စိတ္ခံစားလြယ္ျကသူေတြဆိုတာ…

တစ္ခါတေလ လူေတြအတင္းေျပာတာေတာင္ခံျကရေသး ဘာတဲ႔ အပိုေတြလုပ္တယ္ဆိုပဲ …၀မ္းနည္းပင္မဲ႔သူတို႕ေျပာလည္းေျပာခ်င္စရာပါ။ ကိုယ္ေတြလိုစိတ္ခံစားလြယ္တဲ႔သူေတြဟာ သူမ်ားမျမင္မွာအပိုေတြလုပ္တယ္ထင္ရပင္မဲ႔သူတို႕စိတ္ထဲမွာတကယ္ကို ခံစားလြယ္ျကတာမို႕ခံစားဖူးသူအခ်င္းခ်င္းပဲနားလည္နိုင္မွာပါ။ ဆုိေတာ႔ စိတ္ခံစားလြယ္တဲ႔သူေတြဟာ တစ္ျခားလူေတြထက္ပိုကဲသာလြန္တဲ႔ အျပဳမူေတြကဘာေတြျဖစ္နုိင္မလဲ…
(၁) နက္နက္ရိႈင္းရိႈင္းခံစားတတ္တယ္
တစ္ခုခုဆို သူမ်ားေတြလုိ အေပၚယံေလာက္ပဲေတြးတတ္တာမ်ိဳး မဟုတ္ပဲ ျပႆနာတိုင္း ကိစၥတိုင္း ျဖစ္ရပ္တိုင္းကို ခံစားခ်က္ျကီးလံုးလံုးထည္႔ျပီး နက္နက္နဲနဲ ခံစားတတ္ျကပါတယ္။ ဒီလို စိတ္နွစ္ျပီးခံစားတတ္ျကလို႕လည္းသူမ်ားထက္ပိုနာက်င္ခံစားရတာပါ။ ဘာမဟုတ္တဲ႔ကိစၥေလးေတာင္ က အစ အ အဆံုး လုိက္ေတြးေနတတ္ျကလုိ႕သူတုိ႕ကို ဆိုတစ္ပါးသူေတြက ပိုလိုက္တာလို႕ထင္ျကတာ မလြဲဧကန္ပါပဲ။
(၂) အငိုလြယ္တယ္
စိတ္ထဲမွာခံစားခ်က္ကို အျကာျကီးမ်ိဳသိပ္မထားနုိင္ျကတာေျကာင္႔ မ်က္ရည္လည္းလြယ္ျကပါတယ္။ ေခ်ာ႕ရင္ခဏေလးနဲ႕ေျပတတ္ျကတာလည္းသူတို႕ပါပဲ။ စိတ္ရဲ႕နဂိုဓာတ္ခံကို က ေပ်ာ႕တဲ႔ဘက္ကိုသြားတာေျကာင္႔ ဘာမဟုတ္တဲ႔ကိစၥေလးနဲ႕ေတာင္ငိုသလား ဆိုတာမ်ိဳး အျပစ္တင္မေစာသင္႔ပါဘူး။အငိုလြယ္တဲ႔သူေတြဟာ စိတ္ဓာတ္ေလးျဖဴစင္ျကျပီးေကာက္က်စ္ယုတ္မာလိုစိတ္နည္းျကပါတယ္။
(၃) ခံစားခ်က္အတိုင္းတုံ႕ျပန္တယ္
ကိုယ္မေက်နပ္တာတစ္ခုသူမ်ားကလုပ္တဲ႔အခါ ကိုယ္စိတ္ထဲကခံစားခ်က္အတိုင္းတံု႕ျပန္တတ္ျကပါတယ္။ အင္း ဒါကအားနည္းခ်က္တစ္ခုလို႕ဆိုရမလားပဲ။ ဒီအကြက္ကိုသိတဲ႔လူတစ္ခ်ိဳ႕ဟာ ကိုယ္ေတြရဲ႕စိတ္ကို မခံခ်င္ေအာင္လုပ္ျပီး စိတ္ထဲရွိတဲ႔အတိုင္းျပန္လုပ္လုိက္ေရာ ရုိင္းတာေတြက ကိုယ္ေတြခံစားလြယ္သူေတြျဖစ္ကုန္ေရာ ပါပဲ။ စိတ္ထဲကျဖစ္ရင္ျဖစ္တဲ႔အတိုင္းေျပာျပတတ္ျပီး ေက်နပ္ရင္ မေက်နပ္တဲ႔အမူအယာဟာ ဘယ္လိုမွဖံုးကြယ္လို႕မရေအာင္ေပၚလြင္ေနတတ္ျကတာပါ။
(၄) လူေတြရဲ႕စိတ္ကိုလိုက္ဖတ္တယ္
