မ်က္လွည့္ျပလိုက္သလို ဆံေကသာေတြလွပသန္စြမ္းေစဖုိ႔ သေဘၤာသီးနဲ႔ေပါင္းတင္ၾကမယ္

စားလို႔လည္းရ၊အာဟာရလည္းျဖစ္တဲ႔အျပင္ ဆံပင္အတြက္ပါ သေဘၤာသီးက အသံုး၀င္ပါတယ္တဲ႔။တစ္ခ်က္ခုတ္ႏွစ္ခ်က္ျပတ္ဆိုသလုိ သေဘၤာသီးလည္းစားျပီး
နည္းနည္းခ်န္ထားတဲ႔သေဘၤာသီးေလးနဲ႔ လွပျပီးသန္စြမ္းတဲ႔ဆံေကသာေလး ရေအာင္လုပ္ၾကမယ္ေလ။သေဘၤာသီးက ဓာတုပစၥည္းေတြမပါ၀င္္ပဲ သဘာ၀အတိုင္း
ဆံပင္ကုိေတာက္ပေစတဲ႔ သဘာ၀ပစၥည္းတစ္ခုပါ။သေဘာၤသီးနဲ႔ဆံပင္ေပါင္းတင္တာကလည္း တကယ္လက္ေတြ႔အက်ိဳးရွိတာျဖစ္လို႔ ဒီနည္းအတုိင္းလိုက္လုပ္ၾကတဲ့သူေတြလည္း  အမ်ားၾကီးရွိပါတယ္။ေစ်းလည္းသက္သာတဲ႔အျပင္ သေဘၤာသီးမွည့္က ဗီတာမင္ေအ၊ဗီတာမင္စီ၊ဘီတာကာရုိတင္း၊မဂၢနီဆီယမ္၊ပုိတက္ဆီယမ္နဲ႔ဆံပင္အတြက္
အားျဖည့္ေပးတဲ႔ဓာတ္သတၱဳေတြပါ၀င္တာေၾကာင့္ ဆံပင္သားေခ်ာေမြ႔ေစျပီး ေတာက္ပဖို႔ကူညီေပးႏုိင္ပါတယ္။ဒီလုိ သေဘၤာသီးနဲ႔ဆံပင္ေပါင္းတင္ဖို႔အတြက္ ေရာစပ္ဖို႔ပစၥည္းအနည္းငယ္ေတာ့လိုပါေသးတယ္။

ပါ၀င္ပစၥည္းမ်ား
သေဘာၤသီးမွည့္တစ္စိတ္(ဆံပင္အထူအပါးလုိက္ျပီးေျပာင္းလဲႏုိင္)
အုန္းဆီ ခြက္ရဲ ႔ေလးပံုတစ္ပံု
ပ်ားရည္

အုန္းဆီေရာ၊ပ်ားရည္ေရာ ဆံပင္အတြက္ေကာင္းမြန္ေစတာမို႔ အဲ႔ဒီသံုးခုေရာေႏွာလိုက္တဲ႔အခါမွာ အက်ိဳးေက်းဇူးေတြအမ်ားၾကီးရလာေစပါတယ္။ဒီသံုးခုကုိဘယ္လိုေရာမလဲဆိုရင္  အရင္ဆံုးသေဘၤာသီးကုိ ၾကိတ္စက္ထဲထည့္ျပီးေမႊလိုက္ပါ။ျပီးရင္ အဲ႔ဒီထဲကုိအုန္းဆီခြက္ရဲ ႔ေလးပံုတစ္ပံုစာထည့္ပါ။ပ်ားရည္စစ္စစ္စားပြဲတင္ဇြန္းတစ္ဇြန္းထပ္ထည့္လုိက္ပါ။အကုန္လံုးေရာေမႊျပီးတဲ႔ေနာက္မွာေတာ့ သေဘၤာသီးမွည့္အရည္ပ်စ္ပ်စ္ကုိရလာပါျပီ။အားလံုးျပီးရင္ ခြက္တစ္ခုထဲေျပာင္းထည့္ျပီးဆံပင္အႏွံ႔လိမ္းေပးရံုပါ။

