အထီးက်န္ျခင္းကိုေ၀းေ၀းေရွာင္ရေအာင္

လူတစ္ေယာက္အတြက္အထီးက်န္ျခင္းဆိုတာ သိပ္ကို ေျကာက္စရာေကာင္းမုန္းတီးစရာေကာင္းတဲ႔ခံစားခ်က္တစ္ခုပါ။ အထီးက်န္ေနတယ္လို႕ကိုယ္႔ကိုယ္ကိုယ္ မသိပဲ ခံစားေနရတဲ႔သူေတြဆိုပိုလို႕ေတာင္ဆိုးပါေသးတယ္။ ကိုယ္ယံုျကည္ရတဲ႔သူတစ္ေယာက္ (သို႕)ကိုယ္သိပ္ခ်စ္ခဲ႔ရတဲ႔
သူတစ္ေယာက္၊ ဒါမွမဟုတ္ကိုယ္နားက ဘယ္ေတာ႔မွမခြာဘူးလုိ႕ထင္ထားတဲ႔လူေတြဆီကေန ဥေပကၡာေတြ ရက္စက္မႈေတြကို ရတဲ႔အခါ လူတစ္ေယာက္ဟာ စိတ္ဒဏ္ရာအျပည္႔နဲ႕အထီးက်န္ျခင္းကိုစတင္ခံစားရမွာပါ။ ဆုိေတာ႔ကိုယ္႔ရဲ႕အထီးက်န္ျခင္းေတြကို အတတ္နို္င္ဆံုးဘယ္လိုေျဖေဖ်ာက္မလဲဆုိတာ…
(၁) ကိုယ္႔ကို အထီးက်န္ေစတဲ႔အရာေတြနဲ႕ေ၀းေ၀းမွာေနပါ
တစ္ခါတေလ မရည္ရြယ္ပဲနဲ႕ကိုယ္႔ပတ္၀န္းက်င္ အသိုင္းအ၀ိုင္းေျကာင္႔ ကိုယ္႔ ရဲ႕အထီးက်န္ဆန္မႈ ဟာပိုျပီး ျကီးမားေစတတ္ပါတယ္။ ဥပမာေျပာရရင္သူငယ္ခ်င္းအေပါင္းသင္းေတြ ရဲ႕ခ်စ္သူရည္းစားေတြနဲ႕ျကည္နူးေနတာကို ျမင္ရတဲ႔အခါမနာလိုစိတ္မဟုတ္ပဲသတိရစိတ္ေတြ လြမ္ဆြတ္စိတ္ေတြဘာညာ ၀င္လာတတ္တာေျကာင္႔ ကိုယ္ဟာ အသည္းကြဲလို႕အထီးက်န္ဆန္ေနတဲ႔သူဆိုရင္ အတြဲေတြျကား တစ္တြဲတြဲ မေနပါနဲ႕။ ကိုယ္႔စိတ္ကိုျပန္ျပီး တည္ေဆာက္ရအံုးမွာမလို႕ကိုယ္႔စိတ္ကို အထီးက်န္ေစတဲ႔အရာေတြရဲ႕အေ၀းမွာေနထိုင္ပါ။
(၂) အရင္ကမလုပ္ဖူးတဲ႔ အရာေတြလုပ္ျကည္႔ပါ
အရင္ကမလုပ္ဖူးတဲ႔ လုပ္ဖုိ႕သင္႔ေတာ္တဲ႔အရာေတြကိုလုပ္ျကည္႔ပါ။ အရင္ကျဖတ္သန္းခဲ႔တဲ႔ ဘ၀ပံုစံတိုင္းတစ္သတ္မတ္တည္းျကီး မသြားပဲအသစ္အဆန္းေနထိုင္မႈပံုစံေလးေတြေျပာင္းလဲေနျကည္႔ပါ။ ဒါဟာ အထီးက်န္ျခင္းကို ၃၀ %ေလာက္သက္သာေလ်ာ႔က်ေစပါတယ္။
(၃) ပစၥည္း အသစ္လူအသစ္ေတြနဲ႕ထိေတြ႕႔ပါ
အရင္ကေပါင္းခဲ႔တဲ႔သူေတြကို ပစ္ခိုင္းတာမဟုတ္ပါဘူး။ အရင္ကလူေတြကိုျမင္တဲ႔အခါ အရင္အေျကာင္းေတြကို စိတ္ထဲေပၚလာေစတာမလို႕ ခဏေလာက္ေ၀းေ၀းမွာေနျပီးစိတ္သစ္ကိုယ္သစ္ နဲ႕ပစၥည္းအသစ္ေတြကို တတ္နိုင္သမ်ွထိေတြ႕အသံုးျပဳပါ။ ကိုယ္႔အတြက္မထိခိုက္နိုင္တဲ႔လူသစ္ေတြနဲ႕ မိတ္ဖြဲ႕ေပါင္းသင္းျပီးကိုယ္မသိေသးတဲ႔အသစ္ေတြကိုေလ႔လာသင္ယူပါ။
(၄) တစ္ေယာက္တည္းေနေပ်ာ္ေအာင္ျကိုးစားပါ
တစ္ေယာက္ေယာက္ကိုယ္႔ဘ၀ထဲမွာမရွိရင္မျဖစ္ဘူး ဆိုတဲ႔စိတ္ကိုေဖာက္ထုတ္လုိက္ပါ။ တစ္စံုတစ္ေယာက္ဟာ ကိုယ္႔ဘ၀ထဲမွာရွိေနသည္ျဖစ္ေစ မရွိေတာ႔သည္ျဖစ္ေစ ကိုယ္
