မိန္းကေလးတစ္ေယာက္ကုိ စိတ္၀င္စားမိျပီဆုိရင္ ေယာက်္ားေလးေတြလုပ္ေလ့ရွိတဲ႔အခ်က္မ်ား

ဘယ္မိန္းကေလးမဆို ေယာက်ာ္းေလးတစ္ေယာက္ကုိစိတ္၀င္စားမိရင္ အဲ႔အမ်ိဳးသားေလးက ကိုယ့္ကုိေရာစိတ္၀င္စားေနလားဆုိတာ သိခ်င္ၾကပါတယ္။မိန္းကေလးဘက္ကစျပီး  ပြင့္ပြင့္လင္းလင္းေမးခြင့္မရွိေပမဲ႔ အဲ႔ဒီအမ်ိဳးေကာင္းသားေလးက ကုိယ့္အေပၚစိတ္၀င္စားေနလား၊ သေဘာက်ေနလားဆိုတာကုိေတာ့ ေလ့လာအကဲခတ္လို႔ရပါတယ္။ ဒါက မိန္းကေလးေတြရဲ ႔အလိုအေလ်ာက္တတ္ၾကတဲ႔ပညာရပ္တစ္ခုပဲမဟုတ္လား။
ကဲ ဒါဆို ေယာက်ာ္းေလးတစ္ေယာက္က မိန္းကေလးတစ္ေယာက္ကို စိတ္၀င္စားရင္ဘာေတြလုပ္ေလ့ရွိတယ္ဆုိတာ ေလ့လာၾကည့္ရေအာင္။

၁။သင့္ကုိပုိျပီးဂရုစုိက္လာမယ္
ဥပမာ သင္ဆံပင္ညွပ္လိုက္တာကို တျခားသူေတြထက္အရင္သတိထားမိတာမ်ိဳး၊ အိတ္အသစ္၀ယ္လာတာ၊ဖိနပ္အသစ္စီးလာတာ၊ေရေမႊးေျပာင္းဆြတ္လာတာက
အစသတိထားမိလာတာမ်ိဳးေပါ့။ဆံပင္ညွပ္လိုက္တာကုိ တျခားသူေတြက သတိမထားမိေပမဲ႔ သူကေတာ့သတိထားမိလာမယ္။ဆံပင္ညွပ္လိုက္တာ လိုက္တယ္၊လွတယ္
ဘာညာေျပာလာမယ္ဆိုရင္ေတာ့ ဒါသူ႔ဘက္က ကုိယ့္အေပၚစိတ္၀င္စားျခင္းတစ္မ်ိဳးပါပဲ။

၂။သင့္ဆီကုိအေၾကာင္းမရွိအေၾကာင္းရွာလာမယ္
ဒါကေတာ့ သိသာတဲ႔စိတ္၀င္စားမႈတစ္မ်ိဳးပါပဲ။ေယာက်္ားေလးတိုင္းလိုလို မိန္းကေလး တစ္ေယာက္ကုိစိတ္၀င္စားမိျပီဆုိရင္ အလုပ္ကုိျဖစ္ေစ၊အိမ္ကုိျဖစ္ေစအေၾကာင္း အမ်ိဳးမ်ိဳးျပျပီး အဲ႔ဒီမိန္းကေလးကုိေတ႔ြဖို႔ၾကိဳးစားပါလိမ့္မယ္။ျပီးရင္ အဲ႔ဒီမိန္းကေလးနဲ႔စကားေျပာခြင့္ရဖုိ႔၊ အတူေလ်ွာက္လည္ဖို႔ေျပာတာျဖစ္ေစလုပ္ပါလိမ့္မယ္။ဘယ္ေယာက်္ားေလးကမွ ကုိယ္သေဘာမက်တဲ့၊ သူငယ္ခ်င္းလုိသေဘာထားတဲ့သူ တစ္ေယာက္နဲ႔ အျပင္အတူသြားဖို႔ကုိ တကူးတက လာခြင့္ေတာင္းမွာမဟုတ္ပါဘူး။

