လူတစ္ေယာက္ကို နန္းစုသီခ်င္းလို ရူးခါးေနေအာင္ခ်စ္ဘူးတဲ႔သူေတြရွိလား။ လူတစ္ေယာက္ကို တကယ္ခ်စ္ဖို႕ဆိုတာခက္ခဲသလို တကယ္ျကီးရူးခါးေအာင္ခ်စ္မိသြားျပီဆိုရင္ လည္းဖ်က္ေတာက္ဖို႕ခက္ပါတယ္။ ဆိုေတာ႔ လူတစ္ေယာက္ေပၚရူးခါးေအာင္ခ်စ္တတ္တဲ႔သူေတြ ဆိုတာ အဲ႔ဒီ
လူအေပၚဘယ္လိုေတြေတာင္ခ်စ္တတ္ျကသလဲဆိုတာ…
(၁) သိပ္တန္ဖိုးထားတယ္
တစ္ေလာကလံုးမွာ ဘယ္သူေတြဘယ္ေလာက္ေခ်ာေခ်ာ သူကလြဲလို႕ခ်စ္လို႕မရတာမ်ိဳး သူကလြဲလို႕ကိုယ္႔မ်က္စိထဲ ေခ်ာတယ္လွတယ္မထင္တာမ်ိဳး ရင္မခုန္တာမ်ိဳးပါ။ သူ႕ကုိခ်စ္မိတယ္ဆိုကတည္းက ဘယ္ရယ္ေျကာင္႔ခ်စ္ေနတာမဟုတ္ပဲ သူျဖစ္ေနလုိ႕ဆိုတဲ႔ျဖစ္တည္မႈေလးကိုသာခ်စ္မိသြားတတ္ျကတာပါ။ သူနဲ႕ပတ္သတ္တဲ႔အရာေတြဟာ ဘာေတြပဲျဖစ္ေန ျဖစ္ေန တန္ဖိုးထားျပီး အျမဲအေကာင္းျမင္စိတ္နဲ႕ခ်စ္ေပးေနတတ္ျကပါတယ္။
(၂) ပတ္၀န္းက်င္ကိုဂရုမစိုက္တတ္ဘူး
ကိုယ္ခ်စ္တဲ႔သူကို ပတ္၀န္းက်င္ ကဘယ္လိုပဲျမင္ျမင္ ပတ္၀န္းက်င္ကဘယ္လို ပံုစံကဲ႔ရဲ႕ေျပာဆုိပါေစ သူ႕အနားကမခြာပဲ ကိုယ္႔စိတ္ထဲမွာေတာ႔သူဟာ အကုန္ျပည္႔စံုတဲ႔သူျဖစ္ေနတတ္တာမ်ိဳးပါ။ လူသန္းေပါင္းမ်ားစြာ ဘာပဲေျပာေျပာ ကိုယ္႔ခ်စ္သူကို မေကာင္းဘူးလုိ႕ကိုမထင္တတ္ျကတာပါ။ အျမဲတမ္း
အႏၱရယ္ေတြျကားက ရတဲ႔အားေလးနဲ႕ေစာင္႔ေရွာက္ေပးတတ္ျကတာပါ။
(၃) အေသးစိတ္ကအစလိုက္ ျကည္႔တတ္တယ္
သူ႕ဘ၀ရ႕ဲ ကိစၥေသးေသးေလးေတြက အစ သူမမွတ္မိေနရင္ေတာင္ ကိုယ္ကသတိတရနဲ႕မွတ္မိေနတတ္ပါတယ္။ ကိုယ္ခ်စ္ရသူနဲ႕ပတ္သတ္တဲ႕ ကိစၥအေသးေလးေတြက အစလုိက္ျကည္႔ျပီးပါတတ္တာေျကာင္႔ တစ္ခါတေလ လူအျမင္အကတ္ခံရေလာက္တဲ႔ထိပါပဲ။
(၄) ရိုးေျမက်ေပါင္းဖက္ခ်င္တယ္