ျပီးရင္ Shower Cap တစ္ခုအုပ္ထားျပီးနာရီ၀က္ထားေပးပါ။နာရီ၀က္ျပည့္ရင္ ေရစင္္စင္ေဆးခ်ေပးရံုပါပဲ။တစ္ပတ္ကုိ ၁ၾကိမ္ျဖစ္ေစ၊၂ၾကိမ္ထိျဖစ္ေစလုပ္ေပးႏုိင္ပါတယ္။
ဆံပင္ကုိလည္းေပ်ာ့ေပ်ာင္းေစျပီးေကာင္းက်ိဳးေတြအမ်ားၾကီးရရွိေစလို႔ ေခါင္းေလ်ွာ္ရည္ထက္ပုိျပီးအက်ိဳးရွိေစပါတယ္။တကယ္လို႔အနံ႔ေတြက်န္ရွိေနေသးတယ္
ဆုိရင္ ကေလးေခါင္းေလ်ွာ္ရည္အေပ်ာ့စားနဲ႔ေခါင္းေလ်ွာ္ေပးႏုိင္ပါတယ္။

သတိထားရမွာက မမွည့္ေသးတဲ႔သေဘၤာသီးကုိမသံုးမိေစဖို႔ပါပဲ။ သေဘၤာသီးမွည့္ ကုိသာသံုးေပးပါ။ေဆးနဲ႔စုိက္ပ်ိဳးထားတဲ႔အသီးထက္ သဘာ၀အတုိင္းစုိက္ပ်ိဳး
ထားတဲ႔သေဘၤာသီးဆုိရင္ပုိျပီးေကာင္းပါတယ္။ဆံပင္အရမ္းေျခာက္ေနရင္ေတာ့ အဲ႔ဒီသေဘၤာသီးအရည္ထဲမွာသံလြင္ဆီအနည္းငယ္ထည့္ေပးႏုိင္ပါတယ္။

အားလံုးကေငးျပီး အားက်ရတဲ႔ဆံေကသာေလးပုိင္ဆုိင္ႏုိင္ၾကပါေစေနာ္။

Unicode

စားလို့လည်းရ၊အာဟာရလည်းဖြစ်တဲ့အပြင် ဆံပင်အတွက်ပါ သင်္ဘောသီးက အသုံးဝင်ပါတယ်တဲ့။တစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုသလို သင်္ဘောသီးလည်းစားပြီး
နည်းနည်းချန်ထားတဲ့သင်္ဘောသီးလေးနဲ့ လှပပြီးသန်စွမ်းတဲ့ဆံကေသာလေး ရအောင်လုပ်ကြမယ်လေ။သင်္ဘောသီးက ဓာတုပစ္စည်းတွေမပါဝင််ပဲ သဘာဝအတိုင်း
ဆံပင်ကိုတောက်ပစေတဲ့ သဘာဝပစ္စည်းတစ်ခုပါ။သဘောင်္သီးနဲ့ဆံပင်ပေါင်းတင်တာကလည်း တကယ်လက်တွေ့အကျိုးရှိတာဖြစ်လို့ ဒီနည်းအတိုင်းလိုက်လုပ်ကြတဲ့သူတွေလည်း အများကြီးရှိပါတယ်။စျေးလည်းသက်သာတဲ့အပြင် သင်္ဘောသီးမှည့်က ဗီတာမင်အေ၊ဗီတာမင်စီ၊ဘီတာကာရိုတင်း၊မဂ္ဂနီဆီယမ်၊ပိုတက်ဆီယမ်နဲ့ဆံပင်အတွက်
အားဖြည့်ပေးတဲ့ဓာတ်သတ္တုတွေပါဝင်တာကြောင့် ဆံပင်သားချောမွေ့စေပြီး တောက်ပဖို့ကူညီပေးနိုင်ပါတယ်။ဒီလို သင်္ဘောသီးနဲ့ဆံပင်ပေါင်းတင်ဖို့အတွက် ရောစပ်ဖို့ပစ္စည်းအနည်းငယ်တော့လိုပါသေးတယ်။

