ကိုယ့်ချစ်သူက ကိုယ့်ကို ချစ်တာလား ကြိုက်တာလား ကွဲကွဲပြားပြားသိဖို့

Zawgyi Format

ချစ်တယ်ဆိုတာက တစ်ဖက်လူကဘယ်လိုပဲဖြစ်နေနေချစ်နေတာပဲဖြစ်ပြီး ကြိုက်တာကတော့ သူ့မှာကိုယ်ကြိုက်တဲ့အချက်ကလေးတွေရှိနေလို့ ကြိုက်တာပါ။ ဥပမာ .. သူရယ်တာလေးကိုကြွေမိတာလား။သူက စိတ်ထားကောင်းပြီးနူးညံ့လို့ ကြိုက်မိတာလား စသဖြင့်ပေါ့။ ဒါပေမယ့် အချစ်ကတော့ ကွဲပြားခြားနားတဲ့ခေါင်းစဉ်တစ်ခုပါ။ သူ့ကိုကြည့်လို့လည်းမရဘူး အကြောင်းလည်းသိတယ်၊အမြင်လည်းကပ်တယ်၊ဒါပေမယ့် မချစ်ပဲနဲ့ကိုမနေနိုင်တာ။ဒါက အချစ်ပါ။ ချစ်တာနဲ့ကြိုက်တာနဲ့ကို မကွဲပြားတဲ့အခါ တစ်ဖက်က ချစ်နေတာဖြစ်ပြီး တစ်ဖက်ကတော့ ကြိုက်တာကိုပဲအချစ်လို့ထင်နေတာဆိုရင်တော့ အဲဒီ့အချစ်ဇာတ်လမ်းဟာ နာကျင်စရာတွေနဲ့ပဲအဆုံးသတ်သွားမှာပါ။ကိုယ့်ချစ်သူကကိုယ့်ကိုချစ်တာလား ကြိုက်တာလားဆိုတာ သိဖို့ ဒီိအချက်လေးတွေနဲ့ချိန်ထိုးကြည့်လို့ရပါတယ်။

 

အကာအကွယ်ပေးမှု

ကိုယ်ချစ်တဲ့လူကိုအကာအကွယ်ပေးချင်ကြတာ လူတိုင်းရဲ့အခြေခံသဘောတရားပါ။ဒါပေမယ့် ကြိုက်တဲ့သူဆိုရင်တော့ တစ်မျိုးတစ်ဘာသာကွဲပြားပါတယ်။ ကိုယ်ချစ်တဲ့သူကိုတော့ အလကားနေရင်း ကားလမ်းကူးတာလေးကအစ လက်လေးကိုင်ပြီး တယုတယရှိတတ်ကြပေမယ့် ကြိုက်ရုံကြိုက်တာဆိုရင် သူများနောက်ပါသွားမှာစိုးလို့သဝန်တိုတာလောက်ကလွဲပြီးအထူးတလည်ဂရုတစိုက်ရှိမှာမဟုတ်ပါဘူး။

 

အာရုံစိုက်မှု

သင်ဟိုးအရင်တုန်းကပြောလိုက်တဲ့စကားတစ်ခွန်းကိုသူကခုထိ အမှတ်တရရှိနေသေးတယ်ဆိုရင်တော့ သူက သင့်ကိုချစ်တာပါ။ ဒီလိုမဟုတ်ပဲ Anniversary Date တွေတောင်သိပ်မမှတ်မိချင်ဘူးဆိုရင်တော့ ကြိုက်ရုံကြိုက်တာပါ။ သင်စကားပြောနေချိန်မှာအာရုံစိုက်နားထောင်ပေးနေတဲ့သူက သင့်ကိုချစ်တာဖြစ်ပြီး စကားများလိုက်တာလို့ ညည်းညူသလိုစနောက်သလိုပြောလာရင်တော့ သင့်ရဲ့စကားများတဲ့အကျင့်ဟာ သင့်ကိုသူကြိုက်နှစ်သက်တဲ့အချက်တွေကိုချေဖျက်ပစ်နေပြီဆိုတဲ့သဘောပါ။

 