တစ္ေယာက္တည္းရွင္သန္ရလည္း ဘ၀ျကီးဟာ ေက်နပ္စရာေကာင္းေအာင္ အဓိပၸါယ္ရွိေအာင္ျကိုးစားေနထိုင္ပါ။ အားေနရင္ အေတြးထဲ၀င္မိနိုင္တာေျကာင္႔ အားေနတဲ႔အခ်ိန္ရယ္ မရွိေအာင္ကိုယ္႔စိတ္ကိုေရာ လူကိုပါ တစ္ခုခုထဲကို စိတ္နွစ္သြင္းထားပါ။
(၅) ကိုယ္ရည္ေသြးေပးပါ
ကိုယ္႔ဘာလုပ္လုပ္ေကာင္းတယ္လို႕ကိုယ္႔ကိုယ္ကိုယ္ေတြးပါ။ ပိုျပီးျကည္႔ေကာင္းေအာင္ေနပါ။ ပိုျပီး လူ၀င္ဆန္႕ေအာင္ေနပါ။ ကိုယ္႔ကိုယ္ကိုယ္ ေတာ္ရံုတန္ရံုနဲ႕ ေပ်ာ႕ျကတတ္တဲ႕သူမ်ိဳး မဟုတ္ဘူး ဆုိတဲ႔စိတ္မ်ိဳးထားျပီး အရည္အခ်င္းေရာစိတ္ဓာတ္ေရာ လူကိုယ္တိုင္ပါ ကိုယ္ရည္ေသြးျပီး
ေနထုိင္ပါ။ ဒါဟာ စိတ္ဓာတ္က်ျပီး းအထီးက်န္ဆန္ေနတဲ႔ကိုယ္႔စိတ္ကိုအနည္းငယ္ဖံုးလႊမ္းသြားေစနိုင္ပါတယ္…
ဆုိေတာ႔ စိတ္ေရာဂါတစ္ခုလို႕ေျပာလို႕ရျပီလူတစ္ေယာက္ရဲ႕အတြင္းစိတ္ကို ခ်ိဳးနင္းသတ္ျပစ္ေနတဲ႔ အထီးက်န္ျခင္းဆိုတဲ႔ခံစားခ်က္ျကီးကိုေလ်ာ႕က်နိင္ေအာင္ အေပၚကအခ်က္တစ္ခ်ိဳ႕နဲ႕တတ္နိုင္သေလာက္ျကိုးစားနိုင္ျကပါေစလို႕ဆုေတာင္းရင္း…

Unicode

လူတစ်ယောက်အတွက်အထီးကျန်ခြင်းဆိုတာ သိပ်ကို ကြောက်စရာကောင်းမုန်းတီးစရာကောင်းတဲ့ခံစားချက်တစ်ခုပါ။ အထီးကျန်နေတယ်လို့ကိုယ့်ကိုယ်ကိုယ် မသိပဲ ခံစားနေရတဲ့သူတွေဆိုပိုလို့တောင်ဆိုးပါသေးတယ်။ ကိုယ်ယုံကြည်ရတဲ့သူတစ်ယောက် (သို့)ကိုယ်သိပ်ချစ်ခဲ့ရတဲ့
သူတစ်ယောက်၊ ဒါမှမဟုတ်ကိုယ်နားက ဘယ်တော့မှမခွာဘူးလို့ထင်ထားတဲ့လူတွေဆီကနေ ဥပေက္ခာတွေ ရက်စက်မှုတွေကို ရတဲ့အခါ လူတစ်ယောက်ဟာ စိတ်ဒဏ်ရာအပြည့်နဲ့အထီးကျန်ခြင်းကိုစတင်ခံစားရမှာပါ။ ဆိုတော့ကိုယ့်ရဲ့အထီးကျန်ခြင်းတွေကို အတတ်နို်င်ဆုံးဘယ်လိုဖြေဖျောက်မလဲဆိုတာ…
(၁) ကိုယ့်ကို အထီးကျန်စေတဲ့အရာတွေနဲ့ဝေးဝေးမှာနေပါ
တစ်ခါတလေ မရည်ရွယ်ပဲနဲ့ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းကြောင့် ကိုယ့် ရဲ့အထီးကျန်ဆန်မှု ဟာပိုပြီး ကြီးမားစေတတ်ပါတယ်။ ဥပမာပြောရရင်သူငယ်ချင်းအပေါင်းသင်းတွေ ရဲ့ချစ်သူရည်းစားတွေနဲ့ကြည်နူးနေတာကို မြင်ရတဲ့အခါမနာလိုစိတ်မဟုတ်ပဲသတိရစိတ်တွေ လွမ်ဆွတ်စိတ်တွေဘာညာ ဝင်လာတတ်တာကြောင့် ကိုယ်ဟာ အသည်းကွဲလို့အထီးကျန်ဆန်နေတဲ့သူဆိုရင် အတွဲတွေကြား တစ်တွဲတွဲ မနေပါနဲ့။ ကိုယ့်စိတ်ကိုပြန်ပြီး တည်ဆောက်ရအုံးမှာမလို့ကိုယ့်စိတ်ကို အထီးကျန်စေတဲ့အရာတွေရဲ့အဝေးမှာနေထိုင်ပါ။
