ရေ
လီမွန်ရည်
ရှားစောင်း
ကြက်ဆူဆီ
ဗီတာမင် အေ
Unicode
အကြောပြတ်ရာတွေကို သဘာဝနည်းလမ်းအတိုင်းဖယ်ရှားကြမယ်…
အကြောပြတ်ရာဆိုတာ ကိုယ်ဝန်ဆောင်မိခင်တွေမှာအဖြစ်များတတ်ပါတယ်။ ဒါပေမယ့်အမျိုးမျိုးသော အကြောင်းပြချက်တွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ လျင်မြန်စွာ ဝိတ်အတက်ကျဖြစ်ခြင်းနဲ့ ဝိတ်မခြင်း (သို့) ဟော်မုန်းဓာတ် မကိုက်ညီခြင်းနဲ့ အခြား ရောဂါလက္ခဏာတွေကြောင့်လည်းဖြစ်တတ်ပါတယ်။ ဒီအကြောပြတ်ရာတွေဟာ တော်တော်နဲ့ပျောက်ကွယ်မသွားနိုင်ပါဘူး။ ဒါပေမယ့် သူတို့ကို သဘာဝနည်းလမ်းအတိုင်းပျောက်ကင်းစေမယ့် လျှို ့ဝှက်ချက်လေးတွေရှိနေမယ်ဆိုရင်ရော ? ပိုက်ဆံအများကြီး အကုန်ကျခံပြီး ကုသမယ့်အစား အရင်ဆုံး ဒီနည်းလမ်းလေးတွေ အလုပ်ဖြစ်ရဲ ့လားဆိုတာ ကိုယ်တိုင်အိမ်မှာ စမ်းသပ်ကြည့်လိုက်ပါနော် …
ရေ
အမြဲတမ်း သင့်ခန္ဓာကိုယ်ဟာ ရေဓာတ်ပြည့်နေဖို့ အရေးကြီးပါတယ်။ လုံလောက်တဲ့ရေ သင်သောက်ထားတယ်ဆိုရင် အရေပြားဟာ စိုပြေနူးည့ံနေပြီး ပျော့ပျောင်းနေမယ်။ ရေဟာ သင့်အရေပြားကို အစိုဓာတ်လုံလုံလောက်လောက်ပေးနိုင်ပြီး အကြောပြတ်ရာ၊ အမာရွတ်နဲ့ အရေပြားတွန့်ခြင်းတို့ကို သက်သာစေပါတယ်။ သုတေသီများကတော့ တစ်နေ့ကို ရေ ၈ခွက် – ၉ခွက်လောက်သောက်ပေးဖို့ အရေးကြီးပါတယ်။
လီမွန်ရည်
လီမွန်ရည်မှာ ဗီတာမင်စီပါဝင်တဲ့အတွက် collagen ကိုတိုးပွားစေပါတယ်။ အရေပြားဟာပိုမို တင်းရင်းပြီး အရင်ကထက် စိုပြေလာပါလိမ့်မယ်။ အရေပြားပေါ်ကို ဆဲလ်တွေကို ဖယ်ရှားပေးပြီး အကြောပြတ်ရာတွေ သက်သာကာ အသားရည်ဝင်းလာပါလိမ့်မယ်။
ရှားစောင်း
ရှားစောင်းကတော့ အသုံးမဝင်တဲ့နေရာကို မရှိပါဘူး။ သဘာဝကပေးတဲ့ ဆေးစွမ်းကောင်းတစ်ခုပါပဲ။ ပျက်စီးနေတဲ့အသားရေကို ပြုပြင်ပေးပြီး collagen ပြည့်ဝကာ အသားရည်စိုပြေ ဝင်းလက်စေပါတယ်။
ကြက်ဆူဆီ
ကြက်ဆူဆီမှာ ricinoleic acid တွေပါဝင်တဲ့အတွက် အကြောပြတ်ရာတွေကို ပျောက်ကင်းစေပါတယ်။ ကျန်းမာရေးပညာရှင်များက ကြက်ဆူဆီဟာ ဒီလိုအကြောပြတ်ခြင်းတွေကို သက်သာစေဖို့ အကောင်းဆုံးကုထုံးပဲလို့ အကြံပြုထားပါတယ်။ fatty acids အပြည့်အဝပါဝင်ပီး အသားရည်ကို အစိုဓာတ်ကောင်းကောင်းပေးနိုင်ပါတယ်။
ဗီတာမင် အေ
ဗီတာမင် အေပါဝင်တဲ့ အစားစာတွေကလည်း သင့်ကိုအကြောပြတ်ခြင်း သက်သာစေပြီး အရေပြားကိုချောမွေ့ ၊ နုပျိုစေပါတယ်။ ဗီတာမင်အေ ပါဝင်တဲ့အစားစာတွေကတော့ အစိမ်းရောင်နဲ့ အဝါရောင်ရှိ အသီးများ၊ အရွက်များ ၊ မုန်လာဥနီ ၊ ကြက်ဥ ၊ ငါး ၊ နို့ထွက်ပစ္စည်းများနဲ့ အသည်း စသည်တို့ စားပေးသင့်ပါတယ်။