ကိုယ်ဝတ်တဲ့အောက်ခံဘောင်းဘီပုံစံက ပြောပြနေတဲ့ သင့်အကြောင်း

ကိုယ်ဝတ်တဲ့အဝတ်စားကို ဘယ်လိုရွေးချယ်ကြလဲ ? မဂ္ဂဇင်းမှာတွေ့တဲ့ စတိုင်လ်လမ်းစဉ်အတိုင်း လိုက်ကြတာလား ? သူငယ်ချင်းတွေ အကြံနဲ့လား? ဘလော့ကာ တွေရဲ့နည်းနာတွေအတိုင်းလား? စတိုင်လ်ပညာရှင် Kate Nightingale က လူတွေရဲ့စိတ်ခံစားချက်မှုအတိုင်း ရွေးချယ်ဝတ်ကြတဲ့ ပုံစံနဲ့ပတ်သတ်ပြီး လူတစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြနိုင်တယ်လို့ပြောပါတယ်။
ဒါဆို ကိုယ်ဝတ်တဲ့အောက်ခံဘောင်းဘီပုံစံနဲ့ ပတ်သတ်ပြီးပြောပြနေတဲ့ သင့်အကြောင်းက ဘာတွေဖြစ်မလဲ ?

T-string


သင်ဟာ ယုံကြည်ချက်ရှိသူပါ။ အမှီခိုကင်းကင်း လွတ်လပ်စွာနေလိုတယ်။ အဖိုးတန်အရည်ချင်းတွေ ၊ ကျွမ်းကျင်လိမ္မာမှုတွေကို လိုတဲ့အချိန်မှ ထုတ်သုံးတတ်ပါတယ်။

G-string


သူများတွေနဲ့ ကွဲထွက်ရမှာကိုမကြောက်ဘူး။ သက်သာဇုန်ထဲကနေ လွတ်မြောက်ဖို့ အမြဲအဆင်သင့်ဖြစ်နေတယ်။ ဒါပေမယ့် ဘယ်လိုချိန်ဆရမယ် ၊ ဘာကိုတော့ ထိန်ချန်ထားပြီး ဘာကိုတော့ ပြောသင့်တယ်ဆိုတာကို သင့်အနေနဲ့ကောင်းကောင်းသဘောပေါက်တယ်။

Thong


သင်ဟာ ရည်မှန်းချက်ကြီးမားပြီး စိတ်ဓာတ်ကြံခိုင်သူတစ်ဦးဖြစ်ပါတယ်။ လိုချင်တာရှိရင် ဘယ်လောက်ပဲအခက်ခဲရှိရှိရအောင် ဖန်တီးသူပါ။ ဆွဲဆောင်မှုရှိတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ၊ လူတွေကအားကျ လေးစားရတဲ့လူတစ်ယောက်အဖြစ် ရပ်တည်နိုင်မှာပါ။

Tanga


သာမန်ဘဝတစ်ခုမှာ ဘယ်လိုပျော်ရွှင်အောင်နေရမလဲဆိုတာ သင်သိတယ်။ သဘာဝတရားရဲ့အလှစစ်ကို လွတ်လပ်စွာခံစားလိုသူဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ်နောက်ကြောမခံပဲ အမြဲတမ်းတိုးတက်ဖို့သာ ကြိုးစားနေသူဖြစ်ပါတယ်။

Cheekies


သင်ဟာ သည်းခံတတ်တဲ့သူမျိုးပါ။ အားအင်အပြည့်နဲ့ ရဲစွမ်းသတ္တိရိတယ်။ ဈေးဝယ်ထွက်ရတာကို အရမ်းနှစ်သက်တဲ့ မိန်းကလေးပါ။

Briefs


လက်တွေ့သမားဖြစ်ပါတယ်။ စိုးရိမ်မလွန်ဘူး။ အဲ့ဒီအစား ပြဿနာဖြေရှင်းနိုင်မယ့်နည်းလမ်းကို ခေါင်းအေးအေးနဲ့စဉ်းစားတတ်တယ်။

High-waist granny’s panties


ကိုယ့်ကိုယ်ကိုယ် စိတ်ကျေနပ်မှုရှိသူတစ်ယောက်ဖြစ်တယ်။ သူငယ်ချင်းတွေမှ ယုံကြည်ခံရဆုံးလူဖြစ်ပြီး လာကြိုက်တဲ့ ယောက်ျားလေးတွေကိုလည်း အရမ်းရွေးလွန်းပါတယ်။ အပျိုကြီးဖြစ်နိုင်တဲ့ လက္ခဏာမျိုးပါ။ ကံကောင်းရင်တော့ ချစ်သူရပါလိမ့်မယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.