နာပိုလီနဲ့ပွဲမှာ ပုံမှန်အတိုင်းပဲ ကစားပြီး ပွဲကို ထိန်းသွားမယ်လို့ အာစင်ဝင်းဂါးအတည်ပြုပေး

b.jpg

ဒီနေ့ညမှာ ကစားဖို့ရှိနေတဲ့ နာပိုလီ-အာဆင်နယ်ပွဲဟာ အရေးကြီးတဲ့ပွဲတစ်ပွဲဖြစ်ပြီး အာဆင်နယ်အတွက် (၃)ဂိုးပြတ်မရှုံးခဲ့ရင်တော့ ချန်ပီယံလိဂ်(၁၆)သင်းရှုံးထွက်အဆင့်ကို တက်ရောက်ခွင့်ရှိမှာဖြစ်ပါတယ်။ ဒီ လိုအနေအထားမှာ နာပိုလီရဲ့ ဒီနှစ်ချန်ပီယံလိဂ်အိမ်ကွင်းခြေစွမ်းကို ကြည့်လိုက်တဲ့အခါ ဒေါ့မွန်နဲ့ မာဆေး တို့ကိုအနိုင်ယူထားခဲ့တာကြောင့်လည်း အာဆင်နယ်အတွက် စိုးရိမ်စရာအနေအထားဖြစ်နေရပါတယ်။ ဒါ့ အပြင် အင်္ဂလန်မှာ နာပိုလီလာကစားခဲ့တုန်းက မပါခဲ့တဲ့အာဂျင်တီးနားတိုက်စစ်မှူး ဟီဂူအင်ပါဝင်လာမှာဖြစ်ပါတယ်။ဒီလို အနေအထားမျိုးတွေရှိနေပေမယ့် ၀င်းဂါးကတော့ မိမိအသင်းခံစစ်ကစားသွားမှာမဟုတ်ဘဲ ပုံမှန်အတိုင်းကစားပြီး ပွဲကို စိုးမိုးသွားမယ်လို့ အတည်ပြုလာခဲ့ပါပြီ။

“ ကျွန်တော့ကစားသမားတွေက ဒီပွဲအတွက် အာရုံစူးစိုက်မှုပြည့်ဝနေကြပြီး ရည်မှန်းချက်လည်း မြင့်မားနေကြတာ က တကယ့်ကို ကျေနပ်စရာပါ။ အရင်ကစားနေကြပုံစံအတိုင်းပဲ ကစားပြီး ပွဲကိုစိုးမိုးနိုင်ဖို့ ပြင်ဆင်ထားပါပြီ။ မနက် ဖြန်ပွဲကတော့ ချန်ပီယံလိဂ်အဆုံးအဖြတ်ပါပဲ။ ဒါကသေချာပါတယ်”လို့ ၀င်းဂါးက ပြောသွားခဲ့ပါတယ်။ အုပ်စု(စ)မှာ အာဆင်နယ်က (၁၂)မှတ်နဲ့ ဦးဆောင်နေပြီး ဒေါ့မွန်နဲ့ နာပိုလီတို့က (၉)မှတ်စီနဲ့ အသီးသီးကပ်လိုက် နေကြပါတယ်။ တကယ်လို့ နာပိုလီရော၊ ဒေါ့မွန်ပါ နောက်ဆုံးပွဲမှာနိုင်ခဲ့ကြမယ်ဆိုရင် အာဆင်နယ်နဲ့ (၁၂)မှတ် ချင်းစီတူသွားမှာဖြစ်ပါတယ်။ ဒီလိုဆိုရင် ဒေါ့မွန်က ကျန်နှစ်သင်းနဲ့ head-to-head အသာစီးရနေတာကြောင့် အုပ်စုပထမနေရာရသွားမှာဖြစ်ပြီး နာပိုလီက အာဆင်နယ်ကို (၃)ဂိုးပြတ်မနိုင်ခဲ့ရင်တော့ တတိယနေရာကိုဆင်းပေးရမှာဖြစ်ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.