လူတစ္ေယာကို ရူးခါးေအာင္ခ်စ္မိတဲ႔သူေတြဟာ ဒီလူတစ္ေယာက္တည္းကိုပဲသက္ဆံုးတိုင္ေအာင္ေပါင္းဖက္ခ်င္ျကပါတယ္။ စတြဲကတည္းကတစ္သတ္လံုးအတြက္ဆိုျပီးရည္ရြယ္ျပီး ရူးခါးေနေအာင္ခ်စ္ခဲ႔ျကတာပါ။ ေပါင္းျဖစ္မေပါင္းျဖစ္ မေသခ်ာပင္မဲ႔သက္ဆံုးတိုင္ေပါင္းဖက္ဖို႕ရည္ရြယ္ခဲ႔ျကတဲ႔သူေတြပါ။
(၅) မာနေတြအတၱေတြခ၀ါက်သြားျကတယ္
လူတစ္ေယာက္ကိုသိပ္ခ်စ္တတ္ခဲ႔သြားျပီဆိုရင္ ဘယ္ေလာက္ပဲ အရင္က မာနျကီးခဲ႔ပါေစ အတၱျကီးခဲ႔ပါေစ ေနာက္ဆံုးေတာ႔ အခ်စ္ကိုပဲ အေလ်ာ႕ေပးတတ္ျကတာပါ။ လူတစ္ေယာက္ကိုရူးရူးမူးမူး ခ်စ္မိကတည္းက မာနေတြဘာေတြဆိုတာ အေ၀းျကီးကိုလႊင္႔စင္သြားျပီးသားပါ။
အေပၚအခ်က္ေတြနဲ႕တူမွ တကယ္ခ်စ္တာပါလို႕တစ္ဖက္သတ္မေျပာလိုပင္မဲ႔ အေပၚကအခ်က္ေတြကို ခံစားဖူးျပီဆိုရင္ေတာ႔ သင္ဟာ လူတစ္ေယာက္ကို သင္႔ဘ၀မွာ ရူးခါးေနေအာင္ျဖစ္ေနမိပါျပီ … အခ်င္းခ်င္းရူးခါးေအာင္ခ်စ္နို္င္ျကျပီး တစ္သတ္လံုးေပါင္းသင္းနုိင္ျကပါေစလို႕ဆုေတာင္းရင္း…
Unicode
လူတစ်ယောက်ကို နန်းစုသီချင်းလို ရူးခါးနေအောင်ချစ်ဘူးတဲ့သူတွေရှိလား။ လူတစ်ယောက်ကို တကယ်ချစ်ဖို့ဆိုတာခက်ခဲသလို တကယ်ကြီးရူးခါးအောင်ချစ်မိသွားပြီဆိုရင် လည်းဖျက်တောက်ဖို့ခက်ပါတယ်။ ဆိုတော့ လူတစ်ယောက်ပေါ်ရူးခါးအောင်ချစ်တတ်တဲ့သူတွေ ဆိုတာ အဲ့ဒီ
လူအပေါ်ဘယ်လိုတွေတောင်ချစ်တတ်ကြသလဲဆိုတာ…
(၁) သိပ်တန်ဖိုးထားတယ်
တစ်လောကလုံးမှာ ဘယ်သူတွေဘယ်လောက်ချောချော သူကလွဲလို့ချစ်လို့မရတာမျိုး သူကလွဲလို့ကိုယ့်မျက်စိထဲ ချောတယ်လှတယ်မထင်တာမျိုး ရင်မခုန်တာမျိုးပါ။ သူ့ကိုချစ်မိတယ်ဆိုကတည်းက ဘယ်ရယ်ကြောင့်ချစ်နေတာမဟုတ်ပဲ သူဖြစ်နေလို့ဆိုတဲ့ဖြစ်တည်မှုလေးကိုသာချစ်မိသွားတတ်ကြတာပါ။ သူနဲ့ပတ်သတ်တဲ့အရာတွေဟာ ဘာတွေပဲဖြစ်နေ ဖြစ်နေ တန်ဖိုးထားပြီး အမြဲအကောင်းမြင်စိတ်နဲ့ချစ်ပေးနေတတ်ကြပါတယ်။
(၂) ပတ်ဝန်းကျင်ကိုဂရုမစိုက်တတ်ဘူး
