ပရိသတ္ေတြအၾကိဳက္ေတြ႔မွာေသခ်ာတဲ႔ ဆြန္းအုိဂံု(လီေဆာင္ဂီ)ရဲ ႔ “The King 2 Hearts”

လတ္တေလာ ကုိရီးယားမင္းသားေတြၾကားမွာေရပန္းအစားဆံုးဆုိရင္ ဆြန္းအိုဂံုလို႔ေျပာရမလားပဲ။ သိၾကတယ္ဟုတ္! ကုိရီးယားပရိသတ္ေတြတင္မက ျမန္မာပရိသတ္ေတြရဲ ႔ပါးစပ္ဖ်ားမွာ အုိဂံုရဲ ႔ေတာ္ကီျဖစ္တဲ႔ “လွတယ္ ခ်စ္တာမို႔လို႔”ဆုိတဲ႔စကားက ေတာ္ေတာ္ေလးေအာင္ျမင္ခဲ႔ပါတယ္။ အခုထိလည္းဆြန္းအိုဂံုရဲ ႔အရွိန္ကမေသေသးတာေၾကာင့္ မင္းသားေခ်ာ လီေဆာင္ဂီရဲ ႔ ၂၀၁၂တုန္းကရုပ္ရွင္ကားေလးတစ္ကားနဲ႔မိတ္ဆက္ေပးခ်င္ပါတယ္။ၾကည့္ျပီးတဲ႔သူေတြရွိသလုိ မၾကည့္ရေသးတဲ႔ပရိသတ္ေတြလည္းရွိၾကပါတယ္။မၾကည့္ရေသးတဲ႔ပရိသတ္ေတြကေတာ့ ကားေဟာင္းေလးျဖစ္ေပမဲ႔ မင္းသားကုိသေဘာက်တာေၾကာင့္ ျမန္ျမန္ေလးရွာၾကည့္္ၾကမယ္
ထင္ပါတယ္။

ရုပ္ရွင္ကားေလးနာမည္ကေတာ့ “The King 2 Hearts” ပါ။ဒါရိုက္တာ Lee Jae Kyoo နဲ႔ Jung Dae Yoon တို႔တြဲဖက္ရိုက္ကူးထားျပီးမင္းသားလီေဆာင္ဂီ၊မင္းသမီး ဟာဂ်ီ၀န္တို႔က အဓိကမင္းသားမင္းသမီးအျဖစ္ပါ၀င္သရုပ္ေဆာင္ထားပါတယ္။ေနာက္ထပ္အရံမင္းသားတစ္လက္ကေတာ့ ဂ်ိဳဂ်န္ဆုတ္ပါ။ဇာတ္လမ္းပံုစံကေတာ့ မင္းသားလီေဆာင္ဂီက ေတာင္ကုိရီးယားႏုိင္ငံရဲ ႔အိမ္ေရွ႔စံမင္းသားတစ္ေယာက္ပါ။ဒါေပမဲ႔ ႏိုင္ငံေရးလည္းစိတ္မ၀င္စား၊ဘုရင္လည္းမျဖစ္ခ်င္ပဲ
သူ႔ဘာသာတစ္ေယာက္တည္းေပါ့ေပါ့ပါးပါးေနတတ္သူတစ္ေယာက္အျဖစ္သရုပ္ေဆာင္ထားပါတယ္။ဒါေပမဲ႔ ဘုရင္ၾကီးကေတာ့ ေတာင္နဲ႔ေျမာက္ေပါင္းစည္းေရးအတြက္ေရာ၊အိမ္ေရွ႔စံကုိ ရင့္က်က္ေစခ်င္တဲ႔အတြက္ေၾကာင့္ ႏွစ္ႏုိင္ငံေပါင္းစည္းညီညြတ္ေရးအတြက္ စီစဥ္ထားတဲ႔စစ္ေလ့က်င့္ေရးမွာ ပါ၀င္ခုိင္းခဲ႔ပါတယ္။

