ရယ္လိုက္တဲ႔အခါျဖစ္သြားတတ္တဲ႔ႏႈတ္ခမ္းေဘးကအေရးအေၾကာင္း(Smile Lines)ေတြကုိ ဘယ္လိုေဖ်ာက္ၾကမလဲ?

ရယ္ေမာျခင္းက အေကာင္းဆံုးေဆးတစ္လက္ဆုိတဲ႔စကားက ျခြင္းခ်က္မရွိမွန္ကန္ပါတယ္ လူေတာ္ေတာ္မ်ားမ်ားအတြက္ေပါ့။ရယ္ေမာလိုက္တဲ႔အခါ မ်က္ႏွာမွာ၊ႏႈတ္ခမ္းေဘးတစ္ဖက္စီမွာ အေရးအေၾကာင္းေတြျဖစ္သြားတတ္တဲ႔သူေတြလည္းရွိပါတယ္။တစ္ခ်ိဳ႔ကေတာ့ Smile Lines လို႔ေခၚၾကတယ္။ သင္ျပံဳးၾကည့္လိုက္ပါ။သင့္ႏႈတ္ခမ္းေဘးမွာ အေရးအေၾကာင္းေတြျဖစ္သြားလား ဆုိတာလည္းသတိထားၾကည့္လိုက္ပါဦး။မျဖစ္ဘူးဆုိရင္ေတာ့ Perfect Smile ပါပဲ။
ျပံဳးလုိက္လို႔ ႏႈတ္ခမ္းေဘးတစ္ဖက္မွာအေရးအေၾကာင္းေတြျဖစ္သြားတာေတြ႔ရင္လည္း စိတ္မပူပါနဲ႔။ေပ်ာက္ေအာင္လုပ္လုိ႔ရပါတယ္။အသက္အရြယ္ေၾကာင့္ျဖစ္တတ္သလို လူငယ္ေတြမွာလည္း ဒီလုိ အေရးအေၾကာင္းေတြျဖစ္တတ္ပါတယ္။ငယ္တုန္းမွာ ဒီလုိအေၾကာင္းေတြရွိလို႔ ေသခ်ာဂရုမစုိက္ဘူးဆုိရင္ အသက္ၾကီးလာတဲ႔အခါ  ပုိျပီးထင္ရွားျပီးအေရးအေၾကာင္းေတြအမ်ားၾကီးျဖစ္လာႏုိင္ပါတယ္။မိတ္ကပ္လိမ္းထားတဲ႔အခ်ိန္မွာရယ္လိုက္ရင္လည္း မ်က္ႏွာမွာ အဲ႔ဒီလုိအရာၾကီးက်န္ခဲ႔ေတာ့ အျမင္ဆုိးေစပါတယ္။

ဒါက မ်က္ႏွာအမူအရာေတြကုိထပ္ခါထပ္ခါလုပ္တတ္တာေၾကာင့္ပါတဲ႔။ဥပမာ မ်က္ေမွာင္ ခဏခဏၾကဳတ္တာမ်ိဳး၊ခဏခဏျပံဳးတာ၊ရယ္တာမ်ိဳးနဲ႔ တစ္ျခားမ်က္ႏွာအမူအရာေတြကုိ ခဏခဏလုပ္တာေၾကာင့္ အခုလိုအေရးအေၾကာင္း ေတြျဖစ္လာတာပါ။ျပီးေတာ့ အသားအရည္ေျခာက္ေသြ႔တာ၊ေဆးလိပ္ေသာက္တာ၊စိတ္ဖိစီးမႈမ်ားတာ၊အိပ္တဲ႔ပံုစံမွားယြင္းတာ၊ေနေရာင္ေၾကာင့္အသားအရည္ပ်က္စီးတာစသျဖင့္အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္အခုလိုေတြျဖစ္လာတာပဲျဖစ္ပါတယ္။ဘယ္လိုကုသရမလဲဆုိေတာ့…