ကိုယ်ချစ်တဲ့သူကို ပတ်ဝန်းကျင် ကဘယ်လိုပဲမြင်မြင် ပတ်ဝန်းကျင်ကဘယ်လို ပုံစံကဲ့ရဲ့ပြောဆိုပါစေ သူ့အနားကမခွာပဲ ကိုယ့်စိတ်ထဲမှာတော့သူဟာ အကုန်ပြည့်စုံတဲ့သူဖြစ်နေတတ်တာမျိုးပါ။ လူသန်းပေါင်းများစွာ ဘာပဲပြောပြော ကိုယ့်ချစ်သူကို မကောင်းဘူးလို့ကိုမထင်တတ်ကြတာပါ။ အမြဲတမ်း
အန္တရယ်တွေကြားက ရတဲ့အားလေးနဲ့စောင့်ရှောက်ပေးတတ်ကြတာပါ။
(၃) အသေးစိတ်ကအစလိုက် ကြည့်တတ်တယ်
သူ့ဘဝရဲ့ ကိစ္စသေးသေးလေးတွေက အစ သူမမှတ်မိနေရင်တောင် ကိုယ်ကသတိတရနဲ့မှတ်မိနေတတ်ပါတယ်။ ကိုယ်ချစ်ရသူနဲ့ပတ်သတ်တဲ့ ကိစ္စအသေးလေးတွေက အစလိုက်ကြည့်ပြီးပါတတ်တာကြောင့် တစ်ခါတလေ လူအမြင်အကတ်ခံရလောက်တဲ့ထိပါပဲ။
(၄) ရိုးမြေကျပေါင်းဖက်ချင်တယ်
လူတစ်ယောကို ရူးခါးအောင်ချစ်မိတဲ့သူတွေဟာ ဒီလူတစ်ယောက်တည်းကိုပဲသက်ဆုံးတိုင်အောင်ပေါင်းဖက်ချင်ကြပါတယ်။ စတွဲကတည်းကတစ်သတ်လုံးအတွက်ဆိုပြီးရည်ရွယ်ပြီး ရူးခါးနေအောင်ချစ်ခဲ့ကြတာပါ။ ပေါင်းဖြစ်မပေါင်းဖြစ် မသေချာပင်မဲ့သက်ဆုံးတိုင်ပေါင်းဖက်ဖို့ရည်ရွယ်ခဲ့ကြတဲ့သူတွေပါ။
(၅) မာနတွေအတ္တတွေခဝါကျသွားကြတယ်
လူတစ်ယောက်ကိုသိပ်ချစ်တတ်ခဲ့သွားပြီဆိုရင် ဘယ်လောက်ပဲ အရင်က မာနကြီးခဲ့ပါစေ အတ္တကြီးခဲ့ပါစေ နောက်ဆုံးတော့ အချစ်ကိုပဲ အလျော့ပေးတတ်ကြတာပါ။ လူတစ်ယောက်ကိုရူးရူးမူးမူး ချစ်မိကတည်းက မာနတွေဘာတွေဆိုတာ အဝေးကြီးကိုလွှင့်စင်သွားပြီးသားပါ။
အပေါ်အချက်တွေနဲ့တူမှ တကယ်ချစ်တာပါလို့တစ်ဖက်သတ်မပြောလိုပင်မဲ့ အပေါ်ကအချက်တွေကို ခံစားဖူးပြီဆိုရင်တော့ သင်ဟာ လူတစ်ယောက်ကို သင့်ဘဝမှာ ရူးခါးနေအောင်ဖြစ်နေမိပါပြီ … အချင်းချင်းရူးခါးအောင်ချစ်နို်င်ကြပြီး တစ်သတ်လုံးပေါင်းသင်းနိုင်ကြပါစေလို့ဆုတောင်းရင်း…