တစ္ေယာက္ေယာက္နဲ႕ခင္ေတာ႔မယ္ ပတ္သတ္ေတာ႔မယ္ဆိုရင္ ဒီလူရဲ႕စိတ္ကို အေသးစိတ္လုိက္ဖတ္တတ္တာလည္း အက်င္႔ေလး တစ္ခုပါ။လူတစ္ေယာက္ကိုခင္ျပီ ခ်စ္ျပီဆိုလည္းစိတ္ႏွစ္ျပီး တစ္ဆံုးခ်စ္ေပးတတ္ျကျပီး မခင္ခင္ မပတ္သတ္ခင္မွာေတာ႔ အမ်ိဳးမ်ိဳး Testingေတြလုပ္ျပီးစိတ္ဖတ္တတ္ျကပါတယ္။
(၅) သနားလြယ္ယံုျကည္လြယ္တတ္ျကတယ္
တစ္စံုတစ္ေယာက္ေပၚထားတဲ႔သံေယာဇဥ္ဟာအျမဲျကီးမားတတ္ျကပါတယ္။ တစ္ေယာက္ေယာက္ေပၚ အယံုလြယ္တာလည္း စိတ္ခံစားလြယ္သူေတြပါပဲ။သူမ်ားအတြက္ ဘာမွသိပ္မဟုတ္တဲ႔ ကိစၥ တစ္ခုဟာ သူတို႕အတြက္သိပ္ကို သနားစရာေကာင္းေနတတ္တာမိ်ဳးလည္းရွိတတ္ျကပါတယ္။ ဒီလို သနားစိတ္အယံုလြယ္တဲ႔စိတ္ေတြေျကာင္႔ပဲ တစ္ခါတစ္ခါ လူေတြရဲ႕လွည္႔ျဖားျခင္းကို ခံျကရတာပါ။
တကယ္ေတာ႔ စိတ္ခံစားလြယ္သူေတြဆိုတာ လူေပ်ာ႕လူညံ႔ေတြမဟုတ္ပါဘူး။ စိတ္ဓာတ္ေကာင္းမြန္ျခင္း တစ္ဖက္စြန္းေရာက္ေနျကတဲ႔လူေတြမို႕ သူတို႕ရဲ႕အျပဳမူေလးေတြကိုနားလည္နိုင္ျကပါေစလို႕ဆုေတာင္းရင္း…

Unicode

တစ်ခါတလေ လူတွေအတင်းပြောတာတောင်ခံကြရသေး ဘာတဲ့ အပိုတွေလုပ်တယ်ဆိုပဲ …ဝမ်းနည်းပင်မဲ့သူတို့ပြောလည်းပြောချင်စရာပါ။ ကိုယ်တွေလိုစိတ်ခံစားလွယ်တဲ့သူတွေဟာ သူများမမြင်မှာအပိုတွေလုပ်တယ်ထင်ရပင်မဲ့သူတို့စိတ်ထဲမှာတကယ်ကို ခံစားလွယ်ကြတာမို့ခံစားဖူးသူအချင်းချင်းပဲနားလည်နိုင်မှာပါ။ ဆိုတော့ စိတ်ခံစားလွယ်တဲ့သူတွေဟာ တစ်ခြားလူတွေထက်ပိုကဲသာလွန်တဲ့ အပြုမူတွေကဘာတွေဖြစ်နိုင်မလဲ…
(၁) နက်နက်ရှိုင်းရှိုင်းခံစားတတ်တယ်
တစ်ခုခုဆို သူများတွေလို အပေါ်ယံလောက်ပဲတွေးတတ်တာမျိုး မဟုတ်ပဲ ပြဿနာတိုင်း ကိစ္စတိုင်း ဖြစ်ရပ်တိုင်းကို ခံစားချက်ကြီးလုံးလုံးထည့်ပြီး နက်နက်နဲနဲ ခံစားတတ်ကြပါတယ်။ ဒီလို စိတ်နှစ်ပြီးခံစားတတ်ကြလို့လည်းသူများထက်ပိုနာကျင်ခံစားရတာပါ။ ဘာမဟုတ်တဲ့ကိစ္စလေးတောင် က အစ အ အဆုံး လိုက်တွေးနေတတ်ကြလို့သူတို့ကို ဆိုတစ်ပါးသူတွေက ပိုလိုက်တာလို့ထင်ကြတာ မလွဲဧကန်ပါပဲ။
(၂) အငိုလွယ်တယ်