၁။သံလြင္ဆီ
သံလြင္ဆီက Smile Lines ေပ်ာက္ဖုိ႔အေကာင္းဆံုးနည္းတစ္ခုပါပဲ။သံလြင္ဆီက မ်က္ႏွာမွာရွိေနတဲ႔အေၾကာင္းေတြကုိလည္းေပ်ာက္ေစသလို အသစ္ထပ္မျဖစ္
ေအာင္လည္းကာကြယ္ေပးႏုိင္ပါတယ္။အသားအရည္ကုိစုိစြတ္ေစျပီး အသစ္ျပန္လည္ျဖစ္ေပၚေစလုိ႔ သံလြင္ဆီအနည္းငယ္ကုိယူျပီးမ်က္ႏွာမွာလိမ္းပါ။
ျပီးရင္ႏွိပ္နယ္ေပးပါ။တစ္ေန႔ကုိ၂ၾကိမ္လုပ္ေပးႏုိင္ပါတယ္။ဒါ့အျပင္သံလြင္ဆီနဲ႔ပ်ားရည္အနည္းငယ္ကုိဆတူေရာစပ္ျပီး Smile Lines ေပၚမွာလိမ္းပါ။စက္၀ုိင္းပံုစံလိမ္းျပီးရင္  ၃မိနစ္ေလာက္ ထားပါ။ျပီးရင္ေရေဆးပါ။ေရေဆးျပီးရင္ အစုိဓာတ္ထိန္းကရင္မ္တစ္မ်ိဳးလိမ္းေပးထားပါ။တစ္ေန႔ကုိ ၂ၾကိမ္လုပ္ေပးႏုိင္ပါတယ္။

၂။ကီ၀ီ Scrub
တစ္ပတ္ကုိ တစ္ခါ ကီ၀ီ Scrub နဲ႔မ်က္ႏွာကုိ ေခ်းခြ်တ္သန္႔စင္ေပးတာကလည္း Smile Lines ေတြေပ်ာက္ေစပါတယ္တဲ႔။ဆုိင္ေတြမွာ၀ယ္လို႔ရႏုိင္သလုိ ကုိယ္တိုင္
လုပ္ျပီးေခ်းခြ်တ္လို႔ရပါတယ္။အိမ္မွာကုိယ္တိုင္လုပ္မယ္ဆိုရင္ ကီ၀ီသီးကုိ ေက်ညက္ေအာင္ေခ်ျပီးသံလြင္ဆီနဲ႔ေရာစပ္လိမ္းေပးရံုပါပဲ။ျပီးရင္ ေရေႏြးေႏြးေလးနဲ႔
သစ္ခ်ပါ။အားလံုးျပီးရင္ Moisturizing lotion တစ္ခုခုလိမ္းေပးထားပါ။

၃။မ်က္ႏွာေလ့က်င့္ခန္းလုပ္ပါ
အေရးအေၾကာင္းေတြတိုက္ဖ်က္ႏုိင္တဲ႔ အေကာင္းဆံုးနည္းလမ္းတစ္ခုကေတာ့ မ်က္ႏွာေလ့က်င့္ခန္းလုပ္ေပးတာပါပဲ။သြားမေပၚေအာင္ပါးစပ္ကုိေစ့ထားျပီး
ျပံဳးႏုိင္သေလာက္ျပံဳးပါ။အဲ႔ဒီအတိုင္း ၁၀စကၠန္႔ေလာက္ေနပါ။အဲ႔ဒီလိုမ်ိဳး ၁၀ၾကိမ္ကေန အၾကိမ္ ၂၀အထိလုပ္ေပးႏုိင္ပါတယ္။ေန႔တိုင္းတစ္ခါစီလုပ္ေပးပါ။

၄။ေနေလာင္ခံကရင္မ္လိမ္းပါ
ေနေၾကာင့္အသားအရည္ပ်က္စီးတာလည္းျဖစ္ႏုိင္တာမို႔လို႔ မိတ္ကပ္ေတြဘာေတြမခံခင္ ေနပူထဲထြက္တဲ႔အခါ ေနေလာင္ခံကရင္မ္ေလးအရင္လိမ္းဖို႔မေမ့ပါနဲ႔။
ေနပူထဲထြက္ရင္ အကာအကြယ္မပါပဲမထြက္ပါနဲ႔။ေသခ်ာေလးဂရုစိုက္ေပးရင္ တစ္လအတြင္း Smile Lines ေတြေပ်ာက္သြားႏုိင္ပါတယ္။

၅။ေရမ်ားမ်ားေသာက္ပါ
အသားအရည္ေျခာက္ေသြ႔တာေၾကာင့္ အေရးအေၾကာင္းေတြျဖစ္လာႏုိင္ပါတယ္။အဲ႔ဒါေၾကာင့္ အသားအရည္စုိျပည္ေစဖို႔အတြက္ ခႏၶာကုိယ္ေရဓာတ္ျဖည့္ေပးဖို႔လိုအပ္ပါတယ္။ တစ္ေန႔တာအတြက္လိုအပ္တဲ႔ေရဓာတ္ကုိပံုမုွန္ျဖည့္ေပးသြားမယ္ဆုိရင္ ေရဓာတ္ျပည့္၀ျပီး စုိျပည္လွပတဲ႔အသားအရည္ကုိရရွိလာမွာျဖစ္သလိုSmile Lines ေတြ လည္းေပ်ာက္သြားမွာျဖစ္ပါတယ္။

