လူတိုင်းနဲ့ လိုက်ဖက်မှုရှိစေပြီး ဘယ်တော့မှ ရိုးမသွားမယ့် အ၀တ်အစားဒီဇိုင်း (၆)မျိုး

free-ship-orange-and-khaki-autumn-winter-formal-dress-silk-wool-women-s-coat-women-s.jpg

တစ်ခါတစ်လေ အပြင်သွားဖို့ ဘာဝတ်လို့ဝတ်ရမှန်းမသိ ဦးနှောက်စားနေတဲ့အခါမျိုးတွေ၊ ဒါမှမဟုတ် ကိုယ့်အသိတစ်ယောက်ယောက်အတွက်၊ သူငယ်ချင်းတစ်ယောက်ယောက်အတွက် အ၀တ်အစား လက်ဆောင်ပေးဖို့အတွက် ခေါင်းစားနေရတဲ့အခါမျိုးတွေ ရှိတတ်ပါတယ်။ သူ့အကြိုက်ကို သိပေမယ့် လိုက်မလိုက် အချိန်ပေးစဉ်းစားနေရတယ်ဆိုရင်တော့ ဒီမှာ ဖော်ပြထားတဲ့ ပုံလေးတွေက အဲ့ဒီပြဿနာကို ဖြေရှင်းပေးနိုင်မှာပါ။ လူတိုင်းနဲ့ လိုက်ဖက်ပြီး အထာကျစေမယ့် အင်္ကျံဒီဇိုင်းလေးတွေ၊ ၀တ်စုံနဲ့ ဘောင်းဘီတွေကို ရွေးချယ်ပေးထားတာမို့ အာရုံနောက်စရာ မလိုတော့ဘူးပေါ့နော်။

၁။ Fit and Flare Dress

ဒီလို ဂါဝန်အကားလေးတွေက ၀တ်သူတိုင်းကို ချစ်စရာသွင်ပြင် ဖန်တီးပေးနိုင်တဲ့အပြင် ဘယ်တော့မှ ရိုးမသွားတဲ့ ဖက်ရှင်ပါပဲ။ လက်ပြတ်မ၀တ်ရဲဘူးဆိုရင်တော့ လက်ပါတဲ့ Dress လေး စဉ်းစားကြည့်လိုက်ပေါ့နော်။

၂။ Pencil Skirt

ဟိုးအရင်တုန်းက ခေတ်စားခဲ့တဲ့ Pencil စကတ်တွေကလည်း ၀တ်တဲ့သူကို အချိုးကျလှပစေနိုင်ပါတယ်။ ခုနောက်ပိုင်းတစ်ပတ်ပြန်လည် စီးဆင်းလာတဲ့ ဖက်ရှင်လည်း ဖြစ်တာမို့ ၀တ်ကြည့်လိုက်ပါလို့။

၃။Dark,skinny jeans

အရမ်းမပွတဲ့ အရောင်ရင့်ရင့် ဂျင်းဘောင်းဘီရှည်တွေက သင်ဘာနဲ့တွဲဝတ်ဝတ်အလိုက်ဖက်ဆုံး ဖြစ်စေမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ skinny ၀တ်နိုင်ရင် အမိုက်ဆုံးမို့ ကျပ်တာမျိုး မကြိုက်ဘူးဆိုရင်တောင် အရမ်းပွဲတဲ့ ဂျင်းကိုတော့ ရှောင်စေချင်ပါတယ်။

၎။Wrap Dress

ရှေးယခင်အဆက်ဆက်ကတည်းက မော်ဒယ်တွေ နှစ်ခြိုက်စွာဝတ်ဆင်လေ့ရှိတယ် Dress ဒီဇိုင်းပါ။ ခန္ဓာကိုယ်အချိုးအစားကို ပေါ်လွင်စေတဲ့အပြင် ထသွားထလာကနေ ပွဲတက်အထိ ဆင်မြန်းနိုင်တဲ့ ဒီဇိုင်းတစ်ခုဖြစ်ပါတယ်။

၅။ Moto-Inspired Jacket

ဂျက်ကတ်အရှည်တွေက လူတိုင်းနဲ့ လိုက်ဖက်ပါတယ်။ အဲ့ဒီအထဲကမှ Biker ဂျက်ကတ် ၊ တစ်နည်းအားဖြင့် Moto ဂျက်ကတ်တွေဟာ ခေတ်ဆန်စေတဲ့အပြင် ခုလို ရာသီဥတုနဲ့ အလိုက်ဖက်ဆုံး ဒီဇိုင်းတစ်ခုပါ။

၆။ V-Neck Sweater

လည်ပင်းဗီရှိတ်ရှိတဲ့ မထူမပါး ဆွယ်တာသားတွေကတော့ ထသွားထလာအတွက် အဆင်အပြေဆုံးပါပဲ။ လူတိုင်းနဲ့ လိုက်ဖက်သလို ကိုယ့်ဘာသာကိုယ် ပြန်ဆန်းသစ်ပြီး ရှပ်အတိုကိုအောက်ကထား၊ ဆွယ်တာကို အပေါ်ထပ်ပြီး ပြင်ဆင်ဝတ်နိုင်သလို ဒီဆွယ်တာအပါးတစ်ထပ်တည်း ၀တ်ရင်လည်း မိုက်တာပါပဲ။

Ref:seventeen

15 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.