အသည္းအဆီဖံုးေရာဂါမျဖစ္ေအာင္ ၾကိဳတင္ကာကြယ္ထားနုိင္မယ့္နည္းလမ္းမ်ား

အသည္းအဆီဖံုးေရာဂါဆုိတာ အသည္းထဲက ဆဲလ္ေတြမွာအဆီေတြစုပံုမ်ားျပားလာ တာပဲျဖစ္ပါတယ္။အသည္းမွာအဆီရွိတာကပံုမွန္ျဖစ္ေပမဲ႔ ၅ရာခိုင္ႏႈန္းကေန ၁၀ရာခိုင္ႏႈန္းေက်ာ္ ထိ အဆီေတြမ်ားျပားလာျပီဆုိရင္ဒါကအသည္းအဆီဖံုးျခင္းလကၡဏာတစ္ခုပါ။အသည္းအဆီဖံုးတာက အရက္ေသာက္တာေၾကာင့္ျဖစ္တတ္သလို အရက္မေသာက္သံုးေပမဲ႔လည္းျဖစ္တတ္ပါတယ္။ အသည္းအဆီဖံုးတာရဲ ႔ေရွ႔ေျပးလကၡဏာေတြကေတာ့ အစပုိင္းမွာသိပ္ျပီးမေပၚလြင္ပါဘူး။
ဒါေပမဲ႔ တစ္ခ်ိဳ႔အသည္းအဆီဖံုးလူနာေတြရဲ ႔ေျပာျပခ်က္အရ အစာအိမ္ကေနရထိုင္ရတာ သက္ေတာင့္သက္သာမရွိဘူး၊မၾကာခဏဆိုသလုိ ေမာပန္းမယ္၊အစာစားခ်င္ စိတ္ေလ်ာ့နည္းလာမယ္၊ေနလုိ႔ထုိင္လို႔လည္းမေကာင္းျဖစ္လာျပီး အျမင္အာရံုေတြလည္း ၀ုိးတိုး၀ါးတားျဖစ္လာပါတယ္တဲ႔။အဲ႔ဒီလိုမ်ိဳးခံစားေနရျပီဆုိရင္ ဆရာ၀န္နဲ႔အျမန္ဆံုးသြားေရာက္ျပသ သင့္ေနပါျပီ။ အသည္းအဆီဖံုးတာေတြအတြက္ထိေရာက္ေပ်ာက္ကင္းနုိင္တဲ႔ ေဆးကုသမႈဆုိတာမရွိပါဘူး။ဒါေပမဲ႔ ရိုးရွင္းတဲ႔ေနထုိင္မႈပံုစံေလးေျပာင္းလိုက္ရံု၊အစားအေသာက္ စားပံုေျပာင္းလဲလိုက္ရံုနဲ႔ အသည္းအဆီဖံုးေရာဂါမျဖစ္ေအာင္ ကာကြယ္ထားလို႔ရႏုိင္ပါတယ္။

အသည္းအဆီဖံုးေရာဂါမျဖစ္ေအာင္ၾကိဳတင္ကာကြယ္ထားနုိင္မယ့္နည္းလမ္းေတြကေတာ့…

၁။ကုိယ္အေလးခ်ိန္ထိန္းပါ
သင့္ခႏၶာကုိယ္ကုိသတိထားၾကည့္ပါ။ကုိယ္အေလးခ်ိန္မ်ားေနလား၊မ်ားေနတယ္ဆုိရင္ေလ်ွာ့ခ်ပါ။ကုိယ္အေလးခ်ိန္ေလ်ွာ့ခ်တာက သင့္ရဲ ႔အသည္းက်န္းမာေရးအတြက္အံ႔ၾသဖြယ္ရာ ေကာင္းမြန္ေစပါတယ္။အသည္းဆဲလ္ေတြဒဏ္ရာရတာမ်ိဳး၊အလြယ္တကူ ပ်က္စီးတာမ်ိဳး မျဖစ္ေစဖို႔ကူညီေပးႏုိင္ပါတယ္။ဒါေပမဲ႔၀ိတ္က်ေအာင္ဆုိျပီးေဆးေတြစားတာ၊ေလ့က်င့္ခန္းအျပင္းအထန္လုပ္တာမ်ိဳးမလုပ္သင့္ပါဘူး။လ်င္ျမန္စြာ၀ိတ္က်တာကလည္း အသည္းအတြက္မေကာင္းေစပါဘူး။

