တျခားသူေတြထက္ပုိျပီး ေခြ်းထြက္မ်ားလြန္းေနတဲ႔ျပႆနာကုိဘယ္လိုေျဖရွင္းၾကမလဲ?

တျခားသူေတြထက္ ကုိယ္က ပုိျပီးေခြ်းထြက္မ်ားေနလား သတိထားၾကည့္ပါဦး။ သူမ်ားေတြေခြ်းမထြက္ေပမဲ႔ ကိုယ္ကေတာ့ေခြ်းေတြထြက္ေနတယ္၊တျခားသူေတြ
ေခြ်းထြက္ခ်ိန္မွာလည္း ကုိယ္ကသိသိသာသာပုိျပီးေခြ်းေတြထြက္ေနမယ္ဆိုရင္ ဒါကက်န္းမာေရးအတြက္မေကာင္းသလို ပတ္၀န္းက်င္အတြက္လည္း
အေနွာင့္အယွက္ျဖစ္ေစႏုိင္ပါတယ္။

ေခြ်းထြက္လြန္ေနတဲ႔အခါ ေခြ်းနံ႔ကလည္း ပံုမွန္ထက္လြန္ကဲစြာထြက္တာျဖစ္လို႔ အနားမွာရွိတဲ့သူကုိ စိတ္အေႏွာင့္အယွက္ျဖစ္ေစႏုိင္တာပါ။ဒါ့အျပင္ ေခြ်းထြက္မ်ားတယ္ဆိုတာက  ေရဓာတ္ကုန္ဆံုးတာနဲ႔အတူတူပဲျဖစ္လို႔ က်န္းမာေရးအတြက္ထိခိုက္ေစပါတယ္။အဲ႔ဒါေၾကာင့္
ေခြ်းထြက္မ်ားလြန္းတဲ႔ျပႆနာကုိသဘာ၀အတိုင္းေျဖရွင္းနည္းေလးေတြေျပာျပေပးခ်င္ပါတယ္။သဘာ၀အတိုင္းမေျဖရွင္းခင္မွာ ဆရာ၀န္နဲ႔အရင္ျပသဖုိ႔လည္းအၾကံေပးခ်င္ပါတယ္။အလြန္ အကြ်ံေခြ်းထြက္မ်ားတာက ေနမေကာင္းတာရဲ႔လကၡဏာတစ္ခုျဖစ္တာေၾကာင့္ ဆရာ၀န္နဲ႔အရင္ဆံုးတိုင္ပင္ေဆြးေႏြးဖုိ႔မေမ့ပါနဲ႔။

သဘာ၀အတုိင္းေျဖရွင္းနည္းေလးေတြကေတာ့…

၁)ခရမ္းခ်ဥ္သီးေဖ်ာ္ရည္
ခရမ္းခ်ဥ္သီးေဖ်ာ္ရည္ေအးေအးေလးကုိ ေန႔တိုင္းေသာက္သံုးေပးတာကလည္း အဆိပ္အေတာက္ေတြကင္းစင္ေစျပီး ေခြ်းထြက္လြန္တာကုိ သက္သာေစပါတယ္။
ခရမ္းခ်ဥ္သီးက ေသြးလည္မႈလည္းေကာင္းေစတဲ႔အျပင္ အသားအရည္ကုိလည္း လွပေစပါတယ္။ေခြ်းေပါက္ေတြကိုလည္းက်စ္လစ္ေစလို႔ အသားအရည္ အတြက္ေရာ၊က်န္းမာေရးအတြက္ပါ ခရမ္းခ်ဥ္သီးေဖ်ာ္ရည္က  အက်ိဳးရွိေစပါတယ္။