(၂) အရင်ကမလုပ်ဖူးတဲ့ အရာတွေလုပ်ကြည့်ပါ
အရင်ကမလုပ်ဖူးတဲ့ လုပ်ဖို့သင့်တော်တဲ့အရာတွေကိုလုပ်ကြည့်ပါ။ အရင်ကဖြတ်သန်းခဲ့တဲ့ ဘဝပုံစံတိုင်းတစ်သတ်မတ်တည်းကြီး မသွားပဲအသစ်အဆန်းနေထိုင်မှုပုံစံလေးတွေပြောင်းလဲနေကြည့်ပါ။ ဒါဟာ အထီးကျန်ခြင်းကို ၃၀ %လောက်သက်သာလျော့ကျစေပါတယ်။
(၃) ပစ္စည်း အသစ်လူအသစ်တွေနဲ့ထိတွေ့့ပါ
အရင်ကပေါင်းခဲ့တဲ့သူတွေကို ပစ်ခိုင်းတာမဟုတ်ပါဘူး။ အရင်ကလူတွေကိုမြင်တဲ့အခါ အရင်အကြောင်းတွေကို စိတ်ထဲပေါ်လာစေတာမလို့ ခဏလောက်ဝေးဝေးမှာနေပြီးစိတ်သစ်ကိုယ်သစ် နဲ့ပစ္စည်းအသစ်တွေကို တတ်နိုင်သမျှထိတွေ့အသုံးပြုပါ။ ကိုယ့်အတွက်မထိခိုက်နိုင်တဲ့လူသစ်တွေနဲ့ မိတ်ဖွဲ့ပေါင်းသင်းပြီးကိုယ်မသိသေးတဲ့အသစ်တွေကိုလေ့လာသင်ယူပါ။
(၄) တစ်ယောက်တည်းနေပျော်အောင်ကြိုးစားပါ
တစ်ယောက်ယောက်ကိုယ့်ဘဝထဲမှာမရှိရင်မဖြစ်ဘူး ဆိုတဲ့စိတ်ကိုဖောက်ထုတ်လိုက်ပါ။ တစ်စုံတစ်ယောက်ဟာ ကိုယ့်ဘဝထဲမှာရှိနေသည်ဖြစ်စေ မရှိတော့သည်ဖြစ်စေ ကိုယ်
တစ်ယောက်တည်းရှင်သန်ရလည်း ဘဝကြီးဟာ ကျေနပ်စရာကောင်းအောင် အဓိပ္ပါယ်ရှိအောင်ကြိုးစားနေထိုင်ပါ။ အားနေရင် အတွေးထဲဝင်မိနိုင်တာကြောင့် အားနေတဲ့အချိန်ရယ် မရှိအောင်ကိုယ့်စိတ်ကိုရော လူကိုပါ တစ်ခုခုထဲကို စိတ်နှစ်သွင်းထားပါ။
(၅) ကိုယ်ရည်သွေးပေးပါ
ကိုယ့်ဘာလုပ်လုပ်ကောင်းတယ်လို့ကိုယ့်ကိုယ်ကိုယ်တွေးပါ။ ပိုပြီးကြည့်ကောင်းအောင်နေပါ။ ပိုပြီး လူဝင်ဆန့်အောင်နေပါ။ ကိုယ့်ကိုယ်ကိုယ် တော်ရုံတန်ရုံနဲ့ ပျော့ကြတတ်တဲ့သူမျိုး မဟုတ်ဘူး ဆိုတဲ့စိတ်မျိုးထားပြီး အရည်အချင်းရောစိတ်ဓာတ်ရော လူကိုယ်တိုင်ပါ ကိုယ်ရည်သွေးပြီး
နေထိုင်ပါ။ ဒါဟာ စိတ်ဓာတ်ကျပြီး းအထီးကျန်ဆန်နေတဲ့ကိုယ့်စိတ်ကိုအနည်းငယ်ဖုံးလွှမ်းသွားစေနိုင်ပါတယ်…
ဆိုတော့ စိတ်ရောဂါတစ်ခုလို့ပြောလို့ရပြီလူတစ်ယောက်ရဲ့အတွင်းစိတ်ကို ချိုးနင်းသတ်ပြစ်နေတဲ့ အထီးကျန်ခြင်းဆိုတဲ့ခံစားချက်ကြီးကိုလျော့ကျနိင်အောင် အပေါ်ကအချက်တစ်ချို့နဲ့တတ်နိုင်သလောက်ကြိုးစားနိုင်ကြပါစေလို့ဆုတောင်းရင်း…

189 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.