လွပျပီးဆြဲေဆာင္မႈရွိတဲ႔အျပံဳးေလးပုိင္ဆုိင္ဖို႔ Smile Lines ေလးေတြေဖ်ာက္ၾကစုိ႔ေနာ္။

Unicode

ရယ်မောခြင်းက အကောင်းဆုံးဆေးတစ်လက်ဆိုတဲ့စကားက ခြွင်းချက်မရှိမှန်ကန်ပါတယ် လူတော်တော်များများအတွက်ပေါ့။ရယ်မောလိုက်တဲ့အခါ မျက်နှာမှာ၊နှုတ်ခမ်းဘေးတစ်ဖက်စီမှာ အရေးအကြောင်းတွေဖြစ်သွားတတ်တဲ့သူတွေလည်းရှိပါတယ်။တစ်ချို့ကတော့ Smile Lines လို့ခေါ်ကြတယ်။ သင်ပြုံးကြည့်လိုက်ပါ။သင့်နှုတ်ခမ်းဘေးမှာ အရေးအကြောင်းတွေဖြစ်သွားလား ဆိုတာလည်းသတိထားကြည့်လိုက်ပါဦး။မဖြစ်ဘူးဆိုရင်တော့ Perfect Smile ပါပဲ။
ပြုံးလိုက်လို့ နှုတ်ခမ်းဘေးတစ်ဖက်မှာအရေးအကြောင်းတွေဖြစ်သွားတာတွေ့ရင်လည်း စိတ်မပူပါနဲ့။ပျောက်အောင်လုပ်လို့ရပါတယ်။အသက်အရွယ်ကြောင့်ဖြစ်တတ်သလို လူငယ်တွေမှာလည်း ဒီလို အရေးအကြောင်းတွေဖြစ်တတ်ပါတယ်။ငယ်တုန်းမှာ ဒီလိုအကြောင်းတွေရှိလို့ သေချာဂရုမစိုက်ဘူးဆိုရင် အသက်ကြီးလာတဲ့အခါ ပိုပြီးထင်ရှားပြီးအရေးအကြောင်းတွေအများကြီးဖြစ်လာနိုင်ပါတယ်။မိတ်ကပ်လိမ်းထားတဲ့အချိန်မှာရယ်လိုက်ရင်လည်း မျက်နှာမှာ အဲ့ဒီလိုအရာကြီးကျန်ခဲ့တော့ အမြင်ဆိုးစေပါတယ်။

ဒါက မျက်နှာအမူအရာတွေကိုထပ်ခါထပ်ခါလုပ်တတ်တာကြောင့်ပါတဲ့။ဥပမာ မျက်မှောင် ခဏခဏကြုတ်တာမျိုး၊ခဏခဏပြုံးတာ၊ရယ်တာမျိုးနဲ့ တစ်ခြားမျက်နှာအမူအရာတွေကို ခဏခဏလုပ်တာကြောင့် အခုလိုအရေးအကြောင်း တွေဖြစ်လာတာပါ။ပြီးတော့ အသားအရည်ခြောက်သွေ့တာ၊ဆေးလိပ်သောက်တာ၊စိတ်ဖိစီးမှုများတာ၊အိပ်တဲ့ပုံစံမှားယွင်းတာ၊နေရောင်ကြောင့်အသားအရည်ပျက်စီးတာစသဖြင့်အကြောင်းအမျိုးမျိုးကြောင့်အခုလိုတွေဖြစ်လာတာပဲဖြစ်ပါတယ်။ဘယ်လိုကုသရမလဲဆိုတော့…