၃။သင္ရွိရာလမ္းေၾကာင္းမွာ တ၀ဲလည္လည္လုပ္ေနမယ္

တကယ္လို႔မ်ား ကုိယ္နဲ႔ရင္းႏွီးတဲ့သူေတြထဲကမဟုတ္ပဲ အျပင္မွာတစ္ခါႏွစ္ခါေတြ႔ဖူးရာကေန သင့္အေပၚစိတ္၀င္စားသြားတဲ႔ေယာက်္ားေလးဆုိရင္ သင္နဲ႔ေနာက္တစ္ခါ
ဆံုေတြ႔တဲ႔အခါ သတိထားၾကည့္ပါ။သူကသင့္အေနာက္ကိုလိုက္ျပီး သင္ေနတဲ႔ေနရာ၊သင့္ရဲ ႔အလုပ္သြားရာလမ္းေၾကာင္းေတြမွာ သူ႔ကုိအျမဲေတြ႔ေနရပါလိမ့္မယ္။ဒါက
သူ သင့္ကုိစိတ္၀င္စားေနတယ္ဆိုတာသတိထားမိေအာင္လုပ္တဲ႔နည္းလမ္းတစ္မ်ိဳးပါပဲ။

၄။သင့္အနားမွာအျမဲတမ္းရွိေနမယ္
သင္က ေယာက်ာ္းေလးတစ္ေယာက္ကုိစိတ္၀င္စားေနျပီး အဲ႔ဒီေယာက်္ားေလးကလည္း သင့္အနားမွာ ထုိင္ဖုိ႔၊သင္နဲ႔အတူ အျပင္သြားရဖို႔၊သင္နဲ႔အတူစကားလက္ဆံုေျပာရဖို႔ အျမဲၾကိဳးစားေနတယ္ဆုိရင္ေတာ့သင္ကံေကာင္းပါတယ္။သူကလည္းသင့္ကိုစိတ္၀င္စားေနတာပါ။ ဆိုရွယ္မီဒီယာမွာေတြ႔ရင္လည္းသင္မီးစိမ္းတာနဲ႔ လာျပီးစကားေျပာတတ္တယ္ဆုိရင္ ဒါက သင္လိုင္းေပၚတက္လာတာကုိ အျမဲေစာင့္ေနတဲ႔သေဘာပါပဲ။

၅။သင္ေျပာသမ်ွကုိမွတ္ထားမယ္္
ေယာက်္ားေလးတစ္ေယာက္က မိန္းကေလးတစ္ေယာက္ကုိစိတ္၀င္စားမိျပီဆိုရင္ သူမနဲ႔ပတ္သက္တာ မွန္သမ်ွကုိ အေသအခ်ာမွတ္ထားေလ့ရွိပါတယ္။သင္က အမွတ္တမဲ႔
ေျပာလိုက္တဲ႔စကားကုိေတာင္မွတ္ထားေလ့ရွိျပီး သင္က အဲ႔ဒီအေၾကာင္းကုိမမွတ္မိရင္ေတာင္သူက သင့္အစားမွတ္မိေပးပါလိမ့္မယ္။ေသခ်ာသတိထားၾကည့္ပါ။
ဥပမာ ေခ်ာကလက္ေရခဲမုန္႔ကုိ အရမ္းၾကိဳက္တယ္လို႔ သင္အမွတ္တမဲ႔ေျပာထားဖူးရင္ သင္နဲ႔ေနာက္တစ္ခါအျပင္မွာေတြ႔ရင္ သင့္အတြက္ေခ်ာကလက္ေရခဲမုန္႔မွာေပးပါလိမ့္မယ္။