၂။ေလ့က်င့္ခန္းမ်ားမ်ားလုပ္ပါ
ေလ့က်င့္ခန္းလုပ္တာကအသည္းက်န္းမာေရးကုိတိုက္ရိုက္ကာကြယ္ေပးေနတာပဲျဖစ္ပါတယ္။ေလ့က်င့္ခန္းလုပ္ရင္ ခႏၶာကုိယ္ထဲကအဆီေတြေလာင္ကြ်မ္းျပီးေသြးထဲက သၾကားဓာတ္ကုိထိန္းခ်ဳပ္ေပးႏုိင္ပါတယ္။အ႔ဲဒါေၾကာင့္အသည္းအဆီဖံုးတာအျပင္ ႏွလံုးေရာဂါကုိလည္းကာကြယ္ေပးႏုိင္ပါတယ္။

၃။က်န္းမာေရးနဲ႔ညီညြတ္စာစားသံုးပါ
က်န္းမာေရးနဲ႔ညီညြတ္ေစတဲ႔အစားအစာေတြစားတာက ဘယ္လိုေရာဂါမ်ိဳးကုိမဆို ကာကြယ္ေပးႏုိင္ပါတယ္။ဗီတာမင္ေအ၊ဗီတာမင္ဘီ၊ဗီတာမင္စီဓာတ္ၾကြယ္၀တဲ႔
အစားအစာေတြက ခႏၶာကုိယ္အတြက္လိုအပ္တဲ႔အာဟာရဓာတ္ေတြ ေပးစြမ္းႏုိင္ပါတယ္။အဆီမ်ားတဲ႔အစားအစာေတြ၊အခ်ိဳေတြ၊အဆီေတြစားသံုးတာက
ခႏၶာကုိယ္မွာအဆိပ္အေတာက္ေတြသာစုပံုလာေစျပီး ေကာင္းက်ိဳးမရွိႏုိင္ပါဘူး။အဲ႔ဒါေၾကာင့္ အသည္းအတြက္ေကာင္းမြန္တဲ႔ၾကက္သြန္ျဖဴ၊ေဂၚဖီထုပ္၊အိုမီဂါသရီးအက္စစ္ပါ၀င္တဲ႔အစားအစာေတြ ၊ေထာပတ္သီး၊ငါး၊အုတ္ဂ်ဳံမႈန္႔စတဲ႔က်န္းမာေရးနဲ႔ညီညြတ္တဲ႔အစားအစာေတြစားေပးသင့္ပါတယ္။

၄။အရက္ေလွ်ာ့ေသာက္ပါ
သင္က မၾကာခဏအရက္ေသာက္တတ္သူတစ္ေယာက္လား?တစ္လကုိ ၃ၾကိမ္ကေန ၅ၾကိမ္ေလာက္ေသာက္ရင္ကုိ သင့္မွာအသည္းအဆီဖံုးဖုိ႔အလားအလာ
ရွိေနပါျပီ။ အဲ႔ဒါေၾကာင့္ ယတိျပတ္မျဖတ္ႏုိင္ရင္ေတာင္ တစ္လကုိ ၁ခါေလာက္ပဲျဖစ္ျဖစ္ ေသာက္သင့္ပါတယ္။အဲ႔ဒါမွတျဖည္းျဖည္းနဲ႔အရက္ကုိ ျဖတ္ႏုိင္လာမွာပါ။ အရက္က အသည္းအတြက္မေကာင္းတဲ႔အရာတစ္ခုပဲဆိုတာ က်န္းမာေရးအသိရွိသူတုိင္း သိထားျပီးသားအရာတစ္ခုလည္းျဖစ္ပါတယ္။

၅။ေကာ္ဖီေသာက္ပါ
ေလ့လာခ်က္ေတြအရ အသည္းအဆီဖံုးသူထဲက ေကာ္ဖီေသာက္သူေတြဟာ ေကာ္ဖီမေသာက္သူေတြထက္ အသည္းပ်က္စီးႏုိင္ေခ်နည္းပါးတယ္လို႔
ေတြ႔ရွိခဲ႔ရပါတယ္။ဒါက ေကာ္ဖီစေသာက္ဖုိ႔အတြက္လံုေလာက္တဲ႔အေၾကာင္းျပခ်က္ တစ္ခုမဟုတ္ေပမဲ႔ ေကာ္ဖီခ်စ္သူေတြအတြက္ေတာ့ သတင္းေကာင္း
တစ္ခုပါပဲ။တကယ္လုိ႔သင္က ေကာ္ဖီခ်စ္သူတစ္ေယာက္ဆုိရင္ သၾကားထည့္မေသာက္ဖုိ႔ေတာ့အၾကံေပးခ်င္ပါတယ္။