၁။သံလွင်ဆီ
သံလွင်ဆီက Smile Lines ပျောက်ဖို့အကောင်းဆုံးနည်းတစ်ခုပါပဲ။သံလွင်ဆီက မျက်နှာမှာရှိနေတဲ့အကြောင်းတွေကိုလည်းပျောက်စေသလို အသစ်ထပ်မဖြစ်
အောင်လည်းကာကွယ်ပေးနိုင်ပါတယ်။အသားအရည်ကိုစိုစွတ်စေပြီး အသစ်ပြန်လည်ဖြစ်ပေါ်စေလို့ သံလွင်ဆီအနည်းငယ်ကိုယူပြီးမျက်နှာမှာလိမ်းပါ။
ပြီးရင်နှိပ်နယ်ပေးပါ။တစ်နေ့ကို၂ကြိမ်လုပ်ပေးနိုင်ပါတယ်။ဒါ့အပြင်သံလွင်ဆီနဲ့ပျားရည်အနည်းငယ်ကိုဆတူရောစပ်ပြီး Smile Lines ပေါ်မှာလိမ်းပါ။စက်ဝိုင်းပုံစံလိမ်းပြီးရင် ၃မိနစ်လောက် ထားပါ။ပြီးရင်ရေဆေးပါ။ရေဆေးပြီးရင် အစိုဓာတ်ထိန်းကရင်မ်တစ်မျိုးလိမ်းပေးထားပါ။တစ်နေ့ကို ၂ကြိမ်လုပ်ပေးနိုင်ပါတယ်။

၂။ကီဝီ Scrub
တစ်ပတ်ကို တစ်ခါ ကီဝီ Scrub နဲ့မျက်နှာကို ချေးချွတ်သန့်စင်ပေးတာကလည်း Smile Lines တွေပျောက်စေပါတယ်တဲ့။ဆိုင်တွေမှာဝယ်လို့ရနိုင်သလို ကိုယ်တိုင်
လုပ်ပြီးချေးချွတ်လို့ရပါတယ်။အိမ်မှာကိုယ်တိုင်လုပ်မယ်ဆိုရင် ကီဝီသီးကို ကျေညက်အောင်ချေပြီးသံလွင်ဆီနဲ့ရောစပ်လိမ်းပေးရုံပါပဲ။ပြီးရင် ရေနွေးနွေးလေးနဲ့
သစ်ချပါ။အားလုံးပြီးရင် Moisturizing lotion တစ်ခုခုလိမ်းပေးထားပါ။

၃။မျက်နှာလေ့ကျင့်ခန်းလုပ်ပါ
အရေးအကြောင်းတွေတိုက်ဖျက်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ မျက်နှာလေ့ကျင့်ခန်းလုပ်ပေးတာပါပဲ။သွားမပေါ်အောင်ပါးစပ်ကိုစေ့ထားပြီး
ပြုံးနိုင်သလောက်ပြုံးပါ။အဲ့ဒီအတိုင်း ၁ဝစက္ကန့်လောက်နေပါ။အဲ့ဒီလိုမျိုး ၁ဝကြိမ်ကနေ အကြိမ် ၂ဝအထိလုပ်ပေးနိုင်ပါတယ်။နေ့တိုင်းတစ်ခါစီလုပ်ပေးပါ။

၄။နေလောင်ခံကရင်မ်လိမ်းပါ
နေကြောင့်အသားအရည်ပျက်စီးတာလည်းဖြစ်နိုင်တာမို့လို့ မိတ်ကပ်တွေဘာတွေမခံခင် နေပူထဲထွက်တဲ့အခါ နေလောင်ခံကရင်မ်လေးအရင်လိမ်းဖို့မမေ့ပါနဲ့။
နေပူထဲထွက်ရင် အကာအကွယ်မပါပဲမထွက်ပါနဲ့။သေချာလေးဂရုစိုက်ပေးရင် တစ်လအတွင်း Smile Lines တွေပျောက်သွားနိုင်ပါတယ်။

၅။ရေများများသောက်ပါ
အသားအရည်ခြောက်သွေ့တာကြောင့် အရေးအကြောင်းတွေဖြစ်လာနိုင်ပါတယ်။အဲ့ဒါကြောင့် အသားအရည်စိုပြည်စေဖို့အတွက် ခန္ဓာကိုယ်ရေဓာတ်ဖြည့်ပေးဖို့လိုအပ်ပါတယ်။ တစ်နေ့တာအတွက်လိုအပ်တဲ့ရေဓာတ်ကိုပုံမုှန်ဖြည့်ပေးသွားမယ်ဆိုရင် ရေဓာတ်ပြည့်ဝပြီး စိုပြည်လှပတဲ့အသားအရည်ကိုရရှိလာမှာဖြစ်သလိုSmile Lines တွေ လည်းပျောက်သွားမှာဖြစ်ပါတယ်။

လှပပြီးဆွဲဆောင်မှုရှိတဲ့အပြုံးလေးပိုင်ဆိုင်ဖို့ Smile Lines လေးတွေဖျောက်ကြစို့နော်။

 

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.