ပါဝင်ပစ္စည်းများ
သဘောင်္သီးမှည့်တစ်စိတ်(ဆံပင်အထူအပါးလိုက်ပြီးပြောင်းလဲနိုင်)
အုန်းဆီ ခွက်ရဲ ့လေးပုံတစ်ပုံ
ပျားရည်

အုန်းဆီရော၊ပျားရည်ရော ဆံပင်အတွက်ကောင်းမွန်စေတာမို့ အဲ့ဒီသုံးခုရောနှောလိုက်တဲ့အခါမှာ အကျိုးကျေးဇူးတွေအများကြီးရလာစေပါတယ်။ဒီသုံးခုကိုဘယ်လိုရောမလဲဆိုရင် အရင်ဆုံးသင်္ဘောသီးကို ကြိတ်စက်ထဲထည့်ပြီးမွှေလိုက်ပါ။ပြီးရင် အဲ့ဒီထဲကိုအုန်းဆီခွက်ရဲ ့လေးပုံတစ်ပုံစာထည့်ပါ။ပျားရည်စစ်စစ်စားပွဲတင်ဇွန်းတစ်ဇွန်းထပ်ထည့်လိုက်ပါ။အကုန်လုံးရောမွှေပြီးတဲ့နောက်မှာတော့ သင်္ဘောသီးမှည့်အရည်ပျစ်ပျစ်ကိုရလာပါပြီ။အားလုံးပြီးရင် ခွက်တစ်ခုထဲပြောင်းထည့်ပြီးဆံပင်အနှံ့လိမ်းပေးရုံပါ။

ပြီးရင် Shower Cap တစ်ခုအုပ်ထားပြီးနာရီဝက်ထားပေးပါ။နာရီဝက်ပြည့်ရင် ရေစင််စင်ဆေးချပေးရုံပါပဲ။တစ်ပတ်ကို ၁ကြိမ်ဖြစ်စေ၊၂ကြိမ်ထိဖြစ်စေလုပ်ပေးနိုင်ပါတယ်။
ဆံပင်ကိုလည်းပျော့ပျောင်းစေပြီးကောင်းကျိုးတွေအများကြီးရရှိစေလို့ ခေါင်းလျှော်ရည်ထက်ပိုပြီးအကျိုးရှိစေပါတယ်။တကယ်လို့အနံ့တွေကျန်ရှိနေသေးတယ်
ဆိုရင် ကလေးခေါင်းလျှော်ရည်အပျော့စားနဲ့ခေါင်းလျှော်ပေးနိုင်ပါတယ်။

သတိထားရမှာက မမှည့်သေးတဲ့သင်္ဘောသီးကိုမသုံးမိစေဖို့ပါပဲ။ သင်္ဘောသီးမှည့် ကိုသာသုံးပေးပါ။ဆေးနဲ့စိုက်ပျိုးထားတဲ့အသီးထက် သဘာဝအတိုင်းစိုက်ပျိုး
ထားတဲ့သင်္ဘောသီးဆိုရင်ပိုပြီးကောင်းပါတယ်။ဆံပင်အရမ်းခြောက်နေရင်တော့ အဲ့ဒီသင်္ဘောသီးအရည်ထဲမှာသံလွင်ဆီအနည်းငယ်ထည့်ပေးနိုင်ပါတယ်။

အားလုံးကငေးပြီး အားကျရတဲ့ဆံကေသာလေးပိုင်ဆိုင်နိုင်ကြပါစေနော်။

466 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.