စိတ်ဓာတ်ကျတာတွေပျောက်ပြီး ပျော်ရွှင်ခြင်းရှေ့မှောက်ဆိုက်ရောက်ဖို့

ဒီအကြောင်းတစ်ခါရေးဖူးတယ်လို့တော့ထင်နေတယ်လို့ဆိုပေမယ့် ကိုယ့်ဟာကိုယ်ဘာတွေရေးလို့ရေးခဲ့မှန်းဝေဝေဝါးဝါးဖြစ်နေတာကတစ်ကြောင်း ဒီလိုအကြောင်းအရာမျိုးဆိုတာက ဘယ်တော့မှမဟောင်းနိုင်ပဲ X box ရဲ့သီချင်းနာမည်လိုအမြဲတမ်းအသစ်ဖြစ်နေတာကတစ်ကြောင်း ချစ်ကြိုက်ကွဲညားကိစ္စတွေနဲ့ပက်သက်ပြီး ညွှန်ကြားချက်တွေရေးရတာလည်း အနည်းငယ်ငြီးငွေ့လာပြီဖြစ်တာကြောင့်ပါ ပျော်ရွှင်ခြင်းနည်းစနစ်တွေကို အပ်ပုဒိတ် (update) လုပ်ပြီး ထပ်မံဖော်ပြလိုက်ရပါတယ်နော်။ ပျော်အောင်လုပ်လို့ရတဲ့နည်းလမ်းတွေအများကြီိးရှိပါတယ်။ဒါပေမယ့် မှန်ကန်တဲ့နည်းလမ်းဖြစ်ဖို့တော့လိုပါလိမ့်မယ်။ ကလပ်တွေတက် ရည်းစားတွေထားပြီး ဘဝကိုပေါ့ပေါ့နေပေါ့ပေါ့စားဖြတ်သန်းတာက လူငယ်ဘဝမှာခဏတာတော့ပျော်ကောင်းပျော်စေနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ရေရှည် Long run မှာ စိတ်ဒုက္ခတွေအပြင်ဘာမှရလာနိုင်စရာမရှိပါဘူး။ မှန်ကန်တဲ့နည်းလမ်းဆိုရင်တော့ တစ်ဘဝလုံးစိတ်အေးချမ်းသာပျော်စေနိုင်မှာပါ။ ပျော်ရွှင်မှုနောက်လိုက်ရာမှာ မှန်ကန်တဲ့နည်းလမ်းတွေကဘာတွေပါလိမ့်။

 

အဓိပ္ပါယ်ရှိတဲ့အရာကိုပဲလုပ်ပါ

ဖြစ်တတ်ပါတယ်။အဓိပ္ပါယ်ရှိတဲ့အရာတွေကပျော်ဖို့မကောင်းတာများတယ်မဟုတ်လား။ကိုယ်နားလည်တယ်။လောကကြီးမှာအတုတွေကပိုတောက်ပြောင်တယ်ဆိုတဲ့အတိုင်းပဲ အဓိပ္ပါယ်မရှိတဲ့အရာတွေကသာ အရောင်စုံပြီး အဓိပ္ပါယ်ရှိတဲ့ အရာတွေက ပျင်းဖို့ပဲကောင်းနေသလိုလို ဘာလိုလိုဖြစ်နေတတ်တာကိုး။ ဒါပေမယ့် ကိုယ့်ကိုယုံပါ။ အဓိပ္ပါယ်ရှိတဲ့အရာတွေကိုရွေးချယ်ခြင်းက သင့်ကို ရေရှည်ပျော်ရွှင်မှုမျိုးပေးနိုင်မှာပါ။

 

ကိုယ်ဘာလုပ်နိုင်သလဲဆိုတာဆန်းစစ်ပါ

ခုလောလောဆယ်စိတ်ဓာတ်တွေကမြေကြီးထဲအထိတိုးဝင်ချင်နေတယ်ဆိုပါတော့ ဘာလုပ်လို့လုပ်ရမှန်းမသိ အသည်းတွေဘာတွေကွဲနေတယ်ဆိုပါတော့.. ဒါမှမဟုတ်လည်းအကြောင်းပြချက်ရေရေရာရာမရှိပဲဒီအတိုင်းပဲစိတ်လေနေတာဖြစ်ပါစေဦး။ တက်ကြွပျော်ရွှင်သွားမယ့်နည်းလမ်းတွေကရှိပါတယ်။ကိုယ့်ဘက်က မပျင်းဖို့တော့လိုတာပေါ့လေ။ ကိုယ်တိုင်ကပျင်းနေတယ်ဆိုရင်တော့ ဘုရားအဆူဆူဆင်းချွတ်တောင်အကျွတ်တရားမရချင်ပါဘူး ပျင်းစရာကြီးဆိုပြီး ဟိုဘက်လှည့်အိပ်နေမယ့်လူမျိုးတွေက အများသားမဟုတ်လား။ ဒီတော့ လောလောဆယ်လတ်တလော မျက်မှောက်ပစ္စုပန် ယခုအချိန် ဒီနေရာမှာ ကိုယ်ဘာလုပ်နိုင်သလဲဆိုတာဆန်းစစ်ပါ။ လုပ်နိုင်တာတွေချရေးပါ။ အိမ်မှာ ထင်းခွဲပေးနိုင်တာလား၊ရေခပ်ပေးနိုင်တာလား။ဒါမှမဟုတ် ပိုက်ဆံရှာနိုင်တာလား၊ကလေးထိန်းနိုင်တာလား။ ကမ္ဘာလောကကြီးမှာ လူပိုရယ်လို့တော့မရှိပါဘူး။လူတိုင်းကသူ့ဟာနဲ့သူတစ်နေရာရာမှာအံဝင်ခွင်ကျရှိနေကြမှာပါ။ ကိုယ်နဲ့အံဝင်ခွင်ကျကွက်တိကျတဲ့နေရာတစ်ခုရှာမတွေ့သေးရုံပါပဲ။ တစ်နေ့နေ့တော့သေချာပေါက်တွေ့မှာပါ။ ပြောခဲ့ပြီးသလိုပဲ ကိုယ်တိုင်က အားထုတ်ပြီးလိုက်ရှာဖို့တော့လိုတာပေါ့လေ။Good things come to those who wait ဆိုပေမယ့် Most of the good things go to those who seek ပါ။ ကိုယ့်အားကိုယ်ကိုး ကိုရွှေရိုးဖြစ်နိုင်ကြပါစေ။

