ရင်သွေးလေးမွေးဖွားပြီး ပထမဆုံးအကြိမ်ပရိသတ်တွေကိုနှုတ်ဆက်လိုက်တဲ့ Kim Tae Hee
Unicode
နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ Kim Tae Hee ဟာ ၂၀၁ရခုနှစ်၊အောက်တိုဘာလက ချစ်စရာသမီးလေးတစ်ယောက်ကိုမွေးဖွားခဲ့ပါတယ်။အနုပညာလောကနဲ့အနည်းငယ် အဆက်ပြတ်နေတဲ့သူမကတော့ ရင်သွေးလေးမွေးဖွားပြီးချိန်မှာ ခဏတာအနားယူ ခဲ့ပါသေးတယ်။၂၀၁၈ခုနှစ်၊နှစ်သစ်ကိုရောက်တဲ့အခါမှာတော့ ပရိသတ်တွေကို ပထမဆုံးအကြိမ် အဖြစ်သူမရဲ ့အင်စတာဂရမ်ကနေ နှုတ်ဆက်ခဲ့တယ်လို့သိရပါတယ်။
မင်းသမီးချော Kim Tae Hee ဟာ သူမရဲ့အင်စတာဂရမ်မှာ ဆဲလ်ဖီပုံလေးနှစ်ပုံတင်ခဲ့ပြီး “ပရိသတ်ကြီးနေကောင်းရဲ ့လား၊အခုတလော ဘာတွေလုပ်နေလဲ?ကျွန်မကတော့ ပထမဆုံးအကြိမ်ကြေ်ာငြာရိုက်ကူးရေးပြန်လုပ်နေပါပြီ။ အပြင်မှာပိုပြီးနွေးထွေးလာတယ် လို့ထင်ခဲ့ပေမဲ့ ရုတ်တရက်ကြီးပြန်အေးလာပြန်ပါပြီ။ပရိသတ်ကြီးလည်း အအေးမိတာတွေ မဖြစ်အောင်ဂရုစိုက်ကြပါ။မကြာခင် ဒီထက်ပိုကောင်းတဲ့အနုပညာလှုပ်ရှားမှုတွေ နဲ့ပြန်လာနိုင်အောင်ကြိုးစားပါမယ်။အဲ့ဒီအချိန်ထိပရိသတ်ကြီးကျန်းမာအောင်ပျော်ရွှင်အောင် နေကြပါ! လို့နှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။
ပရိသတ်တွေရဲ ့အချစ်တော် မင်းသမီး Kim Tae Hee ရဲ ့ခင်ပွန်း Rain ကလည်း အခုလတ်တလောမှာ JTBC ရုပ်သံဌာနက ရိုက်ကူးနေတဲ့ “Sketch”
ဇာတ်လမ်းတွဲမှာပါဝင် သရုပ်ဆောင်နေတယ်လို့သိရပါတယ်။ပရိသတ်တွေအတွက် သူတို့မိသားစုလေးရဲ ့ပျော်ရွှင်ကြည်နူးစရာပုံရိပ်တွေကိုပြန်ပြီးဖော်ပြပေးလိုက်ပါတယ်။
1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.