၆။သူ႔ရဲ ႔အာရံုစုိက္မႈက သင္တစ္ေယာက္တည္းျဖစ္လိမ့္မယ္
အုပ္စုလိုက္စကားေျပာၾကတာျဖစ္ေစ၊သူငယ္ခ်င္းနည္းနည္းနဲ႔စကားေျပာတာျဖစ္ေစ သူဘာအေၾကာင္းကိုပဲေျပာေျပာ သင့္ကုိပဲ ၾကည့္ျပီးေျပာေလ့ရွိမယ္။သင္
တစ္ေယာက္တည္းပဲရွိတဲ႔အတိုင္း သင့္ကုိပဲ ၾကည့္ျပီးစကားေတြေျပာပါလိမ့္မယ္။ ဘာလို႔လဲဆုိေတာ့သူက သင့္ကုိစိတ္၀င္စားေနလု႔ိ၊သေဘာက်ေနလို႔ပါ။
ဒါ့အျပင္ အုပ္စုလိုက္သူငယ္ခ်င္းေတြရွိေနခ်ိန္မွာေတာင္ သင့္ကုိပဲဂရုစုိက္ေနမယ္ဆုိရင္ ဒါကေသခ်ာေပါက္ သင့္ကုိစိတ္၀င္စားေနတာပါပဲ။

၇။သင့္အခက္အခဲေတြကုိကူညီေျဖရွင္းေပးတယ္

သင္ဘယ္ေနရာကုိပဲေရာက္ေရာက္ အခက္အခဲျဖစ္ေနလုိ႔အကူအညီေတာင္းလုိက္ရင္ အျမဲတမ္းေရာက္လာတတ္ျပီး သင္စိတ္ညစ္ေနရင္လည္း ေဘးကေန အားေပးမယ္၊အၾကံဥာဏ္ေတြေပးမယ္၊သင့္ကုိေပ်ာ္ရႊင္ေအာင္လည္းလုပ္ေပးမယ္ဆုိရင္ ဒီေယာက်္ားေလးက သင့္ကုိစိတ္၀င္စားေနတာမဟုတ္လို႔ ဘာျဖစ္ဦးမွာလဲ?

ေယာက်္ားေလးတိုင္းလိုလို မိန္းကေလးတစ္ေယာက္ကုိစိတ္၀င္စားမိျပီဆုိရင္ အဓိကကေတာ့ အဲ႔ဒီမိန္းကေလးကုိ ပုိုျပီးဂရုစုိက္တတ္လာျပီး ကာကြယ္တတ္လာပါတယ္။သင္ခ်စ္တဲ႔သူကေရာ သင္နဲ႔ပတ္သက္ရင္ ဒီလိုအခ်က္ေလးေတြလုပ္ေလ့ရွိလား?

Unicode

ဘယ်မိန်းကလေးမဆို ယောကျာ်းလေးတစ်ယောက်ကိုစိတ်ဝင်စားမိရင် အဲ့ဒီအမျိုးသားလေးက ကိုယ့်ကိုရောစိတ်ဝင်စားနေလားဆိုတာ သိချင်ကြပါတယ်။မိန်းကေလေးဘက်ကစပြီး ပွင့်ပွင့်လင်းလင်းမေးခွင့်မရှိပေမဲ့ အဲ့ဒီအမျိုးကောင်းသားလေးက ကိုယ့်အပေါ်စိတ်ဝင်စားနေလား၊ သဘောကျနေလားဆိုတာကိုတော့ လေ့လာအကဲခတ်လို့ရပါတယ်။ ဒါက မိန်းကလေးတွေရဲ ့အလိုအလျောက်တတ်ကြတဲ့ပညာရပ်တစ်ခုပဲမဟုတ်လား။
ကဲ ဒါဆို ယောကျာ်းလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားရင်ဘာတွေလုပ်လေ့ရှိတယ်ဆိုတာ လေ့လာကြည့်ရအောင်။

