အဖေချစ်သမီးတွေသာ ခံစားနားလည်နိုင်တာတွေ

Zawgyi Format

Daddy’s Girl ဖြစ်နေဖို့ဆိုတာ လွယ်တာတော့မဟုတ်ပါဘူး။ဒါပေမယ့် ကိုယ်တွေကတော့ ကံကောင်းသူလေးတွေဖြစ်လေတော့ အထူးတလည်ကြိုးစားစရာမလိုပဲဖေဖေချစ်တဲ့သမီးအလိမ္မာလေးတွေဖြစ်နေတော့တာပါပဲ။ အဖေချစ်သမီးလေးတွေအချင်းချင်းသာနားလည်နိုင်တဲ့အချက်ကလေးတွေကတော့…

 

– “ဒက်ဒီိဖားသားပါးပါးဖေဖေကိုအချစ်ဆုံး”

အဲ့လိုပြောပြောပြီးချွဲနေတာတစ်နေ့ကိုဆယ့်နှစ်ခါ 😛 ဖေကြီိး….ဘာလိုချင်တယ်လို့ပြောလိုက်တာနဲ့မရဘူးဆိုတာ အိပ်မက်ထဲမှာတောင်မရှိရေးချမရှိ။

– အဖေဆိုတာ အတော်ဆုံးလက်ဦိးဆရာ။အဖေ့ပခုံးပေါ်တက်ပြီိး လှမ်းကြည့်ရတဲ့ကမ္ဘာလောကကြီးဟာသိပ်ကိုအရောင်တွေစုံနေဖူးတာပေါ့။ ဘယ်အရောင်ကဘာဆိုတာကအစ ဘယ်သူ့ကိုဘယ်လိုဆက်ဆံသင့်တယ်အဆုံး၊ ကျောင်းစာတွေကိုဘာလို့ကြိုးစားသင့်တယ်ဆိုတာမျိုးတွေရှင်းပြဖူးခဲ့တဲ့အဖေ့အသံဟာ အချိုမြိန်ဆုံးဂီတ။

– ဖေကြီးကသမီးရဲ့အချစ်ဆုံးသူငယ်ချင်း။ ဖေ့ကိုဘာမဆိုပြောလို့ရတယ်။ အမေမသိအောင်ခိုးပြီိး ညဘက်ထွက်လည်ဖို့ကအစ အဆင့်တွေကျသွားတဲ့ ရပို့ကဒ်ကို အဖေ့ပါးအိအိကြီးကိုမွှေးပြီး လက်မှတ်ထိုးခိုင်းလို့လည်းရတယ်၊အဖေက သမီးနော် စာမတော်ချင်နေ၊စာတတ်အောင်ကြိုးစားရမယ်နော်ဆိုပြီးလက်မှတ်ထိုးပေးမှာပဲလေ။ဒါမှမဟုတ် ကျောင်းက သူငယ်ချင်းကောင်မလေးတွေက သမီးကိုဘယ်လိုတွေအတင်းပြောတာဆိုပြီး တိုင်လို့တောလို့လည်းရတယ်။သမီးက ဘာပြန်ပြောလိုက်ဆိုပြီးအဖေက သင်ညဏ်တွေပေးဦးမှာ။ အသက်လေးနည်းနည်းကြီိးလာရင်တော့ သမီးကိုလိုက်ကြိုက်တဲ့ကောင်လေးတွေရဲ့ ရည်းစားစာတွေကိုအဖေနဲ့အတူဖွင့်ဖတ်ပြီး အဖေက မျက်နှာကြီးမဲ့ရွဲ့ပြီးဖတ်ပြတာကို နားထောင်ရင်း စိတ်လွတ်ကိုယ်လွတ်ရယ်မောလို့ရတာပေါ့။

