ကိုယ်တိုင်ဖြစ်မှန်းမသိဖြစ်နေတဲ့ ပုံမှန်မဟုတ်သော စိတ်ပူပန်မှုပြဿနာ
အိပ်စက်မှု ပြဿနာ
Unicode
လူတော်တော်များများ ပုံမှန်မဟုတ်တဲ့ စိတ်သောကပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။
သာမန်ပုံဘဝနဲ့ပဲ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေပြီး ဒီလက္ခဏာတွေကို သတိမထားမိကြ
ဘူး။ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို လစ်လျုရှုပြီး တစ်နေ့ပြီး တစ်နေ့ကုန်ဆုံးသွားမယ်ဆို
ရင် တစ်ချို ့အရာတွေက သင့်ကိုထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်မသိနိုင်တဲ့
စိတ်ပူပန်မှု ပြဿနာတွေရဲ ့ လက္ခဏာအချို ့ကို ဝေမျှပေးလိုက်ပါတယ်။
အိပ်စက်မှု ပြဿနာ
ရက်သတ္တပတ်အတွင်း အိပ်မရတဲ့ရက်တွေ တဖြည်းဖြည်းဆက်လာတယ်။ မျက်လုံးကမှိတ်နေပေမယ့် ဘယ်လိုမှအိပ်လို့မပျော်တာမျိုး လူတိုင်းကြုံဖူးမှာပါ။ စိတ်က တစ်ခုခုကိုအတွေးပြောင်းသွားတာနဲ့ အိပ်စက်မှုပိုင်းမှာ ပြဿနာလေးတွေဖြစ်လာတတ်ပါတယ်။ အလုပ်ကြောင်းနဲ့ အခြား မိသားစုကိစ္စတွေအရေးစိုက်လာရရင် အတွေးများလို့ တော်တော်နဲ့ အိပ်မပျော်တော့ပါဘူး။ အိပ်ရေးဝဖို့က အဓိကမို့ အိပ်ရေးပျက်တဲ့အခါ ကျန်းမာရေးထိခိုက်လာပါလိမ့်မယ်။
ထိန်းချုပ်ဖို့ လိုအပ်လာခြင်း
လူတွေအားလုံး ၊ အရာအားလုံးကို ထိန်းချုပ်ဖို့ လိုအပ်လာတယ်လို့ ခံစားလာရရင် ဘာကြောင့်လဲဆိုတာ အကြောင်းရင်းကိုရှာပါ။ ဒါဟာ စိတ်ပူပန်သောကရဲ့လက္ခဏာတစ်ရပ်ဖြစ်နိုင်ပါတယ်။ တစ်ချို ့က အလိုလိုသိကြပါတယ်။ သူတို့ကိုယ်သူ ထိန်းချုပ်ဖို့လိုလာပြီဆိုရင် လူတွေနဲ့ပိုမို ထိတွေ့ဆက်ဆံပြီး ကိုယ့်ကိုယ်ကိုယ်သိအောင် ဆန်းစစ်ထိန်းချုပ်ပါတယ်။
အကြောင်းပြချက်ကောင်းမရှိပဲ စိတ်ပူပန်နေခြင်း
အကြောင်းပြချက်လည်း ရေရေရာရာမပေးနိုင်ပဲ သောကတွေများနေတာဟာ စိတ်ပူပန်မှုရဲ့ပြဿနာတစ်ရပ်ပါပဲ။ ရိုးရိုးရှင်းရှင်းလေးဆိုပေမယ့် ကိုယ်တိုင်မထိန်းချုပ်နိုင်တဲ့အခါ ကိုယ့်ဘာသာ ရောဂါမွေးသလိုဖြစ်နေပါလိမ့်မယ်။ စိတ်ပူပန်မှုတွေအရမ်းများလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာရော၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာတွေပါ ထိခိုက်လာပါလိမ့်မယ်။
အဖြေရှာမရတဲ့ နာကျင်မှုတွေ
စိတ်သောကရောက်မှုတွေများလာတဲ့အခါ အရမ်းတင်းကြပ်လာပြီး ခန္ဓာကိုယ်မှာမသိနိုင်တဲ့ နာကျင်မှုတွေ ပေါ်လာတတ်ပါတယ်။ လပိုင်းလောက်ကြာရင်တော့ ပျောက်သွားပေမယ့် လူကိုအားအင်ကုန်ခမ်းစေပါတယ်။
တမ်းတမ်းစွဲနေတဲ့ အကျင့်
လူတစ်ယောက်က ဆက်တိုက် လက်သည်းကိုက်နေခြင်း ၊ အကျီ င်္တွေအလိုမကျဖြစ်ခြင်း၊ မျက်နှာကို တရစပ်ကိုင်နေခြင်း ၊ နှုတ်ခမ်းကိုက်ခြင်း (သို့) ဆံပင်လိမ်နေခြင်းတို့ဟာ စိတ်ထဲမှာဖြစ်နေတဲ့ ပူပန်မှုကြောင့် ဂနာမငြိမ်ဖြစ်နေတာတွေပါ။ ဒီလိုမျိုးဖြစ်နေပြီဆိုရင် သင့်အနေနဲ့ သတိထားသင့်ပါတယ်။
သင့်ပတ်ဝန်းကျင်က လူတွေ သင့်ကိုနားလည်မပေးနိုင်တော့
သင့်ရဲ့တွေးခေါ်မှုပုံစံတွေ လူတွေနဲ့ကွာခြား ပြောင်းလဲသွားတဲ့အခါ ပတ်ဝန်းကျင်ကလူတွေသင့်ကို နားလည်မပေးနိုင်တော့ပါဘူး။ သင်ဟာ ကိုယ့်စိတ်ခံစားချက်ကိုပဲ ကိုယ်ဦးစားပေးလာမယ်။ အမြဲတမ်း သူတို့နဲ့ကွဲပြားပြီး တစ်ယောက်တည်းအပြင်ထွက်နေမယ်ဆိုရင် စိတ်သောကမှ အထီးကျန်ခြင်းသိုု့ ကူးပြောင်းသွားပါလိမ့်မယ်။
ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်း
နောက်ဆုံး လက္ခဏာတစ်ခုကတော့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ခြင်းပါပဲ။ စိတ်ပူပန်မှုတွေအရမ်းများနေတဲ့အခါ ကိုယ်ပြောလိုက်တဲ့စကားတွေ ကိုယ်တိုင်တောင်မသိနိုုင်တော့လောက်အောင်ဖြစ်သွားကြတယ်။ စိတ်ကပုံမှန်မဟုတ်တာကြောင့် ပါးစပ်ကနေလည်း သူများနဲ့ဆန့်ကျင်တိုက်ခိုက်တဲ့ စကားတွေပဲပြောချင်နေပါတော့တယ်။ အမြဲတမ်းဒီလိုဖြစ်နေပြီဆို ကိုယ်ဘာဖြစ်နေလဲဆိုတာ သေချာဆန်းစစ်ကြည့်ပါ။ တဖြည်းဖြည်း အချိန်ယူပြီးကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ပါတယ်။
356 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.