၂)အာလူး
အာလူးကေတာ့ ေခြ်းထြက္္လြန္တာကုိ သက္သာေစဖို႔ ေရွးက်တဲ႔နည္းလမ္းတစ္ခုပါ။အာလူးကုိ ပါးပါးေလးလွီးျပီးေခြ်းထြက္တဲ႔ေနရာေတြျဖစ္တဲ႔ ခ်ိဳင္းၾကား၊လည္ပင္း၊
ေျခဖ၀ါးေတြနဲ႔ တျခားေခြ်းထြက္တတ္တဲ႔ေနရာေတြကုိ ထားေပးပါ။ေခြ်းနံ႔ေပ်ာက္ေဆးမသံုးခင္ ၾကိဳတင္ျပီးထားေပးျခင္းျဖင့္ ေခြ်းအမ်ားၾကီးထြက္တာကုိကာကြယ္ေပးႏုိင္ပါတယ္။ ညတုိင္းအိပ္ရာမ၀င္ခင္ ၁နာရီေလာက္ၾကိဳျပီးလုပ္ေပးမယ္ဆိုရင္ ေခြ်းအလြန္အကြ်ံထြက္တာကုိ တားဆီးကာကြယ္ေပးႏုိင္ပါတယ္။

၃)ၾကက္သြန္မိတ္ေဖ်ာ္ရည္
ၾကက္သြန္မိတ္ေဖ်ာ္ရည္က ပရုိတင္းဓာတ္နဲ႔ဗီတာမင္ ဘီစစ္၊ဘီတြဲ၊ဗီတာမင္စီနဲ႔ေဖာလစ္အက္စစ္တို ႔ပါ၀င္တာေၾကာင့္ သဘာ၀အတိုင္းေသြးထဲက အဆိပ္ေတြကုိဖယ္ရွားေပးပါတယ္။ ဗီတာမင္ဘီပါ၀င္မႈမ်ားတာေၾကာင့္ ေခြ်းအလြန္အကြ်ံထြက္တာကုိတားဆီးေပးႏုိင္ပါတယ္။ ေန႔တိုင္းတစ္ဖန္ခြက္ေသာက္ေပးမယ္ဆုိရင္အေၾကာေတြသန္မာေစျပီးေခြ်းထြက္နည္းေစပါတယ္။

၄)လက္ဖက္စိမ္းဆီ
လက္ဖက္စိမ္းအဆီ( Tea Tree Oil) ဟာ သဘာ၀အတုိင္းသင့္ခႏၶာကုိယ္ရဲ ႔အလြန္အကြ်ံေခြ်းထြက္မႈကုိကာကြယ္ေပးႏုိင္ပါတယ္။ေျခဖ၀ါးေခြ်းထြက္တာကုိလည္း
ကာကြယ္ေပးႏုိင္တဲ႔အျပင္ဘတ္တီးရီးယားေတြကုိပါကင္းစင္ေစပါတယ္။ေခြ်းထြက္မ်ားတဲ႔ေနရာေတြမွာ ညအိပ္ရာ၀င္ခါနီးတိုင္းအသင့္အတင့္လိမ္းေပးပါ။လက္ဖက္စိမ္းဆီဟာ ေခြ်းထြက္မ်ားတာေၾကာင့္ျဖစ္လာႏုိင္တဲ႔ မိႈေရာဂါကုိလည္းကာကြယ္ေပးႏုိင္တယ္လို႔သိရပါတယ္။

