သူငယ်ချင်းအုပ်စုကြားထဲမှာဒီလိုငပေါတစ်ယောက်အမြဲပါလေသည်
သူတို့တွေပါပဲ။
(၂) အကုန်လုံးကိုလိုက်မွှေတယ်
Unicode
တူတူပေါင်းနေတဲ့သူငယ်ချင်းတွေ အုပ်စုကြားထဲမှာ တစ်ယောက်တစ်ဖုံ စရိုက်အစုံနဲ့တစ်ယောက်တစ်မျိုးရှိတတ်ကြတယ်။ အဲ့ထဲမှာမှငပေါလေး တွေဆိုတာ သူငယ်ချင်းအုပ်စုတိုင်းမှာ မပါမဖြစ်တစ်ယောက်မဟုတ်တစ်ယောက်တော့ပါလေ့ရှိကြတာပါပဲ။ ဆိုတော့ သူငယ်ချင်း
အုပ်စုကြားထဲကငပေါလေးတွေဆိုတာ ဘယ်လိုသူတွေလည်းဆိုတာ…
(၁) ဟိုစပ်စပ်ဒီစပ်စပ်ပါတယ်
အကုန်လုံးသူမသိတာမရှိ အကုန်သိ သေချာတော့ဘာမှ မသိ ဆိုတဲ့လူမျိုး။ သူငယ်ချင်းတွေ အရေးကျောင်းကိစ္စအရေးသာရေး နာရေး
အကုန်သူပါလိုက်ရမှ ဆိုတဲ့လူမျိုးလေးပါ။ ပေါတောတောနဲ့နေတတ်တာကြောင့်လူချစ်လူခင်ပေါပြီး ဘယ်ပွဲမဆိုဘယ်နေရာမဆို မပါမဖြစ်တွေက
သူတို့တွေပါပဲ။
(၂) အကုန်လုံးကိုလိုက်မွေတယ်
ငြိမ်ငြိမ်အေးအေးနေရတာကို ၀ါသနာပါသူတွေ မဟုတ်ဘူးလေ။ တစ်ခုမဟုတ်တစ်ခုတော့လုပ်နေရမှနေသာထိုင်သာရှိတတ်ကြတာ။ တစ်နေ့တစ်နေ့ဘယ်လို
ပျော်အောင်နေရမလဲဆိုတာပဲစဉ်းစားနေတတ်ကြတာပါ။ ဒီလိုလူတွေက အလုပ်လုပ်ပြီဆိုရင်တော့ သူတို့မဟုတ်တော့သလိုပဲ စေ့စပ်ပြီးတည်ငြိမ်နေတတ်ပြန်ရော။
(၃) သူငယ်ချင်းတွေကိုပျော်စေလိုတယ်
သူတို့လေးတွေပေါတောတော နေတယ်ဆိုတာ သူငယ်ချင်းတွေကိုပျော်စေချင်ယုံပါ။ အရည်ချင်းမရှိလို့ အချိန်တွေပိုနေလို့ပေါတောတောနေကြတာ
မဟုတ်ပါဘူး။ သူတို့ရဲ့အပြုအမူသူတို့စကားတစ်ခွန်းနဲ့သူငယ်ချင်းတွေကြား ၀ါး…ဟားးး နဲ့ရယ်မောပျော်ရွှင်တဲ့အသံတွေကိုကြိုက်နှစ်သက်ကြသူတွေပါ။
(၄) ဘယ်လောက်ပြောပြောမနာတတ်ဘူး
ငပေါလို့ပဲခေါ်ခေါ် ဘယ်လောက်ပဲစရင်းနောက်ရင်းနာနာ ပြောပြော စိတ်ထဲမှာ အမှတ်သည်းခြေဆိုတာမရှိဘူးထင်ရလောက်အောင်
သည်းခံတတ်ကြတဲ့သူတွေပါ။ တကယ်သူတို့စိတ်ဆိုးသွားပြီဆိုရင်လည်းမတရားကြောက်ဖို့ကောင်းပါတယ်။
(၅) စိတ်ညစ်ရင်တောင်အပြုံးမပျက်သူ
သူတို့မယ်စိတ်ညစ်စရာတွေရှိနေရင်တောင်တော်ရုံတန်ရုံထုတ်မပြောပြတတ်ပါဘူး။ ပျော်ပျော်နေနေကြသူမလို့ တော်ရုံကိုယ့်အပူသူများ
ကူးမှာကြောက်တတ်ကြပါတယ်။ ဒါကြောင့် သူတို့ဆီမှာစိတ်ညစ်စရာကိစ္စ ရယ်တောင် မရှိဘူးလား ဆိုပြီးတော့တောင်လူတွေကထင်ကြပါသေးတယ်
တကယ်တော့စိတ်ညစ်စရာ ဆိုတာကို စိတ်ညစ်စရာလို့မခံစားကြတဲ့သူတွေပါ။
ကိုယ့်သူငယ်ချင်းတွေထဲမှာရော ဒီလိုငပေါလေးတွေရှိနေပြီ ဆိုရင်တော့ တန်ဖိုးထားပြီး ခင်ပေးဖို့လိုပြီနော်။ သူတို့လေးတွေဟာ စိတ်ထားနူးညံ့ပြီး
သံယောဇဉ်ကြီးတတ်ကြတာကြောင့် ကိုယ့်အတွက် ဆိုးအတူကောင်းဖက် သူငယ်ချင်း ကောင်းဖြစ်လာနို်င်ပါတယ်…
279 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.