၁။သင့်ကိုပိုပြီးဂရုစိုက်လာမယ်
ဥပမာ သင်ဆံပင်ညှပ်လိုက်တာကို တခြားသူတွေထက်အရင်သတိထားမိတာမျိုး၊ အိတ်အသစ်ဝယ်လာတာ၊ဖိနပ်အသစ်စီးလာတာ၊ရေမွှေးပြောင်းဆွတ်လာတာက
အစသတိထားမိလာတာမျိုးပေါ့။ဆံပင်ညှပ်လိုက်တာကို တခြားသူတွေက သတိမထားမိပေမဲ့ သူကတော့သတိထားမိလာမယ်။ဆံပင်ညှပ်လိုက်တာ လိုက်တယ်၊လှတယ်
ဘာညာပြောလာမယ်ဆိုရင်တော့ ဒါသူ့ဘက်က ကိုယ့်အပေါ်စိတ်ဝင်စားခြင်းတစ်မျိုးပါပဲ။

၂။သင့်ဆီကိုအကြောင်းမရှိအကြောင်းရှာလာမယ်
ဒါကတော့ သိသာတဲ့စိတ်ဝင်စားမှုတစ်မျိုးပါပဲ။ယောကျ်ားလေးတိုင်းလိုလို မိန်းကလေး တစ်ယောက်ကိုစိတ်ဝင်စားမိပြီဆိုရင် အလုပ်ကိုဖြစ်စေ၊အိမ်ကိုဖြစ်စေအကြောင်း အမျိုးမျိုးပြပြီး အဲ့ဒီမိန်းကလေးကိုတွေ့ဖို့ကြိုးစားပါလိမ့်မယ်။ပြီးရင် အဲ့ဒီမိန်းကလေးနဲ့စကားပြောခွင့်ရဖို့၊ အတူလျှောက်လည်ဖို့ပြောတာဖြစ်စေလုပ်ပါလိမ့်မယ်။ဘယ်ယောကျ်ားလေးကမှ ကိုယ်သဘောမကျတဲ့၊ သူငယ်ချင်းလိုသဘောထားတဲ့သူ တစ်ယောက်နဲ့ အပြင်အတူသွားဖို့ကို တကူးတက လာခွင့်တောင်းမှာမဟုတ်ပါဘူး။

၃။သင်ရှိရာလမ်းကြောင်းမှာ တဝဲလည်လည်လုပ်နေမယ်

တကယ်လို့များ ကိုယ်နဲ့ရင်းနှီးတဲ့သူတွေထဲကမဟုတ်ပဲ အပြင်မှာတစ်ခါနှစ်ခါတွေ့ဖူးရာကနေ သင့်အပေါ်စိတ်ဝင်စားသွားတဲ့ယောကျ်ားလေးဆိုရင် သင်နဲ့နောက်တစ်ခါ
ဆုံတွေ့တဲ့အခါ သတိထားကြည့်ပါ။သူကသင့်အနောက်ကိုလိုက်ပြီး သင်နေတဲ့နေရာ၊သင့်ရဲ ့အလုပ်သွားရာလမ်းကြောင်းတွေမှာ သူ့ကိုအမြဲတွေ့နေရပါလိမ့်မယ်။ဒါက
သူ သင့်ကိုစိတ်ဝင်စားနေတယ်ဆိုတာသတိထားမိအောင်လုပ်တဲ့နည်းလမ်းတစ်မျိုးပါပဲ။

၄။သင့်အနားမှာအမြဲတမ်းရှိနေမယ်
သင်က ယောကျာ်းလေးတစ်ယောက်ကိုစိတ်ဝင်စားနေပြီး အဲ့ဒီယောကျ်ားလေးကလည်း သင့်အနားမှာ ထိုင်ဖို့၊သင်နဲ့အတူ အပြင်သွားရဖို့၊သင်နဲ့အတူစကားလက်ဆုံပြောရဖို့ အမြဲကြိုးစားနေတယ်ဆိုရင်တော့သင်ကံကောင်းပါတယ်။သူကလည်းသင့်ကိုစိတ်ဝင်စားနေတာပါ။ ဆိုရှယ်မီဒီယာမှာတွေ့ရင်လည်းသင်မီးစိမ်းတာနဲ့ လာပြီးစကားပြောတတ်တယ်ဆိုရင် ဒါက သင်လိုင်းပေါ်တက်လာတာကို အမြဲစောင့်နေတဲ့သဘောပါပဲ။