၅)အုန္းဆီ
ုအုန္းဆီဟာ ေခြ်းနံ႔ဆုိးျဖစ္ေပၚေစတဲ႔ဘတ္တီးရီးယားေတြကုိ ဖယ္ရွားေပးႏုိင္ပါတယ္။Lauric acid ပါ၀င္တာေၾကာင့္ အုန္းဆီက ေခြ်းထြက္လြန္တာကိုလည္းသက္သာေစျပီးေခြ်းန႔ံဆိုး ထြက္တာကုိ ကာကြယ္ေပးႏုိင္ပါတယ္။အုန္းဆီက အက်ီေတြမွာအလြယ္တကူအစြန္းအထင္းျဖစ္ေစတာေၾကာင့္ ပမာဏအနည္းငယ္သာယူျပီးေခြ်းထြက္မ်ားတဲ႔ေနရာေတြကုိလိမ္းေပးပါ။အေရျပားထဲကိုစိမ့္၀င္သြားတဲ႔အထိ ႏွိပ္နယ္ေပးဖို႔မေမ့ပါနဲ႔။အဲ႔ဒါဟာ တစ္ေန႔လံုးသင့္အတြက္စိတ္ေက်နပ္မႈရေစမွာပါ။
အုန္းဆီနဲ႔မုန္႔ဖုတ္ဆုိဒါေရာေႏွာျပီးေတာ့လည္းေခြ်းနံ႔ေပ်ာက္ေဆးအျဖစ္သံုးႏုိင္ပါတယ္။အုန္းဆီစားပြဲတင္ဇြန္း ၃ဇြန္းနဲ႔မုန္႔ဖုတ္ဆုိဒါ ၃ဇြန္း၊ေထာပတ္စားပြဲတင္ဇြန္း၂ဇြန္းကုိေရာစပ္ပါ။ျပီးရင္ ေန႔တိုင္းအဲ႔ဒီအဆီကုိလိမ္းေပးရံုပါပဲ။

အလြန္အကြ်ံေခြ်းထြက္မ်ားလြန္းတဲ႔ျပႆနာအတြက္ မွတ္သားစရာအခ်က္ေလးေတြလည္း ရွိပါတယ္။အဲ႔ဒါေတြကေတာ့…

ေရမ်ားမ်ားေသာက္ပါ။
စိတ္ဖိစီးမႈေတြ၊စိုးရိမ္ပူပန္မႈေတြေလ်ွာ့ထားပါ။
အခ်ိဳအစပ္ေတြေလ်ွာ့စားပါ။ ငရုတ္သီးစပ္ေတြက ေခြ်းနံ႔ဆုိးထြက္ေစပါတယ္။
အ၀တ္အစားကုိ တစ္ေန႔ ၂ခါလဲလွယ္ေပးပါ။ေခြ်းအရမ္းထြက္လြန္းသူဆုိရင္ ၂ခါေလာက္လဲမွ ေခြ်းနံ႔ထြက္တာလည္းသက္သာေစမွာပါ။သဘာ၀ခ်ည္မ်ွင္နဲ႔
လုပ္ထားတဲ႔အ၀တ္အစား၊လီနင္သား၊ပိုးသားစတဲ႔အ၀တ္အစားေတြကအသက္ရႈေခ်ာင္ေစသလိုေလေကာင္းေလသန္႔လည္းရေစပါတယ္။
ကဖင္းဓာတ္ပါတဲ႔အစားအစာေတြေလ်ွာ့ခ်ပါ။ကဖင္းဓာတ္က သင့္ရဲ ႔ခႏၶာကုိယ္တြင္း အပူခ်ိန္ကုိျမင့္တက္ေစပါတယ္တဲ႔။

Unicode

တခြားသူတွေထက် ကိုယ်က ပိုပြီးချွေးထွက်များနေလား သတိထားကြည့်ပါဦး။ သူများတွေချွေးမထွက်ပေမဲ့ ကိုယ်ကတော့ချွေးတွေထွက်နေတယ်၊တခြားသူတွေ
ချွေးထွက်ချိန်မှာလည်း ကိုယ်ကသိသိသာသာပိုပြီးချွေးတွေထွက်နေမယ်ဆိုရင် ဒါကကျန်းမာရေးအတွက်မကောင်းသလို ပတ်ဝန်းကျင်အတွက်လည်း
အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

