ဒိတ်သတင်းထွက်လာခဲ့တဲ့အပေါ် Kim Dong Jun နဲ့ Go Sung Hee တို့ရဲ့ တုံ့ပြန်မှု
Source:Allkop
Unicode
မကြာသေးခင်ရက်ပိုင်းက ကိုရီးယားမီဒီယာတစ်ခုကနေ Black မင်းသား Kim Dong Jun နဲ့ Go Sung Hee တို့ဟာ ဒီနှစ်အစပိုင်းမှာစတွဲခဲ့ကြပြီး အခုချိန်ထိတိုင်အောင် ၃လလုံးလုံး အတူတူမြင်တွေ့ခဲ့ကြတယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။သူတို့ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလက Master Key တီဗီရှိုးအစီအစဉ်တစ်ခုမှာတွေ့ဆုံခဲ့ကြပြီးနောက် ရင်းနှီးမှုတိုးတက်လာခဲ့တာ ဖြစ်တယ်လို့လည်းအခိုင်အမာရေးသားပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ မတ်လ ၂၂ရက်၊ဒီကနေ့မှာတော့ Kim Dong Jun နဲ့ Go Sung Hee တို့နှစ်ယောက်လုံးက ဒိတ်သတင်းအပေါ်ငြင်းဆိုခဲ့တယ်လို့သိရပါတယ်။
Kim Dong Jun ရဲ ့အေဂျင်စီက “သူတို့နှစ်ယောက််တွဲနေတယ်ဆိုတဲ့သတင်းဟာ မမှန်ပါဘူး။သူတို့က ရင်းနှီးတဲ့လုပ်ဖော်ကိုင်ဖက်တွေပါ။သူတို့က Master Key
မှာစတွေ့ခဲ့ကြတယ်ဆိုတဲ့သတင်းဟာမှန်ပါတယ်။ဒါပေမဲ့သူငယ်ချင်းတွေလိုပဲ အပြင်သွားလာခဲ့ကြတာပါ။ပြီးတော့ မင်းသားဟာ ပြီးခဲ့တဲ့လက ယူအက်စ်မှာ
ရှိနေခဲ့ပြီး သူ့မှာဒိတ်လုပ်ဖို့အချိန်တောင်မရှိပါဘူး”လို့ပြောခဲ့ပါတယ်။မင်းသမီး Go Sung Hee ရဲ ့အေဂျင်စီကလည်း “သူတို့နှစ်ယောက်တွဲနေတယ်ဆိုတဲ့သတင်း
ဟာ အမှန်မဟုတ်ကြောင်းနဲ့သူငယ်ချင်းတွေသာဖြစ်တယ်”လို့ ပြောခဲ့ပါတယ်။
ပရိသတ်တွေကတော့ သူတို့နှစ်ယောက်ဟာ Master Key မှာဆုံတွေ့ခဲ့ကြပြီး
အဲ့ဒီနောက်ပိုင်းမှာလည်းမကြာခဏအပြင်ကိုအတူတူထွက်လည်ကြတယ်ဆိုတာကို သိပြီးသားဖြစ်တယ်လို့လည်းသိရပါတယ်။
Source:Allkop
148 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.