စိတ်ချမ်းသာချင်ရင် ဒီအလုပ်ကိုင်လေးကလည်း သင့်အတွက်မဆိုးလှ…




တစ်ကိုယ်လုံးရွှေရောင်ပေါက်နေတဲ့ ကြွက်ကလေး… <3

(Unicode )

စိတ်ချမ်းချမ်းသာသာနဲ့ လုပ်ရမယ့် အလုပ်ကိုင်လေးဆိုလို့ စိတ်ဝင်စားသွားကြပြီထင်ပါတယ်.. ဒါပေမယ့် ဒီအလုပ်လေးလုပ်ချင်တယ်ဆိုရင် တိရစ္ဆာန်ချစ်တတ်ဖို့တော့လိုတယ်နော်။ တိရစ္ဆာန်လေးတွေကိုပြုစုစောင့်ရှောက်ပေးရတဲ့ ဂေဟာတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် ဝင်ကူညီအားဖြည့်ပေးနေတဲ့လူတွေအများကြီးရှိပါတယ်။ သူတို့ကနေ ဒီအလုပ်ရဲ့အကျိုးကျေးဇူးတွေကို ခုလိုပြောပြခဲ့တယ်။

သခင်တွေက အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ခဲ့တဲ့ တိရစ္ဆာန်လေးတွေ၊ လမ်းပေါ်မှာ နှစ်လရှည်ကြာစွာ လျှောက်သွားနေခဲ့ရတဲ့ တိရစ္ဆာန်လေးတွေ ဒီလိုဂေဟာမျိုးကိုရောက်လာတဲ့အခါ သူတို့ဘဝအတွက် လုံခြုံသွားပြီဆိုတာကို ခံစားမိတာနဲ့တစ်ပြိုက်နက် သူတို့လေးတွေရဲ့ရိုးသားဖြူစင် ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေက လူတွေရဲ့စိတ်နှလုံးကိုအေးချမ်းစေပါတယ်။

ဂေဟာကနေမှ သူတို့လေးတွေကို ချစ်လို့မွေးစားချင်တဲ့ မိသားစုတွေရှိရင် ပြန်လည်ဝယ်ယူသွားကြပါတယ်။ သူများအသက်ကို ကယ်ခွင့်ရတဲ့ ပီတိမျိုးဟာလည်း ထမင်းမစားပဲ အလိုလိုဗိုက်ဝလာတဲ့ အားအင်တစ်မျိုးပဲမဟုတ်လား… စေတနာ့ဝန်ထမ်းတွေမှ သူတို့လေးတွေရဲ့နေထိုင်မှုပုံစံကို ရိုက်ကူးထားတဲ့ပုံရိပ်လေးတွေကို စာဖတ်သူများအား ပြန်လည် ဝေမျှခဲ့ပါတယ်။ ဒီပုံလေးတွေကြည့်ပြီး နှလုံးတွေအရည်ပျော်သွားပါဦးမယ်..

71 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.