ချွေးထွက်လွန်နေတဲ့အခါ ချွေးနံ့ကလည်း ပုံမှန်ထက်လွန်ကဲစွာထွက်တာဖြစ်လို့ အနားမှာရှိတဲ့သူကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တာပါ။ဒါ့အပြင် ချွေးထွက်များတယ်ဆိုတာက ရေဓာတ်ကုန်ဆုံးတာနဲ့အတူတူပဲဖြစ်လို့ ကျန်းမာရေးအတွက်ထိခိုက်စေပါတယ်။အဲ့ဒါကြောင့်
ချွေးထွက်များလွန်းတဲ့ပြဿနာကိုသဘာဝအတိုင်းဖြေရှင်းနည်းလေးတွေပြောပြပေးချင်ပါတယ်။သဘာဝအတိုင်းမဖြေရှင်းခင်မှာ ဆရာဝန်နဲ့အရင်ပြသဖို့လည်းအကြံပေးချင်ပါတယ်။အလွန် အကျွံချွေးထွက်များတာက နေမကောင်းတာရဲ့လက္ခဏာတစ်ခုဖြစ်တာကြောင့် ဆရာဝန်နဲ့အရင်ဆုံးတိုင်ပင်ဆွေးနွေးဖို့မမေ့ပါနဲ့။

သဘာဝအတိုင်းဖြေရှင်းနည်းလေးတွေကတော့…

၁)ခရမ်းချဉ်သီးဖျော်ရည်
ခရမ်းချဉ်သီးဖျော်ရည်အေးအေးလေးကို နေ့တိုင်းသောက်သုံးပေးတာကလည်း အဆိပ်အတောက်တွေကင်းစင်စေပြီး ချွေးထွက်လွန်တာကို သက်သာစေပါတယ်။
ခရမ်းချဉ်သီးက သွေးလည်မှုလည်းကောင်းစေတဲ့အပြင် အသားအရည်ကိုလည်း လှပစေပါတယ်။ချွေးပေါက်တွေကိုလည်းကျစ်လစ်စေလို့ အသားအရည် အတွက်ရော၊ကျန်းမာရေးအတွက်ပါ ခရမ်းချဉ်သီးဖျော်ရည်က အကျိုးရှိစေပါတယ်။

၂)အာလူး
အာလူးကတော့ ချွေးထွက််လွန်တာကို သက်သာစေဖို့ ရှေးကျတဲ့နည်းလမ်းတစ်ခုပါ။အာလူးကို ပါးပါးလေးလှီးပြီးချွေးထွက်တဲ့နေရာတွေဖြစ်တဲ့ ချိုင်းကြား၊လည်ပင်း၊
ခြေဖဝါးတွေနဲ့ တခြားချွေးထွက်တတ်တဲ့နေရာတွေကို ထားပေးပါ။ချွေးနံ့ပျောက်ဆေးမသုံးခင် ကြိုတင်ပြီးထားပေးခြင်းဖြင့် ချွေးအများကြီးထွက်တာကိုကာကွယ်ပေးနိုင်ပါတယ်။ ညတိုင်းအိပ်ရာမဝင်ခင် ၁နာရီလောက်ကြိုပြီးလုပ်ပေးမယ်ဆိုရင် ချွေးအလွန်အကျွံထွက်တာကို တားဆီးကာကွယ်ပေးနိုင်ပါတယ်။

၃)ကြက်သွန်မိတ်ဖျော်ရည်
ကြက်သွန်မိတ်ဖျော်ရည်က ပရိုတင်းဓာတ်နဲ့ဗီတာမင် ဘီစစ်၊ဘီတွဲ၊ဗီတာမင်စီနဲ့ဖောလစ်အက်စစ်တို ့ပါဝင်တာကြောင့် သဘာဝအတိုင်းသွေးထဲက အဆိပ်တွေကိုဖယ်ရှားပေးပါတယ်။ ဗီတာမင်ဘီပါဝင်မှုများတာကြောင့် ချွေးအလွန်အကျွံထွက်တာကိုတားဆီးပေးနိုင်ပါတယ်။ နေ့တိုင်းတစ်ဖန်ခွက်သောက်ပေးမယ်ဆိုရင်အကြောတွေသန်မာစေပြီးချွေးထွက်နည်းစေပါတယ်။