မင္းသမီးဟာဂ်ီ၀န္ကေတာ့ ေျမာက္ကိုရီးယားႏိုင္ငံ အဆင့္ျမင့္အရာရွိတစ္ေယာက္္ရဲ ႔သမီး၊အထူးတပ္ဖြဲ႔၀င္အရာရွိတစ္ေယာက္အျဖစ္ သရုပ္ေဆာင္ထားပါတယ္။သိၾကတဲ႔အတုိင္း
ေတာင္နဲ႔ေျမာက္က စည္းတားထားတာ အခ်ိန္ကာလအေတာ္ၾကာပါျပီ။ဒီဇာတ္လမ္းမွာေတာ့ ႏွစ္ႏုိင္ငံေပါင္းစည္းေရးအတြက္ျပဳလုပ္တဲ႔ စစ္ေလ့က်င့္ေရးသင္တန္းတစ္ခုမွာ ေတာင္ကုိရီးယားႏုိင္ငံက ဥာဏ္နီဥာဏ္နက္ဥာဏ္ျပာထြက္လြန္းတဲ႔အိမ္ေရွ႔စံနဲ႔ တုိက္ေရးခိုက္ေရးေကာင္းမြန္ျပီးစည္းကမ္းၾကီး စနစ္က်တဲ႔ ေျမာက္ကိုရီးယား အထူးတပ္ဖြဲ႔၀င္မင္းသမီး တို႔ကုိ ေတြ႔ဆံုေပးထားတာပါ။ႏုိင္ငံခ်င္းကြဲေနတဲ႔အတြက္ တစ္ေယာက္နဲ႔တစ္ေယာက္ၾကားကခံယူခ်က္ေတြ၊အယူ၀ါဒေတြကြဲျပားေနတာကုိလည္းျမင္ေတြ႔ရမွာျဖစ္ျပီး ပရိသတ္ေတြအၾကိဳက္ရန္ျဖစ္လုိက္ျပန္ခ်စ္လိုက္နဲ႔ၾကည္ႏူးစရာ ဒရာမာအခန္းေတြကုိလည္း ျမင္ေတြ႔ရမွာပါ။ အခ်စ္၊ အလြမ္း၊ဟာသ ၊ အက္ရွင္ အစံုအလင္ပါတဲ႔ဇာတ္ကားေလးျဖစ္တာေၾကာင့္ ကုိရီးယားကားၾကိဳက္တဲ႔႔ ပရိသတ္ေတြလက္မလႊတ္သင့္တဲ႔ရုပ္ရွင္ကားေလးျဖစ္တယ္ လို႔အၾကံျပဳလုိက္ပါတယ္။

Unicode

လတ်တလော ကိုရီးယားမင်းသားတွေကြားမှာရေပန်းအစားဆုံးဆိုရင် ဆွန်းအိုဂုံလို့ပြောရမလားပဲ။ သိကြတယ်ဟုတ်! ကိုရီးယားပရိသတ်တွေတင်မက မြန်မာပရိသတ်တွေရဲ ့ပါးစပ်ဖျားမှာ အိုဂုံရဲ ့တော်ကီဖြစ်တဲ့ “လှတယ် ချစ်တာမို့လို့”ဆိုတဲ့စကားက တော်တော်လေးအောင်မြင်ခဲ့ပါတယ်။ အခုထိလည်းဆွန်းအိုဂုံရဲ ့အရှိန်ကမသေသေးတာကြောင့် မင်းသားချော လီဆောင်ဂီရဲ ့ ၂၀၁၂တုန်းကရုပ်ရှင်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ကြည့်ပြီးတဲ့သူတွေရှိသလို မကြည့်ရသေးတဲ့ပရိသတ်တွေလည်းရှိကြပါတယ်။မကြည့်ရသေးတဲ့ပရိသတ်တွေကတော့ ကားဟောင်းလေးဖြစ်ပေမဲ့ မင်းသားကိုသဘောကျတာကြောင့် မြန်မြန်လေးရှာကြည့််ကြမယ်
ထင်ပါတယ်။