– အဖေ့ဆီက အရိုးသားအပွင့်လင်းဆုံးအကြံညဏ်တွေရတယ်။အခြားလူတွေက သမီးလေးကအရမ်းတော်တာပဲဘာညာနဲ့အမွှန်းတင်နေကြချိန်မှာ အဖေကတော့ သမီး ဘယ်နေရာမှာလိုသေးတယ်နော်၊ဘာတွေဆက်ကြိုးစားဖို့လိုသေးတယ်နဲ့အမြဲလိုလိုသတိပေးနေမှာာ။သူများတွေမပြောရဲတဲ့ဘယ်တော့မှပြောမှာမဟုတ်တဲ့ရက်စက်တဲ့ဝေဖန်မှုတွေလည်းသမီးအပေါ်ကိုလုပ်ဦးမှာ၊ဒါပေမယ့် ဒါတွေအားလုံးဟာ သမီးရဲ့စိတ်ဓာတ်တွေပွန်းပဲ့ယိမ်းယိုင်စေဖို့မဟုတ်ပဲ ပိုမိုကြံ့ခိုင်တောက်ပြောင်လာစေဖို့ပါ။ ဒီနေရာမှာ အိုးထိန်းသည်ဟာ ဘာညာ ဆန်ရင်းနာနာဖွပ်ဘာညာ ဆိုတဲ့ဥပမာဥပမေယျတွေနဲ့မနှိုင်းတော့ပါဘူး။လူတွေဟာ အိုးတွေမဟုတ်သလို ဆန်တွေလည်းမဟုတ်ဘူးလေ။အရာရာမှာ သူ့လစ်မစ်နဲ့သူရှိတာပေါ့။သားသမီးတွေကိုထိန်းကျောင်းရာမှာလည်းဒီလိုပဲပေါ့။အဖေပြောဖူးပါတယ်.. အိုးထိန်းသည်က အိုးလေးတွေချစ်လိုက်တာဆိုပြီး ရိုက်နေတာမဟုတ်ဘူး၊အိုးတွေကြည့်လို့လှပြီးမာမှ သူဈေးကောင်းရမှာမို့လို့ဂရုစိုက်ပြီးရိုက်နေတာ၊သူသာပိုက်ဆံရှိကြည့်ပါလား အိုးထိန်းသည်အလုပ်ဆက်လုပ်နေမလားလို့။ ဆန်ဖွပ်နေသူတွေဟာလည်း ဆန်ဖြူဖြူဖွေးဖွေးတွေစားရအောင်အားသွန်ခွန်စိုက်ဖွပ်နေတာပဲလေ…ဆန်လေးတွေရဲ့ဘဝကောင်းစားအောင်ဘာညာရယ်လို့သူ့အတွေးထဲမှာ ဘယ်နှယ့်လုပ်ရှိပါ့မလဲ၊ဗိုက်ထဲရောက်မယ့်ဟာကိုပဲ။ဒါပေမယ့် မိဘမေတ္တာကတော့မတူဘူးမဟုတ်လား။မိဘတွေက သားသမီးတွေကိုဆုံးမရာမှာ ပိုက်ဆံရဖို့တို့ ဗိုက်ထဲရောက်ဖို့တို့ ပိုက်ဆံသာရှိကြည့် ဒီကလေးတွေကိုဆက်ထိန်းကျောင်းမနေတော့ဘူးတို့ဆိုတာတွေမှမရှိတာ။ ဘာမှပြန်လည်မျှော်ကိုးခြင်းမရှိတဲ့ ကြီိးမြတ်တဲ့မေတ္တာကိုး။ ဒါကြောင့်ကိုယ်တို့တွေဟာ တစ်ခုခုကိုတစ်ခုခုနဲ့မနှိုင်းခင် အနှိုင်းခံပစ္စည်းနဲ့နှိုင်းတဲ့ပစ္စည်းတွေရဲ့ ဂုဏ်သိက္ခာတွေကိုအရင်ဆုံးစဉ်းစားသင့်တယ်၊အပေါ်ယံတွေကြည့်ပြီးမနှိုင်းသင့်ဘူးရယ်လို့ အဖေပြောဖူးတယ်မဟုတ်လား။

– အဖေဆိုတာ ယောက်ျားတွေရဲ့စံနမူနာ။အသက်နှစ်ဆယ်တန်းရောက်တဲ့အထိ အနားမှာအဖေရှိနေတယ်ဆိုရင်တော့ သိပ်ကိုကံကောင်းသွားပါပြီိ။စာရေးနေတဲ့သူထက်ပိုကံကောင်းသွားပြီိလို့ဆိုရမယ်ပေါ့။ အဖေ့ရဲ့သင်ပြပေးမှုတွေထဲမှာ ယောက်ျားတစ်ယောက်က ကိုယ့်ကိုဘယ်လိုဆက်ဆံသင့်တယ်ဆိုတာပါပါဝင်ပါတယ်။ ဒါကြောင့်အဖေချစ်သမီးတွေဟာ တော်ရုံယောက်ျားလောက်ကိုမမြင်ဖူးမူးမြစ်ထင်ပြီး ဖက်တွယ်မနေတတ်ကြပါဘူး။ အဖေက ကိုယ့်ကိုဆက်ဆံတာကိုတော့ သူစိမ်းယောက်ျားတစ်ယောက်က ဘယ်နည်းနဲ့မှမီနိုင်မှာမဟုတ်ပေမယ့် အဖေ့လောက်နီးပါးကောင်းမွန်တဲ့ဆက်ဆံရေးကိုတော့ ကိုယ်ချစ်တဲ့ယောက်ျားဆီကမျှော်လင့်ထားတတ်ကြပါတယ်။မရရင်လည်း ကိစ္စတော့သိပ်မရှိ။အဲ့ဒီိ့ယောက်ျားကို ကျောခိုင်းခဲ့တတ်ကြတယ်လေ။အဖေဟာ ကိုယ်တို့အတွေးထဲမှာစံပြဖြစ်နေတာမို့ ဘယ်လိုယောက်ျားမျိုးကိုပဲဖြစ်ဖြစ် အဖေနဲ့တန်းပြီးနှိုင်းတတ်ကြတာကလည်း အလိုအလျှောက်ဖြစ်ပေါ်နေတဲ့ ကိုယ်တို့ရဲ့စိတ်နေစိတ်ထားပဲပေါ့။  အဖေချစ်သမီးတွေဟာ ဒီလိုနဲ့ပဲအပျိုကြီးဖြစ်သွားတာများပေမယ့် ယောက်ျားတစ်ယောက်ကိုကိုယ်တို့ဘဝမှာမဖြစ်မနေလိုအပ်တာမဟုတ်လေတော့ဒီိစိတ်ထားမျိုးက ကောင်းတဲ့အရာပါပဲ။

 

အဖေရှိသေးရင်အနားမှာရှိတဲ့အဖေ့ကို ဂရုစိုက်ကြပါနော်။ အဝေးမှာဆိုလည်းချက်ချင်းပဲဖုန်းဆက်လိုက်ကြပါ။ မရှိတော့ဘူးဆိုရင်တောင် အလှူပြုပေးနိုင်သေးတာပဲ။မငိုပါနဲ့…။

 

Unicode Format







 

304 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.