စိတ်ထဲမှာခံစားချက်ကို အကြာကြီးမျိုသိပ်မထားနိုင်ကြတာကြောင့် မျက်ရည်လည်းလွယ်ကြပါတယ်။ ချော့ရင်ခဏလေးနဲ့ပြေတတ်ကြတာလည်းသူတို့ပါပဲ။ စိတ်ရဲ့နဂိုဓာတ်ခံကို က ပျော့တဲ့ဘက်ကိုသွားတာကြောင့် ဘာမဟုတ်တဲ့ကိစ္စလေးနဲ့တောင်ငိုသလား ဆိုတာမျိုး အပြစ်တင်မစောသင့်ပါဘူး။
အငိုလွယ်တဲ့သူတွေဟာ စိတ်ဓာတ်လေးဖြူစင်ကြပြီးကောက်ကျစ်ယုတ်မာလိုစိတ်နည်းကြပါတယ်။
(၃) ခံစားချက်အတိုင်းတုံ့ပြန်တယ်
ကိုယ်မကျေနပ်တာတစ်ခုသူများကလုပ်တဲ့အခါ ကိုယ်စိတ်ထဲကခံစားချက်အတိုင်းတုံ့ပြန်တတ်ကြပါတယ်။ အင်း ဒါကအားနည်းချက်တစ်ခုလို့ဆိုရမလားပဲ။ ဒီအကွက်ကိုသိတဲ့လူတစ်ချို့ဟာ ကိုယ်တွေရဲ့စိတ်ကို မခံချင်အောင်လုပ်ပြီး စိတ်ထဲရှိတဲ့အတိုင်းပြန်လုပ်လိုက်ရော ရိုင်းတာတွေက ကိုယ်တွေခံစားလွယ်သူတွေဖြစ်ကုန်ရော ပါပဲ။ စိတ်ထဲကဖြစ်ရင်ဖြစ်တဲ့အတိုင်းပြောပြတတ်ပြီး ကျေနပ်ရင် မကျေနပ်တဲ့အမူအယာဟာ ဘယ်လိုမှဖုံးကွယ်လို့မရအောင်ပေါ်လွင်နေတတ်ကြတာပါ။
(၄) လူတွေရဲ့စိတ်ကိုလိုက်ဖတ်တယ်
တစ်ယောက်ယောက်နဲ့ခင်တော့မယ် ပတ်သတ်တော့မယ်ဆိုရင် ဒီလူရဲ့စိတ်ကို အသေးစိတ်လိုက်ဖတ်တတ်တာလည်း အကျင့်လေး တစ်ခုပါ။လူတစ်ယောက်ကိုခင်ပြီ ချစ်ပြီဆိုလည်းစိတ်နှစ်ပြီး တစ်ဆုံးချစ်ပေးတတ်ကြပြီး မခင်ခင် မပတ်သတ်ခင်မှာတော့ အမျိုးမျိုး Testingတွေလုပ်ပြီးစိတ်ဖတ်တတ်ကြပါတယ်။
(၅) သနားလွယ်ယုံကြည်လွယ်တတ်ကြတယ်
တစ်စုံတစ်ယောက်ပေါ်ထားတဲ့သံယောဇဉ်ဟာအမြဲကြီးမားတတ်ကြပါတယ်။ တစ်ယောက်ယောက်ပေါ် အယုံလွယ်တာလည်း စိတ်ခံစားလွယ်သူတွေပါပဲ။သူများအတွက် ဘာမှသိပ်မဟုတ်တဲ့ ကိစ္စ တစ်ခုဟာ သူတို့အတွက်သိပ်ကို သနားစရာကောင်းနေတတ်တာမျိုးလည်းရှိတတ်ကြပါတယ်။ ဒီလို သနားစိတ်အယုံလွယ်တဲ့စိတ်တွေကြောင့်ပဲ တစ်ခါတစ်ခါ လူတွေရဲ့လှည့်ဖြားခြင်းကို ခံကြရတာပါ။
တကယ်တော့ စိတ်ခံစားလွယ်သူတွေဆိုတာ လူပျော့လူညံ့တွေမဟုတ်ပါဘူး။ စိတ်ဓာတ်ကောင်းမွန်ခြင်း တစ်ဖက်စွန်းရောက်နေကြတဲ့လူတွေမို့ သူတို့ရဲ့အပြုမူလေးတွေကိုနားလည်နိုင်ကြပါစေလို့ဆုတောင်းရင်း…

362 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.