ပရိသတ္အေယာက္ ၁၀၀၀ အတြက္ ေဒၚလာ ၁၀၀၀၀ ဖိုး အားကစားပြဲလက္မွတ္ေတြ၀ယ္ယူခဲ႔တဲ႔ Lee Dong Wook

မၾကာေသးခင္ကမွ မင္းသမီးအဆိုေတာ္ Suzy နဲ႔ ဒိတ္သတင္းထြက္ခဲ႔တဲ႔ မင္းသားေခ်ာ Lee Dong Wook ဟာ ၂၀၁၈ ခုႏွစ္ Pyeongchang Paralympicsအားကစားပြဲေတာ္ ကုိသြားၾကည့္ခဲ႔တယ္ လို႔သိရပါတယ္။သူတစ္ေယာက္တည္းတင္မဟုတ္ပါဘူး။ သူ႔ရဲ ႔Fan Club ထဲက ပရိသတ္အေယာက္ ၁၀၀၀ အတြက္ေဒၚလာ ၁၀၀၀၀ ဖိုးထိုင္ခံုလက္မွတ္ေတြ၀ယ္ယူကာ ဖိတ္ေခၚခဲ႔တယ္လို႔ ကုိရီးယားမီဒီယာတစ္ခုကေန ေဖာ္ျပခဲ႔ပါတယ္။

Czech vs Japan ေရခဲျပင္အားကစားျပိဳင္ပြဲကုိ ပရိသတ္အေယာက္ ၁၀၀၀ နဲ႔ အတူၾကည့္ခဲ႔တာ ျဖစ္ပါတယ္။ေဒၚလာ ၁၀၀၀၀ ဖိုးလက္မွတ္၀ယ္ယူခဲ႔တာျဖစ္လို႔ ပရိသတ္ေတြအားလံုး ထုိင္ခံုကုိယ္စီနဲ႔ေအးေအးေဆးေဆးၾကည့္ရႈႏုိင္ခဲ႔ၾကပါတယ္။မင္းသား Lee Dong Wook ဟာ 2018 Pyeongchang Paralympics ပြဲေတာ္ရဲ ႔Honorary Ambassador တစ္ေယာက္လည္းျဖစ္တယ္လို႔သိရပါတယ္။

ဒါ့အျပင္ အဲ႔ဒီမွာပဲ မင္းသားဟာ “GO PyeongChang 2018 with Lee Dong Wook” ဆုိတဲ႔ပရိသတ္ေတြ႔ဆံုပြဲကုိလည္း က်င္းပခဲ႔ပါေသးတယ္။အားကစားပြဲေတာ္ကုိ ၾကည့္ရႈသူမ်ားျပားလာဖို႔အတြက္လညး္ရည္ရြယ္ျပီး ပရိသတ္ေတြ႔ဆံုပြဲကို အားကစားပြဲေတာ္က်င္းပရာ Gangwon ျပည္နယ္မွာလုပ္ခဲ႔တာျဖစ္ပါတယ္။ အဲ႔ဒီပြဲမွာတျခားအႏုပညာရွင္ေတြမ်ားစြာလည္းပါ၀င္ခဲ႔ၾကျပီး B1A4 ၊ BTOB နဲ႔ GIRLKIND အဖြဲ႔တို႔ကလည္း ပါ၀င္ေဖ်ာ္ေျဖေပးခဲ႔ၾကတယ္လုိ႔သိရပါတယ္။ေဒသခံေတြသာမက
ႏုိင္ငံရပ္ျခားက ပရိသတ္ေတြကပါ အဲ႔ဒီပြဲကုိပါ၀င္တက္ေရာက္ကာ အားကစားပြဲေတာ္ကုိ မင္းသားနဲ႔အတူ ၾကည့္ရႈခဲ႔ၾကတာပဲျဖစ္ပါတယ္။

Unicode

မကြာသေးခင်ကမှ မင်းသမီးအဆိုတော် Suzy နဲ့ ဒိတ်သတင်းထွက်ခဲ့တဲ့ မင်းသားချော Lee Dong Wook ဟာ ၂၀၁၈ ခုနှစ် Pyeongchang Paralympicsအားကစားပွဲတော် ကိုသွားကြည့်ခဲ့တယ် လို့သိရပါတယ်။သူတစ်ယောက်တည်းတင်မဟုတ်ပါဘူး။ သူ့ရဲ ့Fan Club ထဲက ပရိသတ်အယောက် ၁၀၀၀ အတွက်ဒေါ်လာ ၁၀၀၀၀ ဖိုးထိုင်ခုံလက်မှတ်တွေဝယ်ယူကာ ဖိတ်ခေါ်ခဲ့တယ်လို့ ကိုရီးယားမီဒီယာတစ်ခုကနေ ဖော်ပြခဲ့ပါတယ်။

Czech vs Japan ရေခဲပြင်အားကစားပြိုင်ပွဲကို ပရိသတ်အယောက် ၁၀၀၀ နဲ့ အတူကြည့်ခဲ့တာ ဖြစ်ပါတယ်။ဒေါ်လာ ၁၀၀၀၀ ဖိုးလက်မှတ်ဝယ်ယူခဲ့တာဖြစ်လို့ ပရိသတ်တွေအားလုံး ထိုင်ခုံကိုယ်စီနဲ့အေးအေးဆေးဆေးကြည့်ရှုနိုင်ခဲ့ကြပါတယ်။မင်းသား Lee Dong Wook ဟာ 2018 Pyeongchang Paralympics ပွဲတော်ရဲ ့Honorary Ambassador တစ်ယောက်လည်းဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် အဲ့ဒီမှာပဲ မင်းသားဟာ “GO PyeongChang 2018 with Lee Dong Wook” ဆိုတဲ့ပရိသတ်တွေ့ဆုံပွဲကိုလည်း ကျင်းပခဲ့ပါသေးတယ်။အားကစားပွဲတော်ကို ကြည့်ရှုသူများပြားလာဖို့အတွက်လညး်ရည်ရွယ်ပြီး ပရိသတ်တွေ့ဆုံပွဲကို အားကစားပွဲတော်ကျင်းပရာ Gangwon ပြည်နယ်မှာလုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီပွဲမှာတခြားအနုပညာရှင်တွေများစွာလည်းပါဝင်ခဲ့ကြပြီး B1A4 ၊ BTOB နဲ့ GIRLKIND အဖွဲ့တို့ကလည်း ပါဝင်ဖျော်ဖြေပေးခဲ့ကြတယ်လို့သိရပါတယ်။ဒေသခံတွေသာမက
နိုင်ငံရပ်ခြားက ပရိသတ်တွေကပါ အဲ့ဒီပွဲကိုပါဝင်တက်ရောက်ကာ အားကစားပွဲတော်ကို မင်းသားနဲ့အတူ ကြည့်ရှုခဲ့ကြတာပဲဖြစ်ပါတယ်။

174 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.