အသည္းအဆီဖံုးတာ ကာကြယ္ခ်င္တဲ႔သူေတြအတြက္အၾကံေပးခ်င္တာကေတာ့ ကိုယ့္ခႏၶာကုိယ္မအီမသာျဖစ္လာတာမ်ိဳး၊ေနထုိင္မေကာင္းျဖစ္လာတာမ်ိဳး
ဆုိ ဆရာ၀န္နဲ႔ေသခ်ာဆက္ဆက္ျပၾကည့္ဖုိ႔ပါပဲ။တစ္ပတ္ကုိ ငါးရက္ေလာက္ နာရီ၀က္စီေလ့က်င့္ခန္းလုပ္ဖို႔ကုိလည္းအၾကံေပးခ်င္ပါတယ္။

Unicode

အသည်းအဆီဖုံးရောဂါဆိုတာ အသည်းထဲက ဆဲလ်တွေမှာအဆီတွေစုပုံများပြားလာ တာပဲဖြစ်ပါတယ်။အသည်းမှာအဆီရှိတာကပုံမှန်ဖြစ်ပေမဲ့ ၅ရာခိုင်နှုန်းကနေ ၁ဝရာခိုင်နှုန်းကျော် ထိ အဆီတွေများပြားလာပြီဆိုရင်ဒါကအသည်းအဆီဖုံးခြင်းလက္ခဏာတစ်ခုပါ။အသည်းအဆီဖုံးတာက အရက်သောက်တာကြောင့်ဖြစ်တတ်သလို အရက်မသောက်သုံးပေမဲ့လည်းဖြစ်တတ်ပါတယ်။ အသည်းအဆီဖုံးတာရဲ ့ရှေ့ပြေးလက္ခဏာတွေကတော့ အစပိုင်းမှာသိပ်ပြီးမပေါ်လွင်ပါဘူး။
ဒါပေမဲ့ တစ်ချို့အသည်းအဆီဖုံးလူနာတွေရဲ ့ပြောပြချက်အရ အစာအိမ်ကနေရထိုင်ရတာ သက်တောင့်သက်သာမရှိဘူး၊မကြာခဏဆိုသလို မောပန်းမယ်၊အစာစားချင် စိတ်လျော့နည်းလာမယ်၊နေလို့ထိုင်လို့လည်းမကောင်းဖြစ်လာပြီး အမြင်အာရုံတွေလည်း ဝိုးတိုးဝါးတားဖြစ်လာပါတယ်တဲ့။အဲ့ဒီလိုမျိုးခံစားနေရပြီဆိုရင် ဆရာဝန်နဲ့အမြန်ဆုံးသွားရောက်ပြသ သင့်နေပါပြီ။ အသည်းအဆီဖုံးတာတွေအတွက်ထိရောက်ပျောက်ကင်းနိုင်တဲ့ ဆေးကုသမှုဆိုတာမရှိပါဘူး။ဒါပေမဲ့ ရိုးရှင်းတဲ့နေထိုင်မှုပုံစံလေးပြောင်းလိုက်ရုံ၊အစားအသောက် စားပုံပြောင်းလဲလိုက်ရုံနဲ့ အသည်းအဆီဖုံးရောဂါမဖြစ်အောင် ကာကွယ်ထားလို့ရနိုင်ပါတယ်။

အသည်းအဆီဖုံးရောဂါမဖြစ်အောင်ကြိုတင်ကာကွယ်ထားနိုင်မယ့်နည်းလမ်းတွေကတော့…

၁။ကိုယ်အလေးချိန်ထိန်းပါ
သင့်ခန္ဓာကိုယ်ကိုသတိထားကြည့်ပါ။ကိုယ်အလေးချိန်များနေလား၊များနေတယ်ဆိုရင်လျှော့ချပါ။ကိုယ်အလေးချိန်လျှော့ချတာက သင့်ရဲ ့အသည်းကျန်းမာရေးအတွက်အံ့သြဖွယ်ရာ ကောင်းမွန်စေပါတယ်။အသည်းဆဲလ်တွေဒဏ်ရာရတာမျိုး၊အလွယ်တကူပျက်စီးတာမျိုးမဖြစ်စေဖို့ကူညီပေးနိုင်ပါတယ်။ဒါပေမဲ့ဝိတ်ကျအောင်ဆိုပြီးဆေးတွေစားတာ၊လေ့ကျင့်ခန်းအပြင်းအထန်လုပ်တာမျိုးမလုပ်သင့်ပါဘူး။လျင်မြန်စွာဝိတ်ကျတာကလည်း အသည်းအတွက်မကောင်းစေပါဘူး။