၄)လက်ဖက်စိမ်းဆီ
လက်ဖက်စိမ်းအဆီ( Tea Tree Oil) ဟာ သဘာဝအတိုင်းသင့်ခန္ဓာကိုယ်ရဲ ့အလွန်အကျွံချွေးထွက်မှုကိုကာကွယ်ပေးနိုင်ပါတယ်။ခြေဖဝါးချွေးထွက်တာကိုလည်း
ကာကွယ်ပေးနိုင်တဲ့အပြင်ဘတ်တီးရီးယားတွေကိုပါကင်းစင်စေပါတယ်။ချွေးထွက်များတဲ့နေရာတွေမှာ ညအိပ်ရာဝင်ခါနီးတိုင်းအသင့်အတင့်လိမ်းပေးပါ။လက်ဖက်စိမ်းဆီဟာ ချွေးထွက်များတာကြောင့်ဖြစ်လာနိုင်တဲ့ မှိုရောဂါကိုလည်းကာကွယ်ပေးနိုင်တယ်လို့သိရပါတယ်။

၅)အုန်းဆီ
ုအုန်းဆီဟာ ချွေးနံ့ဆိုးဖြစ်ပေါ်စေတဲ့ဘတ်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ပါတယ်။Lauric acid ပါဝင်တာကြောင့် အုန်းဆီက ချွေးထွက်လွန်တာကိုလည်းသက်သာစေပြီးချွေးန့ံဆိုး ထွက်တာကို ကာကွယ်ပေးနိုင်ပါတယ်။အုန်းဆီက အကျီတွေမှာအလွယ်တကူအစွန်းအထင်းဖြစ်စေတာကြောင့် ပမာဏအနည်းငယ်သာယူပြီးချွေးထွက်များတဲ့နေရာတွေကိုလိမ်းပေးပါ။အရေပြားထဲကိုစိမ့်ဝင်သွားတဲ့အထိ နှိပ်နယ်ပေးဖို့မမေ့ပါနဲ့။အဲ့ဒါဟာ တစ်နေ့လုံးသင့်အတွက်စိတ်ကျေနပ်မှုရစေမှာပါ။
အုန်းဆီနဲ့မုန့်ဖုတ်ဆိုဒါရောနှောပြီးတော့လည်းချွေးနံ့ပျောက်ဆေးအဖြစ်သုံးနိုင်ပါတယ်။အုန်းဆီစားပွဲတင်ဇွန်း ၃ဇွန်းနဲ့မုန့်ဖုတ်ဆိုဒါ ၃ဇွန်း၊ထောပတ်စားပွဲတင်ဇွန်း၂ဇွန်းကိုရောစပ်ပါ။ပြီးရင် နေ့တိုင်းအဲ့ဒီအဆီကိုလိမ်းပေးရုံပါပဲ။

အလွန်အကျွံချွေးထွက်များလွန်းတဲ့ပြဿနာအတွက် မှတ်သားစရာအချက်လေးတွေလည်း ရှိပါတယ်။အဲ့ဒါတွေကတော့…

ရေများများသောက်ပါ။
စိတ်ဖိစီးမှုတွေ၊စိုးရိမ်ပူပန်မှုတွေလျှော့ထားပါ။
အချိုအစပ်တွေလျှော့စားပါ။ငရုတ်သီးစပ်တွေက ချွေးနံ့ဆိုးထွက်စေပါတယ်။
အဝတ်အစားကို တစ်နေ့ ၂ခါလဲလှယ်ပေးပါ။ချွေးအရမ်းထွက်လွန်းသူဆိုရင် ၂ခါလောက်လဲမှ ချွေးနံ့ထွက်တာလည်းသက်သာစေမှာပါ။သဘာဝချည်မျှင်နဲ့
လုပ်ထားတဲ့အဝတ်အစား၊လီနင်သား၊ပိုးသားစတဲ့အဝတ်အစားတွေကအသက်ရှုချောင်စေသလိုလေကောင်းလေသန့်လည်းရစေပါတယ်။
ကဖင်းဓာတ်ပါတဲ့အစားအစာတွေလျှော့ချပါ။ကဖင်းဓာတ်က သင့်ရဲ ့ခန္ဓာကိုယ်တွင်း အပူချိန်ကိုမြင့်တက်စေပါတယ်တဲ့။

126 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.