ရုပ်ရှင်ကားလေးနာမည်ကတော့ The King 2 Hearts ပါ။ဒါရိုက်တာ Lee Jae Kyoo နဲ့ Jung Dae Yoon တို့တွဲဖက်ရိုက်ကူးထားပြီးမင်းသားလီဆောင်ဂီ၊မင်းသမီး ဟာဂျီဝန်တို့က အဓိကမင်းသားမင်းသမီးအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။နောက်ထပ်အရံမင်းသားတစ်လက်ကတော့ ဂျိုဂျန်ဆုတ်ပါ။ဇာတ်လမ်းပုံစံကတော့ မင်းသားလီဆောင်ဂီက တောင်ကိုရီးယားနိုင်ငံရဲ ့အိမ်ရှေ့စံမင်းသားတစ်ယောက်ပါ။ဒါပေမဲ့ နိုင်ငံရေးလည်းစိတ်မဝင်စား၊ဘုရင်လည်းမဖြစ်ချင်ပဲ
သူ့ဘာသာတစ်ယောက်တည်းပေါ့ပေါ့ပါးပါးနေတတ်သူတစ်ယောက်အဖြစ်သရုပ်ဆောင်ထားပါတယ်။ဒါပေမဲ့ ဘုရင်ကြီးကတော့ တောင်နဲ့မြောက်ပေါင်းစည်းရေးအတွက်ရော၊အိမ်ရှေ့စံကို ရင့်ကျက်စေချင်တဲ့အတွက်ကြောင့် နှစ်နိုင်ငံပေါင်းစည်းညီညွတ်ရေးအတွက် စီစဉ်ထားတဲ့စစ်လေ့ကျင့်ရေးမှာ ပါဝင်ခိုင်းခဲ့ပါတယ်။

မင်းသမီးဟာဂျီဝန်ကတော့ မြောက်ကိုရီးယားနိုင်ငံ အဆင့်မြင့်အရာရှိတစ်ယောက််ရဲ ့သမီး၊အထူးတပ်ဖွဲ့ဝင်အရာရှိတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။သိကြတဲ့အတိုင်း
တောင်နဲ့မြောက်က စည်းတားထားတာ အချိန်ကာလအတော်ကြာပါပြီ။ဒီဇာတ်လမ်းမှာတော့ နှစ်နိုင်ငံပေါင်းစည်းရေးအတွက်ပြုလုပ်တဲ့ စစ်လေ့ကျင့်ရေးသင်တန်းတစ်ခုမှာ တောင်ကိုရီးယားနိုင်ငံက ဉာဏ်နီဉာဏ်နက်ဉာဏ်ပြာထွက်လွန်းတဲ့အိမ်ရှေ့စံနဲ့ တိုက်ရေးခိုက်ရေးကောင်းမွန်ပြီးစည်းကမ်းကြီး စနစ်ကျတဲ့ မြောက်ကိုရီးယား အထူးတပ်ဖွဲ့ဝင်မင်းသမီး တို့ကို တွေ့ဆုံပေးထားတာပါ။နိုင်ငံချင်းကွဲနေတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်ကြားကခံယူချက်တွေ၊အယူဝါဒတွေကွဲပြားနေတာကိုလည်းမြင်တွေ့ရမှာဖြစ်ပြီး ပရိသတ်တွေအကြိုက်ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ကြည်နူးစရာ ဒရာမာအခန်းတွေကိုလည်း မြင်တွေ့ရမှာပါ။ အချစ်၊ အလွမ်း၊ဟာသ ၊ အက်ရှင် အစုံအလင်ပါတဲ့ဇာတ်ကားလေးဖြစ်တာကြောင့် ကိုရီးယားကားကြိုက်တဲ့့ ပရိသတ်တွေလက်မလွှတ်သင့်တဲ့ရုပ်ရှင်ကားလေးဖြစ်တယ် လို့အကြံပြုလိုက်ပါတယ်။

235 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.