 

ကိုယ့်ကိုယ်ကိုယ်အမှန်တကယ် နားလည်ဖို့အခွင့်အရေးပေးပါ

ကိုယ်တို့ဟာ ကိုယ့်ကိုယ်ကိုယ်အမှန်တကယ်နားလည်ကြပါသလား။မေးခွန်းက ကိုယ်တို့ ကိုယ့်အကြောင်းကိုယ်ဘယ်လောက်သိကြသလဲဆိုတာပါပဲ။ လူတိုင်းဟာ ကိုယ့်အကြောင်းကိုယ်သိဖို့ထက် သူများတွေအကြောင်းကိုသိဖို့ပဲ စိုင်းပြင်းနေကြတယ်။ သူများအကြောင်းမသိခင် ကိုယ့်အကြောင်းကိုယ်အလုံးစုံအရင်သိထားမှ ဘဝမှာ အဆင်ပြေနိုင်မှာပါ။ ကိုယ်တိုင်နဲ့ကိုယ်အဆင်ပြေမှ သူများနဲ့ပေါင်းသင်းဆက်ဆံရတာလည်း အဆင်ပြေမှာပါ။ ဒါကြောင့်တစ်ပတ်မှာတစ်ရက်လောက်ပဲဖြစ်ဖြစ် တစ်ယောက်တည်းထိုင်နေပြီး အနှောက်အယှက်ကင်းကင်းနဲ့တွေးချင်ရာတွေတွေးနေတာမျိုး ကိုယ့်ကိုယ်ကိုယ်မေးခွန်းတွေတရစပ်မေးနေတာမျိုးလုပ်ပေးသင့်ပါတယ်။ကိုယ့်ကိုယ်ကိုယ်တောင်ပြန်ပြီး ဟန်ဆောင်နေမယ်လိမ်ညာနေမယ်ဆိုရင်တော့ သင့်ရဲ့အနာဂတ်ဟာ သိပ်ပြီးတော့ အရောင်အဆင်းမလှနိုင်ပါဘူး။

 

ပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာပါ

တစ်နေကုန်အိမ်တွင်းအောင်းပြီးဂိမ်းဆော့လိုက် အိပ်လိုက်စားလိုက်လုပ်နေတာကသင့်ကိုဘာမှ အကျိုးကျေးဇူးမပြုနိုင်တဲ့အပြင် သင့်ရဲ့နဂိုရှိပြီးသား အစွမ်းသတ္တိလေးတွေကိုတောင်မှ ဓားကိုမိုးရေထဲပစ်ချထားသလို သံချေးတက်သွားစေနိုင်ပါသေးတယ်။ Online သုံးနေတာကလည်း Facebook လို Social Media တွေဆိုရင် အကြောင်းမထူးတဲ့တပေါင်းတန်ခူးပါပဲ။ ဘာလို့ဆို လူအများစု Social Media မှာ ချပြထားတတ်တာက သူတို့ရဲ့ သိပ်ကိုကောင်းမွန်အဆင်ပြေနေတဲ့ဘဝအတုအယောင်တွေကိုပါ။ ဒါကြောင့် Social Mediaတွေကနေ ဘာမှမျှော်လင့်ထားလို့မရပါဘူး။အဲ့ဒီိ့အစား အပြင်ထွက်ပြီးအလုပ်ကလေးဘာလေးရှာ ကိုယ့်အရည်အချင်းနဲ့ကိုက်ညီမယ့် တစ်ခုခုကိုစဉ်းစားပြီး ဘဝကိုရှေ့ဆက်သွားသင့်ပါတယ်။ပိုက်ဆံရမရဆိုတာနဲ့မဆိုင်ပါဘူး။သင်အခုအရမ်းချမ်းသာနေလည်း သင့်မှာအတတ်ပညာတစ်ခုခုမရှိထားရင်သေချာပေါက်ဆင်းရဲသွားမှာပါ။

 

တရားထိုင်ပါ

စိတ်ဓာတ်ကျတာတွေပျောက်ပြီး စိတ်ပျော်ရွှင်ဖို့ဆိုတာက အရင်ဆုံးစိတ်တည်ငြိမ်မှဖြစ်မှာပါ။ဒါကြောင့် တစ်နေ့ကိုအနည်းဆုံးဆယ်မိနစ်လောက်တရားထိုင်သင့်ပါတယ်။ တရားထိုင်ဖို့အချိန်ဆယ်မိနစ်ကလေးတောင်မရှိဘူးဆိုရင်တော့ သင်ဟာရှင်လျက်နဲ့သေနေတဲ့ဘဝအသေကြီိးထဲမှာနေထိုင်နေသူပါ။

 

Unicode Format

 


 

အဓိပ်ပါယျရှိတဲ့အရာကိုပဲလုပျျပါ


 



 



 



 



122 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.