၅။သင်ပြောသမျှကိုမှတ်ထားမယ််
ယောကျ်ားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကိုစိတ်ဝင်စားမိပြီဆိုရင် သူမနဲ့ပတ်သက်တာ မှန်သမျှကို အသေအချာမှတ်ထားလေ့ရှိပါတယ်။သင်က အမှတ်တမဲ့
ပြောလိုက်တဲ့စကားကိုတောင်မှတ်ထားလေ့ရှိပြီး သင်က အဲ့ဒီအကြောင်းကိုမမှတ်မိရင်တောင်သူက သင့်အစားမှတ်မိပေးပါလိမ့်မယ်။သေချာသတိထားကြည့်ပါ။
ဥပမာ ချောကလက်ရေခဲမုန့်ကို အရမ်းကြိုက်တယ်လို့ သင်အမှတ်တမဲ့ပြောထားဖူးရင် သင်နဲ့နောက်တစ်ခါအပြင်မှာတွေ့ရင် သင့်အတွက်ချောကလက်ရေခဲမုန့်မှာပေးပါလိမ့်မယ်။

၆။သူ့ရဲ ့အာရုံစိုက်မှုက သင်တစ်ယောက်တည်းဖြစ်လိမ့်မယ်
အုပ်စုလိုက်စကားပြောကြတာဖြစ်စေ၊သူငယ်ချင်းနည်းနည်းနဲ့စကားပြောတာဖြစ်စေ သူဘာအကြောင်းကိုပဲပြောပြော သင့်ကိုပဲ ကြည့်ပြီးပြောလေ့ရှိမယ်။သင်
တစ်ယောက်တည်းပဲရှိတဲ့အတိုင်း သင့်ကိုပဲ ကြည့်ပြီးစကားတွေပြောပါလိမ့်မယ်။ ဘာလို့လဲဆိုတော့သူက သင့်ကိုစိတ်ဝင်စားနေလို့၊သဘောကျနေလို့ပါ။
ဒါ့အပြင် အုပ်စုလိုက်သူငယ်ချင်းတွေရှိနေချိန်မှာတောင် သင့်ကိုပဲဂရုစိုက်နေမယ်ဆိုရင် ဒါကသေချာပေါက် သင့်ကိုစိတ်ဝင်စားနေတာပါပဲ။

၇။သင့်အခက်အခဲတွေကိုကူညီဖြေရှင်းပေးတယ်

သင်ဘယ်နေရာကိုပဲရောက်ရောက် အခက်အခဲဖြစ်နေလို့အကူအညီတောင်းလိုက်ရင် အမြဲတမ်းရောက်လာတတ်ပြီး သင်စိတ်ညစ်နေရင်လည်း ဘေးကနေ အားပေးမယ်၊အကြံဉာဏ်တွေပေးမယ်၊သင့်ကိုပျော်ရွှင်အောင်လည်းလုပ်ပေးမယ်ဆိုရင် ဒီယောကျ်ားလေးက သင့်ကိုစိတ်ဝင်စားနေတာမဟုတ်လို့ ဘာဖြစ်ဦးမှာလဲ?

ယောကျ်ားလေးတိုင်းလိုလို မိန်းကလေးတစ်ယောက်ကိုစိတ်ဝင်စားမိပြီဆိုရင် အဓိကကတော့ အဲ့ဒီမိန်းကလေးကို ပိုုပြီးဂရုစိုက်တတ်လာပြီး ကာကွယ်တတ်လာပါတယ်။သင်ချစ်တဲ့သူကရော သင်နဲ့ပတ်သက်ရင် ဒီလိုအချက်လေးတွေလုပ်လေ့ရှိလား?

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.