KBS 2TV ရုပ္သံဌာနရဲ ႔ဇာတ္ကားသစ္တစ္ခုျဖစ္တဲ႔ “Suits”ဇာတ္ကားမွာ နာမည္ေက်ာ္မင္းသားၾကီး ဒါရိုက္တာရင္လို႔ လူသိမ်ားခဲ႔တဲ႔ Jang Dong Gun
နဲ႔ အခုလတ္တေလာ လူငယ္မိန္းကေလးပရိသတ္မ်ားစြာပုိင္ဆုိင္ထားတဲ႔မင္းသားေခ်ာ Park Hyung Sik တို႔ကို အတူျမင္ေတြ႔ရမွာပဲျဖစ္ပါတယ္။
“Suits” ဇာတ္ကားဟာ နယူးေယာ့ခ္အေျခစုိက္ ေရွ႔ေနရံုးခန္းတစ္ခုမွာျဖစ္ပြားခဲ႔တဲ႔ နာမည္ေက်ာ္ အေမရိကန္ဒရာမာဇာတ္လမ္းတြဲကုိ ကုိရီးယားဗားရွင္းနဲ႔ျပန္ျပီးရိုက္ကူးမယ့္ ဇာတ္ကား လည္းျဖစ္ပါတယ္။မင္းသားၾကီး Jang Dong Gun ဟာ ထိပ္တန္းေရွ႔ေနရံုးခန္းက ထူးျခားတဲ႔ေရွ႔ေန Choi Kang Suk အျဖစ္ သရုပ္ေဆာင္မွာျဖစ္ပါတယ္။ ေငြေၾကးခ်မ္းသာၾကြယ္၀ျပီး တျခားသူေတြကုိ မနာလိုအားက်စရာမလိုေလာက္ေအာင္ ဇိမ္ခံပစၥည္းေတြၾကားမွာရွင္သန္ေနထုိင္ရသူတစ္ေယာက္လည္းျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ လြန္ခဲ႔တဲ႔ ၆ႏွစ္က A Gentleman’s Dignity ဇာတ္ကားျပီးရင္ မင္းသားကုိ ပထမဆံုးျပန္လည္ျမင္ေတြ႔ရတဲ့ဇာတ္ကားလည္းျဖစ္ပါတယ္။
တက္သစ္စမင္းသားေခ်ာ Park Hyung Sik နဲ႔တြဲဖက္သရုပ္ေဆာင္မွာျဖစ္ျပီး သူကေတာ့ ဒီဇာတ္ကားမွာ Go Yeon Woo ဆုိတဲ႔နာမည္နဲ႔ပါ၀င္သရုပ္ေဆာင္မွာပါ။မင္းသားက ေရွ႔ေနလိုင္စင္လည္းမရွိ၊ေကာလိပ္ကေနလည္းဘြဲ႔မရပါဘူး။ဒါေပမဲ႔ မွတ္ဥာဏ္ကေတာ့ ထိပ္တန္းလို႔ေျပာရေလာက္ေအာင္ စြန္းဥာဏ္ေကာင္းသူ ထက္ျမက္သူတစ္ေယာက္ အျဖစ္သရုပ္ေဆာင္မွာျဖစ္တယ္လို႔သိရပါတယ္။
“Suits” ဇာတ္ကားကုိ ဧျပီ ၂၅ရက္ေန႔မွာ အၾကိဳျပသမွာျဖစ္ျပီး ကုိရီးယားႏိုင္ငံမွာ ထုတ္လႊင့္ျပသလ်က္ရွိတဲ႔ Mystery Queen 2 ျပီးရင္ “Suits” ဇာတ္ကားကုိ
ျပသေတာ့မွာျဖစ္တယ္လို႔သိရပါတယ္။သူတုိ႔ႏွစ္ေယာက္ ဘယ္လိုေတြတြဲဖက္ျပီး သရုပ္ေဆာင္သြားမယ္ဆုိတာ ပရိသတ္ေတြေစာင့္ေမ်ွာ္အားေပးၾကည့္ရႈေပးၾကပါဦး။
Unicode
KBS 2TV ရုပ်သံဌာနရဲ ့ဇာတ်ကားသစ်တစ်ခုဖြစ်တဲ့ “Suits”ဇာတ်ကားမှာ နာမည်ကျော်မင်းသားကြီး ဒါရိုက်တာရင်လို့ လူသိများခဲ့တဲ့ Jang Dong Gunနဲ့ အခုလတ်တလောလူငယ်မိန်းကလေးပရိသတ်များစွာ ပိုင်ဆိုင်ထားတဲ့မင်းသားချော Park Hyung Sik တို့ကို အတူမြင်တွေ့ရမှာပဲဖြစ်ပါတယ်။
“Suits” ဇာတ်ကားဟာ နယူးယော့ခ်အခြေစိုက် ရှေ့နေရုံးခန်းတစ်ခုမှာဖြစ်ပွားခဲ့တဲ့ နာမည်ကျော် အမေရိကန်ဒရာမာဇာတ်လမ်းတွဲကို ကိုရီးယားဗားရှင်းနဲ့ပြန်ပြီးရိုက်ကူးမယ့် ဇာတ်ကား လည်းဖြစ်ပါတယ်။မင်းသားကြီး Jang Dong Gun ဟာ ထိပ်တန်းရှေ့နေရုံးခန်းက ထူးခြားတဲ့ရှေ့နေ Choi Kang Suk အဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။ ငွေကြေးချမ်းသာကြွယ်ဝပြီး တခြားသူတွေကို မနာလိုအားကျစရာမလိုလောက်အောင် ဇိမ်ခံပစ္စည်းတွေကြားမှာရှင်သန်နေထိုင်ရသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ လွန်ခဲ့တဲ့ ၆နှစ်က A Gentleman’s Dignity ဇာတ်ကားပြီးရင် မင်းသားကို ပထမဆုံးပြန်လည်မြင်တွေ့ရတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။
တက်သစ်စမင်းသားချော Park Hyung Sik နဲ့တွဲဖက်သရုပ်ဆောင်မှာဖြစ်ပြီး သူကတော့ ဒီဇာတ်ကားမှာ Go Yeon Woo ဆိုတဲ့နာမည်နဲ့ပါဝင်သရုပ်ဆောင်မှာပါ။မင်းသားက ရှေ့နေလိုင်စင်လည်းမရှိ၊ကောလိပ်ကနေလည်း ဘွဲ့မရပါဘူး။ဒါပေမဲ့ မှတ်ဉာဏ်ကတော့ ထိပ်တန်းလို့ပြောရလောက်အောင် စွန်းဉာဏ်ကောင်းသူ ထက်မြက်သူတစ်ယောက် အဖြစ်သရုပ်ဆောင်မှာဖြစ်တယ်လို့သိရပါတယ်။
“Suits” ဇာတ်ကားကို ဧပြီ ၂၅ရက်နေ့မှာ အကြိုပြသမှာဖြစ်ပြီး ကိုရီးယားနိုင်ငံမှာ ထုတ်လွှင့်ပြသလျက်ရှိတဲ့ Mystery Queen 2 ပြီးရင် “Suits” ဇာတ်ကားကိုပြသတော့မှာဖြစ်တယ်လို့သိရပါတယ်။သူတို့နှစ်ယောက် ဘယ်လိုတွေတွဲဖက်ပြီး သရုပ်ဆောင်သွားမယ်ဆိုတာ ပရိသတ်တွေစောင့်မျှော်အားပေးကြည့်ရှုပေးကြပါဦး။