တရုတ်နည်းနဲ့ဝိတ်ချရအောင်…
(၅) ရေနွေးသောက်ကြတယ်
Unicode
အိမ်းတစ်နေ့တစ်နေ့လည်း ၀ိတ်ချနည်းတွေပေါင်းသောင်းခြောက်ထောင် ကိုမြင်တွေ့ဖတ်ရှုနေရတာပဲ …ဟီး မလုပ်ဖြစ်တာလွဲလို့ပေါ့နော်။ ဟ ဒီတစ်ခါ ကအဆန်းနေ်ာ China လူမျိုးရဲ့နေထိုင်မှုအသုံးဆောင်ပုံစံမျိုးတွေနဲ့ဝိတ်ချကြည့်ရအောင်…
(၁) ထမင်းနဲ့ခေါက်ဆွဲကိုကြိုက်နှစ်သက်ကြတယ်
ဟင် ဘာလားပေါ့ ထမင်းတွေခေါက်ဆွဲတွေက ကယ်လိုရီများတဲ့ဟာကို သူတို့ကို စားရင်ဝိတ်ဘယ်ကျတော့မလဲပေါ့.. တွေးနေကြပြီမလား။ဆိုလိုချင်တာက သူတို့လူမျိုးတွေဟာ ထမင်းတွေ ခေါက်ဆွဲတွေကို စားပြီးခန္ဓာကိုယ်အတွက် လိုအပ်တဲ့ကယ်လိုရီကို ယူကြတာပါ။ ထမင်းချိန်မှာထမင်း
မစားပဲ တစ်ခြားပေါက်တကရအစားစားပြီး ကယ်လိုရီတက်လာတာမျိုး၊ အစာခံပြီး ပြည့်ဝတဲ့ထမင်းတွေခေါက်ဆွဲတွေကိုမစားပဲ အဆာခံတာမျိုးတွေကို မလုပ်စေပဲနည်းမှန်လမ်းမှန်စားပြီး လိုအပ်တဲ့ကယ်လိုရီသာရရယူပြီး မလိုအပ်တဲ့အပြင်စားတွေအဆီတွေကို ရှောင်ခိုင်းခြင်းဖြစ်ပါတယ်။
(၂) မိသားစုနဲ့စားသလိုစားပါ
မိသားစုနဲ့ထမင်းစားတဲ့အခါ ဘယ်လောက်ပဲဟင်းကောင်းတွေပေါပေါ တစ်ယောက်ကို တစ်ယောက် ညှာတာစိတ်နဲ့အသီးရော အရွက်ကောအသားရော အဆီပါတာတွေရော မပါတာတွေရော ကို မျှတပြီးစားတတ်ကြပါတယ်။ ဒီလိုမျှတအောင်စားခြင်းဟာ ခန္ဓာကိုယ်မှာလိုအပ်တဲ့ အာဟာရကို
တိုးပွားစေပြီး မလိုအပ်တဲ့အဆီတွေဝင်မလာအောင်တားစီးပေးနိုင်ပါတယ်။
(၃) သေးငယ်တဲ့ပန်းကန်လုံးတွေသုံးပြီးတူနဲ့စားတဲ့အကျင့်
တရုတ်လူမျိုး အများစုဟာ ထမင်းစားတဲ့အချိန်မှာ ပန်းကန်လုံးသေးသေးလေးနဲ့စားလေ့ရှိကြပါတယ်။ ပန်းကန်လုံးနဲ့စားတာကြောင့်ထမင်းစားနည်းစေပါတယ်။ နောက်တူသုံးတာဟာ သိပ်ကောင်းတဲ့နည်းတစ်နည်းးပါ။ တူနဲ့ဆွဲတာနဲ့ဇွန်းနဲ့ခပ်စားတာဟာ ပမာဏ အများကြီးကွာပါတယ်
။ ပြီးတော့ တူနဲ့စားဟာ အဝင်နည်းပြီး အစားနည်းစေတာကြောင့် ထမင်းတစ်လုံးသာကုန်သွားမယ် ကို်ယ့်ခန္ဓာကိုယ်ထဲသိပ် ကယ်လိုရီ များများ ရောက်မသွားနိုင်ပါဘူး။ ဒါကြောင့် အခုနောက်ပိုင်းဝိတ်ချတဲ့လူတော်တော်များများဟာ တူနဲ့ထမင်းကို စားလေ့ရှိကြပါတယ်။
(၄) အရည်သောက်တစ်ခွက်အမြဲပါတယ်
တရုတ်လူမျိုးတွေဟာထမင်းစားတဲ့အခါ ဟင်းရည် ဆီအပါပဲရေနဲ့ချည်းချက်ထားတဲ့ ဟင်းရည်ပူပူလေးတစ်ခွက် အမြဲပါလေ့ရှိပါတယ်။ ဒီဟင်းရည်ကြောင့်စားတဲ့အစာတွေရဲ့အဆီတွေဟာ အနည်းငယ်ပျော်ကြသွားတာကြောင့် ထမင်းစားရင် ဟင်းရည် အရည်သောက်ပူပူလေးတစ်ခွက်ပါမှ အဆင်ပြေပါလိမ့်မယ်။
(၅) ရေနွေးသောက်ကြတယ်
တရုတ်လူမျိုးတွေကထမင်းစားပြီးရင် ရေနွေးကြမ်းသောက်ရမယ်ဆိုတဲ့ အကျင့်ကောင်းလေးကစွဲနေကြပါပြီ။ ထမင်းစားပြီးသို့ အစားစားပြီးချိန်မှာ အခါးဓာတ်ပါတဲ့ရေနွေးကြမ်းကို သောက်သုံးခြင်းဟာ စားထားတဲ့ အဆီတွေကို ကြေစေပြီး အခါးဓာတ်ရဲ့အာနိသင်ကြောင့် ခန္ဓာကိုယ်ကို အဆီကျကျစ်လျစ်စေပါတယ်။
ဆိုတော့ ဝုန်းကနဲဝိတ်ကျသွားတာမျိုးမဟုတ်ပဲ အစားလေးလည်းစားရင်း တရုတ်နည်းလေးလည်းသုံးရင်း အဆီကျလှပပြီးကျန်းမာတဲ့ဘဝတွေကို
ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းရင်း…
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.