၂။လေ့ကျင့်ခန်းများများလုပ်ပါ
လေ့ကျင့်ခန်းလုပ်တာကအသည်းကျန်းမာရေးကိုတိုက်ရိုက်ကာကွယ်ပေးနေတာပဲဖြစ်ပါတယ်။လေ့ကျင့်ခန်းလုပ်ရင် ခန္ဓာကိုယ်ထဲကအဆီတွေလောင်ကျွမ်းပြီးသွေးထဲက သကြားဓာတ်ကိုထိန်းချုပ်ပေးနိုင်ပါတယ်။အဲ့ဒါကြောင့်အသည်းအဆီဖုံးတာအပြင် နှလုံးရောဂါကိုလည်းကာကွယ်ပေးနိုင်ပါတယ်။

၃။ကျန်းမာရေးနဲ့ညီညွတ်စာစားသုံးပါ
ကျန်းမာရေးနဲ့ညီညွတ်စေတဲ့အစားအစာတွေစားတာက ဘယ်လိုရောဂါမျိုးကိုမဆို ကာကွယ်ပေးနိုင်ပါတယ်။ဗီတာမင်အေ၊ဗီတာမင်ဘီ၊ဗီတာမင်စီဓာတ်ကြွယ်ဝတဲ့
အစားအစာတွေက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေ ပေးစွမ်းနိုင်ပါတယ်။အဆီများတဲ့အစားအစာတွေ၊အချိုတွေ၊အဆီတွေစားသုံးတာက
ခန္ဓာကိုယ်မှာအဆိပ်အတောက်တွေသာစုပုံလာစေပြီး ကောင်းကျိုးမရှိနိုင်ပါဘူး။အဲ့ဒါကြောင့် အသည်းအတွက်ကောင်းမွန်တဲ့ကြက်သွန်ဖြူ၊ဂေါ်ဖီထုပ်၊အိုမီဂါသရီးအက်စစ်ပါဝင်တဲ့အစားအစာတွေ ၊ထောပတ်သီး၊ငါး၊အုတ်ဂျုံမှုန့်စတဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေစားပေးသင့်ပါတယ်။

၄။အရက်လျှော့သောက်ပါ
သင်က မကြာခဏအရက်သောက်တတ်သူတစ်ယောက်လား?တစ်လကို ၃ကြိမ်ကနေ ၅ကြိမ်လောက်သောက်ရင်ကို သင့်မှာအသည်းအဆီဖုံးဖို့အလားအလာ
ရှိနေပါပြီ။ အဲ့ဒါကြောင့် ယတိပြတ်မဖြတ်နိုင်ရင်တောင် တစ်လကို ၁ခါလောက်ပဲဖြစ်ဖြစ် သောက်သင့်ပါတယ်။အဲ့ဒါမှတဖြည်းဖြည်းနဲ့အရက်ကို ဖြတ်နိုင်လာမှာပါ။ အရက်က အသည်းအတွက်မကောင်းတဲ့အရာတစ်ခုပဲဆိုတာ ကျန်းမာရေးအသိရှိသူတိုင်း သိထားပြီးသားအရာတစ်ခုလည်းဖြစ်ပါတယ်။

၅။ကော်ဖီသောက်ပါ
လေ့လာချက်တွေအရ အသည်းအဆီဖုံးသူထဲက ကော်ဖီသောက်သူတွေဟာ ကော်ဖီမသောက်သူတွေထက် အသည်းပျက်စီးနိုင်ချေနည်းပါးတယ်လို့
တွေ့ရှိခဲ့ရပါတယ်။ဒါက ကော်ဖီစသောက်ဖို့အတွက်လုံလောက်တဲ့အကြောင်းပြချက် တစ်ခုမဟုတ်ပေမဲ့ ကော်ဖီချစ်သူတွေအတွက်တော့ သတင်းကောင်း
တစ်ခုပါပဲ။တကယ်လို့သင်က ကော်ဖီချစ်သူတစ်ယောက်ဆိုရင် သကြားထည့်မသောက်ဖို့တော့အကြံပေးချင်ပါတယ်။

အသည်းအဆီဖုံးတာ ကာကွယ်ချင်တဲ့သူတွေအတွက်အကြံပေးချင်တာကတော့ ကိုယ့်ခန္ဓာကိုယ်မအီမသာဖြစ်လာတာမျိုး၊နေထိုင်မကောင်းဖြစ်လာတာမျိုး
ဆို ဆရာဝန်နဲ့သေချာဆက်ဆက်ပြကြည့်ဖို့ပါပဲ။တစ်ပတ်ကို ငါးရက်လောက် နာရီဝက်စီလေ့ကျင့်ခန်းလုပ်ဖို့ကိုလည်းအကြံပေးချင်ပါတယ်။

 

104 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.