ကိုယ့်အပေါ်သူငယ်ချင်းကနေအဆင့်တက်ချင်နေကြတဲ့သူတွေရဲ့အပြုမူလေးတွေက

(၂) သ၀န်တိုတတ်လာတာ

Unicode

အဟေးဟေး… သူငယ်ချင်းလေးပါပဲ သူငယ်ချင်းလေးပါပဲနဲ့ကိုယ့် အပေါ်သံယောဇဉ်တွေ ပိုနေတဲ့သူတွေကိုယ့်အနားမှာရှိနေတယ်ဆိုတာ သတိထားမိကြလားဝေး.. ဆိုတော့လူတစ်ယောက် အင်းသေချာပြောရရင် ကိုယ့်သူငယ်ချင်းတွေထဲကတစ်ယောက်ဟာ ကိုယ့်ကိုတစ်ဖက်သတ်ကြိုက်နေသလားဆိုတာကိုပြောပြနေတဲ့အချက်လေးတွေကဘာတွေလဲ???
(၁) ပိုကြည့်ကောင်းလာတယ်နော်တို့ဘာတို့
သူငယ်ချင်းအချင်းချင်း ချီးကျူးပြောဆိုတာမျိုးမဟုတ်ပဲ အတည်ပေါက်ကြီးနဲ့ နင်ချောလာပါလားတို့ ပိုကြည့်ကောင်းလာတယ်တို့၊ ငါ့မျက်လုံးထဲမမြဲလှနေပါလားဆိုတာမျိုးဖြစ်နေပြီး ပြောနေတတ်ပြီဆိုရင်တော့ နည်းနည်းတော့သတိထားပါ။ ဒါသင့်ကိုစိတ်ဝင်စားနေတဲ့လက္ခဏာ ဖြစ်နေနိုင်ပါတယ်။
(၂) သဝန်တိုတတ်လာတာ
သူငယ်ချင်းမလို့စိတ်ပူလို့သတိပေးတာမျိုး မဟုတ်ပဲ ကိုယ့်ကိုဟိုလူနဲ့သွားရင်မကြိုက်ဒီလူနဲ့တွဲရင်သဝန်တို တတ်လာတာမျိုး၊ ဒါငါ့ရည်စား ဆိုပြီးရည်းစားချစ်သူတွေနဲ့မိတ်ဆက်ပေးတဲ့အခါ မျက်နှာကြီးမှုန်သုန်ပြီး အဲ့အကောင်အကြောင်းသေချာသိလို့လားတို့ဘာတို့မေးပြီးအူတိုတတ်ကြပါသေးတယ်။
(၃) ကိုယ့်ရဲ့ပိစိကွစလေးတွေကအစမှတ်ထားပေးတာ
ကိုယ်နဲ့ပတ်သတ်တဲ့ ကိစ္စသေးသေးလေးတွေ ကအစလိုက်မှတ်ထားတတ်ပြီး ကိုယ့်ကို ဘယ်လောက်တန်ဖိုးထားကြောင်း ဘယ်လောက် အလေးထားကြောင်းကိုယ်သိအောင်ပြောပြလေ့လုပ်လေ့ရှိပါတယ်။ သူငယ်ချင်းတစ်ယောက်ထပ်ပိုတဲ့ ဂရုစိုက်မှုတွေနဲ့ကိုယ့်အကြောင်းတွေကို အလေးထားနေပြီဆိုရင် သိသင့်ပြီနော်။
(၄) ဘယ်နေရာရောက်ရောက် အိုဗာတင်းတာ
တစ်ခြားသူတွေထပ်ကိုယ့်ကို ပိုစိတ်ပူတတ်တာမျိုး ကိုယ်နေမကောင်းဘူး ဘာညာကြားရင်ပျာယာခတ်နေတာမျိုး၊ သူငယ်ချင်းတွေကြားထဲမှာလည်းကိုယ့်ကိုပိုပြီး ဦးစားပေးနေတာမျိုး တွေဖြစ်နေပြီဆိုရင်တော့သူဟာ ကိုယ့်အပေါ်စိတ်ယိုင်နေပြီဆိုတာသိသာပါတယ်။
(၅) ငါ့ကိုရည်းစားရှာပေးလို့ပြောတာ
သေချာပြီဟေ့ …. ငါ့မှာရည်းစားမှ မရှိတာ ချစ်သူမှမရှိတာ နင်ရှာပေးပါလား ဆိုတာမျိုးပြောလာပြီ ဆိုရင်တော့ သေချာပါတယ် သူသင့်ကို လိုချင်တယ်သူသင်နဲ့ချစ်သူဖြစ်ချင်ပါပြီလို့ပြော နေတာနဲ့တူတူပါပဲ။ ဒါကြောင့် ငါ့ကိုရည်းစားရှာပေးလို့ပြောလာတဲ့ boy friendတွေ girl friendတွေရှိလာရင်သတိထားကြပါလို့။
ဆိုတော့ကိုယ့်ဘေးနားမှာရော ဒီလိုကိုယ့်ကို ကြိတ်Crush နေတဲ့သူငယ်ချင်းတွေရှိနိုင်လားဆိုတာ အပေါ်ကအချက်လေးတွေနဲ့တိုက်ကြည့်ရင်းသိနိုင်ပါတယ်နော်…

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.