Meme တွေနဲ့ နာမည်ကြီးလာတဲ့ ဓာတ်ပုံထဲက စတားတွေရဲ့အပြင်လက်တွေ့ဘဝ

Meme တွေဟာ ခုခေတ်မှာတော့ အင်အားအပြည့်နဲ့ အားလုံးကိုရယ်မောပျော်ရွှင်စေတဲ့ အရာဆိုလည်းမမှားပါဘူး။ လူငယ်တွေ အားရင်အားသလို ဆိုရှယ်မီဒီယာပေါ်မှာ သူတို့ပုံတွေနဲ့ meme တွေထိုင်လုပ်ကြတယ်။ ကိုယ်တွေက သူတို့ပုံတွေ ၊ စာတွေနဲ့ ခွီနေတာဟုတ်ပါပြီ.. တကယ့်လက်တွေ့ဘဝမှာရော သူတို့တွေက ဘယ်လိုမျိုးလဲ ၊ ဘာလုပ်လဲ ? မသိချင်မိဘူးလား ?

Ridiculously Photogenic Guy

၂၀၁၂မှာ Zeddie Little ဟာ ကာရိုလိုင်းနားတောင်ပိုင်း Charleston မှာ ၁ဝကီလိုမီတာ အပြေးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်စဉ် သူ့ကိုဓာတ်ပုံရိုက်ခဲ့တာပါ။ ရက်ပေါင်းများစွာကြာပြီးနောက် သူ့ကို Ridiculously Photogenic Guy အဖြစ် ဆိုရှယ်မီဒီယာ ပလတ်ဖောင်းမှာ လူသိများကုန်ကြတယ်။ ဒီလိုမျိုးသူ့ကို meme လုပ်တာနဲ့ပတ်သတ်ပြီး စိတ်အနှောင့်ယှက်မဖြစ်ဘူးလို့တော့ သူ့ကိုဆိုပါတယ်။

Salt Bae


ကမ္ဘာတစ်ဝန်းလုံးက Salt Bae လို့သိထားတဲ့ ကွီးကတော့ တူရကီ စားဖိုမှူးတစ်ယောက်ဖြစ်ပြီး ၂ဝ၁၇အစောပိုင်းမှာပဲ ညတွင်းချင်း အင်တာနက်ပေါ်မှာနာမည်ကြီးလာတာဖြစ်ပါတယ်။ အမဲသားပေါ် ဆားဖြူးနေတဲ့ သူ့ရဲ့ဗီဒီယိုဟာ အားလုံးကိုသဘောကျစေခဲ့တယ်။ နာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့ Leonardo Di Caprio နဲ့ Diddy တို့က Salt Bae ရဲ့ပရိတ်သတ်လို့ သိရပါတယ်။ ဗီဒီယိုကြောင့် သူ့ရဲ့စားသောက်ဆိုင်ကို လာရောက်သူတွေများလာပါတယ်။ သူကိုယ်တိုင်ဆားဖြူးတာကိုမြင်ချင်တယ်လို့ ပရိတ်သတ်ကတောင်းဆိုရင် သူကိုယ်တိုင်ဆားသွားဖြူးပေးပါတယ်။

First World Problems


နာမည်က Silvia Bottini ဖြစ်ပါတယ်။ အီတလီလူမျိုးဖြစ်ပြီး မော်ဒယ်နဲ့ မင်းသမီးတစ်ဦးလည်းဖြစ်တယ်လို့သိရပါတယ်။ သူမငိုနေတဲ့ပုံရိပ်ဟာ တစ်ကမ္ဘာလုံးကို ပျံနှံ့သွားပြီး တကယ်လည်း feel လို့ကောင်းတဲ့ meme တွေနဲ့ လိုက်ဖက်တဲ့ပုံရိပ်တစ်ခုဖြစ်နေခဲ့တယ်။

Roll Safe/Think About It

Hood Documentary စီးရီးက မင်းသား Kayode Ewumi ရဲ့ ထိုဓာတ်ပုံကြောင့် ၂၀၁၇ရဲ့ အကောင်းဆုံး meme တစ်ခုကိုပြုလုပ်နိုင်ခဲ့ကြတယ်။ ထိုပုံဟာ စီးရီးထဲမှ screenshot ရိုက်ယူထားတာဖြစ်ပါတယ်။

Ancient Aliens


တီဗီ စီးရီးတစ်ခုဖြစ်တဲ့ Ancient Aliens ဟာ၂ဝ၁၁ခုနှစ်တုန်းက နာမည်ကြီးခဲ့တာဖြစ်ပြီးဖြေရှင်းရခက်တဲ့ သဘာဝဖြစ်စဉ်တစ်ခုနဲ့ပတ်သတ်ပြီး alien ပညာရှင်က Giorgio A. Tsoukalos ကရှင်းပြကြိုးစားနေတဲ့ပုံကို လျှပ်တစ်ပြတ်ရိုက်ကူးမိခဲ့တာဖြစ်ပါတယ်။ သူ့ပုံနဲ့တက်လာတဲ့ meme တွေကိုမြင်ရင် အမြဲတမ်းသဘောကျခဲ့ရပြီး ဖန်တီးနိုင်စွမ်းရှိတဲ့ လူငယ်တွေကိုလည်း သူချီးကျုးခဲ့ပါတယ်။

233 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.