယ်။ တကယ်တော့ အဆင်ပြေတဲ့အချိန်ရောခက်ခဲတဲ့ အချိန်ပါ တစ်ယောက်နဲ့တစ်ယောက်အဆင်ပြေပြေနေနိင်ပြီး
ပြဿနာမှန်သမျှရင်ဆိုင်ကျော်ဖြတ်ကာ တောင့်ခံနိုင်ဖို့လိုအပ်ပါတယ်။
(၄) တန်ဖိုးထားမြတ်နိုးဖို့လိုပါတယ်
တစ်ယောက်နဲ့တစ်ယောက်ဘယ်လောက်ချစ်ပါတယ် ကြိုက်ပါတယ် အော်နေရုံနဲ့မရပါဘူး။ တစ်ယောက်ကိုတစ်ယောက်ရိုသေမှုနဲ့တန်ဖိုးထားမှုရှိမှသာ တစ်သက်တာအတွက်ခိုင်မြဲမှာပါ။ ဒါကြောင့် ကိုယ့်ချစ်သူ အတွက်ပဲဖြစ်ဖြစ် ကိုယ့် ဘဝကို ကိုယ်တိုင်တန်ဖိုးရှိအောင်ဖြတ်သန်းပါ။
(၅) ယုံကြည်မှုရှိဖို့လိုတယ်
တစ်ယောက်ပေါ်တစ်ယောက်သံသယတွေနဲ့RS တစ်ခုဟာ အဆုံးသတ် မလှတတ်ကြပါဘူး။ ဒါကြောင့် လူမှုရေးနယ်ပယ်မှာပဲ ဖြစ်ဖြစ် ဘယ်နေရာမှာ မဆို ဘယ်အကြောင်းအရာ မဆို ကိုယ်ချစ်ရသူကို ယုံကြည်မှုထားပေးဖို့လိုပါတယ်။ ဒီလိုတစ်ယောက်ပေါ်တစ်ယောက်ယုံကြည်မှုထားနိုင်မှ
တစ်သက်လုံး ပေါင်းသင်းနိုင်ဖို့ဆိုတာဖြစ်လာနိုင်မှာပါ။
လူတိုင်းဟာ ကိုယ်ချစ်တဲ့သူနဲ့သေတစ်ဆုံးပေါင်းဖက်ချင်ကြတာပါပဲလေ။ ဒါပင်မဲ့ အပေါ်က အချက်လေးတွေ ကို ကောင်းကောင်းမကျော်လွှားနိုင်ကြတဲ့အခါ အလယ်မှာပင် ပြတ်တောက်သွားတာတွေအများကြီးပါ။ ဆိုတော့ကိုယ်ချစ်ရသူတွေနဲ့ဖိုးဖိုးဖွားဖွားဖြစ်တဲ့ချိန်ထိ အနားမှာ ပျော်ရွှင်စွာနေထိုင်သွားရပါစေလို့ဆုတောင်းရင်း….

 

3K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.