ပုဇြန္အစိမ္းသုပ္ အိမ္မွာကိုယ္တုိင္လုပ္စားခ်င္သူမ်ားအတြက္

ပုဇြန္အစိမ္းသုပ္ ႐ွဴး႐ွဴး႐ွဲ႐ွဲေလး အိမ္မွာကိုယ့္ဘာသာလုပ္စားခ်င္သူမ်ားအတြက္ လြယ္ကူတဲ့နည္းလမ္းေကာင္းေလးေတြကို ေဝမွ်ေပးခ်င္ပါတယ္။ လြယ္တယ္ေနာ့ …ဆိုင္မွာ တကူးတကသြားဝယ္စားစရာမလိုေတာ့ဘူးေပါ့…

လိုအပ္တာေလးေတြကေတာ့
– ပုဇြန္
– ႐ွာလကာရည္
– ၾကက္သြန္ျဖဴ
– င႐ုတ္သီးစိမ္း
– ပင္စိမ္း နဲ႔ သံပုရာသီးတို႔ပဲျဖစ္ပါတယ္။

ပုဇြန္ကို လုပ္ရင္ အခြံခၽြတ္ ၊ ေခါင္းျဖဳတ္ အလည္ကို ဓားနဲ႔ျဖည္းျဖည္းေလးခဲြျပီးရင္ ေခ်းေၾကာင္းကိုထုတ္ပါ။

အားလံုးကို အခံြခၽြတ္ ၊ ႏွစ္ျခမ္းခဲြျပီးသြားဆိုရင္ ပုဇြန္ေတြကို ႐ွာလကာရည္နဲ႔စိမ္ျပီး ေရခဲေသတၱာထဲ အေအးခံေပးဖို႔လိုပါတယ္။ အသားစိမ္းနံ နံ႔တာမၾကိဳက္ရင္ ႐ွာလကာရည္နဲ႔ၾကာၾကာစိမ္ထားေပးေပါ့။

ပါဝင္ပစၥည္းထဲမွာ ပုဇြန္ကလဲြလုိ႔ က်န္တဲ့ပစၥည္းေတြအားလံုးကို ၾကိတ္စရာ႐ွိ ၾကိတ္၊ ေထာင္းစရာ႐ွိေထာင္းျပီး ကုိယ္လိုခ်င္တဲ့အရသာကို အေပါ့၊ ငန္ေရာစပ္ပါမယ္။

အသားစိမ္းနံ႔ေျပသေလာက္႐ွိေနျပီဆိုရင္ ပုဇြန္ကို ခုနက ထုေထာင္းၾကိတ္မႊထားတဲ့အေရာေတြနဲ႔ သုပ္နယ္ျပီး စားသံုးႏုိင္ပါျပီ။ ႐ွလြတ္ … ႐ွလြတ္… ဂလု! ဖတ္ရင္းသရည္ေတြက်ေနျပီလား? xD အိမ္မွာ ကိုယ့္ဘာသာလုပ္စားရင္ နည္းနည္းေတာ့အလုပ္႐ႈပ္ေပမယ့္ မ်ားမ်ားစားရတယ္ေလ။ အားလံုးအဆင္ေျပေစမယ့္ နည္းလမ္းေလးျဖစ္မယ္လို႔ေမွ်ာ္လင့္ပါတယ္…

(Unicode)

ပုဇွန်အစိမ်းသုပ် အိမ်မှာကိုယ်တိုင်လုပ်စားချင်သူများအတွက်

ပုဇွန်အစိမ်းသုပ် ရှူးရှူးရှဲရှဲလေး အိမ်မှာကိုယ့်ဘာသာလုပ်စားချင်သူများအတွက် လွယ်ကူတဲ့နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။ လွယ်တယ်နော့ …ဆိုင်မှာ တကူးတကသွားဝယ်စားစရာမလိုတော့ဘူးပေါ့…

လိုအပ်တာလေးတွေကတော့
– ပုဇွန်
– ရှာလကာရည်
– ကြက်သွန်ဖြူ
– ငရုတ်သီးစိမ်း
– ပင်စိမ်း နဲ့ သံပုရာသီးတို့ပဲဖြစ်ပါတယ်။

ပုဇွန်ကို လုပ်ရင် အခွံချွတ် ၊ ခေါင်းဖြုတ် အလည်ကို ဓားနဲ့ဖြည်းဖြည်းလေးခွဲပြီးရင် ချေးကြောင်းကိုထုတ်ပါ။ အားလုံးကို အခွံချွတ် ၊ နှစ်ခြမ်းခွဲပြီးသွားဆိုရင် ပုဇွန်တွေကို ရှာလကာရည်နဲ့စိမ်ပါ။ ရေခဲသေတ္တာထဲ အအေးခံပေးဖို့လိုပါတယ်။ အသားစိမ်းနံ နံ့တာမကြိုက်ရင် ရှာလကာရည်နဲ့ကြာကြာစိမ်ထားပေးပါ။

ပါဝင်ပစ္စည်းထဲမှာ ပုဇွန်ကလွဲလို့ ကျန်တဲ့ပစ္စည်းတွေအားလုံးကို ကြိတ်စရာရှိ ကြိတ်၊ ထောင်းစရာရှိထောင်းပြီး ကိုယ်လိုချင်တဲ့အရသာကို အပေါ့၊ ငန်ရောစပ်ပါမယ်။ အသားစိမ်းနံ့ပြေသလောက်ရှိနေပြီဆိုရင် ပုဇွန်ကို ခုနက ထုထောင်းကြိတ်မွှထားတဲ့အရောတွေနဲ့ သုပ်နယ်ပြီး စားသုံးနိုင်ပါပြီ။ ရှလွတ် … ရှလွတ်… ဂလု! ဖတ်ရင်းသရည်တွေကျနေပြီလား? xD အိမ်မှာ ကိုယ့်ဘာသာလုပ်စားရင်
နည်းနည်းတော့အလုပ်ရှုပ်ပေမယ့် များများစားရတယ်လေ။ အားလုံးအဆင်ပြေစေမယ့် နည်းလမ်းလေးဖြစ်မယ်လို့မျှော်လင့်ပါတယ်…

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.