အလိုလိုက်မှု

သင့်ကိုချစ်တဲ့သူက သင်ဘာကိုပဲလိုချင်ချင်ဖြစ်ချင်ချင်နည်းနည်းလေးမှ မငြိုငြင်ပဲ အလိုလိုက်လေ့ရှိပါတယ်။အဲ့ဒီ့အလိုလိုက်မှုတွေဟာလည်း ချစ်သူဖြစ်ကာစခဏတာအတွက်မဟုတ်ပဲ အချိန်တွေအကြာကြီး တည်ရှိနေမှာပါ။ အဲ…ချစ်တာမဟုတ်ဘူးကြိုက်တာဆိုရင်တော့ သူသင့်ကိုလိုအပ်တဲ့အချိန်လောက်ကလွဲပြီး သိပ်ပြီးအာရုံစိုက်မှာမဟုတ်တဲ့အတွက် အလိုလိုက်ဖို့ဆိုတာကတော့ အဝေးကြီးပါ။ဒါပေမယ့် ဒီလိုလူမျိုးတွေက သင့်ကိုရိုးသွားရင်တောင် သူများလက်ထဲတော့မပေးလိုက်ချင်တဲ့အတွက်သင်ကလမ်းခွဲမယ်ပြောလိုက်သူတို့ကသေအောင်ချေစ်ပြလိုက်အသည်းအသန်တွေဂရုစိုက်ပြလိုက်နဲ့ အလုပ်ထွက်မယ်ပြောမှ လစာတိုးပေးတဲ့ company သူဌေးတွေလိုလုပ်လေ့ရှိကြပါတယ်။

 

ပြုပြင်ဆုံးမတာ

ဒါကတော့ ကိုယ့်ထက်အသက်ကြီးတဲ့ချစ်သူတွေကိုပိုင်ဆိုင်ထားသူတွေအတွက်ပါ။ ပဲ့ပြင်ဆုံးမတာနဲ့ ဆရာကြီးလုပ်တာပုံစံသွင်းတာနဲ့ကတော်တော်လေးကိုကွာပါတယ်။ သူတို့က သင်သူတို့ကိုသံယောဇဉ်တွယ်အောင်အရင်ကြိုးစားလေ့ရှိကြပြီး သံယောဇဉ်တအားတွယ်နေပြီဆိုကာမှ သူတို့လိုချင်တဲ့ပုံစံရအောင်လုပ်ယူလေ့ရှိကြပါတယ်။ပဲ့ပြင်ဆုံးမတတ်သူတွေက သင့်ကိုအကျိုးအကြောင်းအဆိုးအကောင်းသေချာအေးအေးလူလူရှင်းပြမယ်၊ဒါပေမယ့် သင်လုပ်ချင်တာကိုလုပ်ခွင့်ပေးဖို့အမြဲတမ်းလမ်းဖွင့်ထားပေးမယ်၊သင့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုလေးစားမယ်။ဒီလိုလူမျိုးတွေကသင့်ကိုတကယ်ချစ်တာပါ။ သင့်ကိုတစ်ခုခုဆိုအပြစ်ပြောမယ်၊သူ့စိတ်ကြိုက်ပုံစံကိုပြောပြပြီး ပြင်ခိုင်းမယ်၊မပြင်ရင်တော့လမ်းခွဲကြရုံပဲလို့ပြောမယ်၊ချော့တစ်ခါချောက်တစ်လှည့်နဲ့ပုံစံသွင်းယူမယ်။သူတို့ကတော့ သင့်ကိုအရုပ်တစ်ရုပ်လိုသဘောထားသူပါ။ကြိုက်ရဲ့လားဆိုတာတောင်မသေချာပါဘူး။

 

ဒီအချက်လေးတွေနဲ့ကိုက်ပြီး သင့်ချစ်သူကသင့်ကိုတကယ်ချစ်တာလား ကြိုက်ရုံပဲကြိုက်တာလားဆိုတာ ချိန်ထိုးကြည့်နိုင်ပါတယ်။ကြိုက်ရုံပဲကြိုက်တာဆိုရင်လည်း စိတ်တော့မပျက်လိုက်ပါနဲ့၊အကြိုက်ကနေအချစ်အဖြစ်ကူးပြောင်းဖို့အတွက်ဖြစ်နိုင်ချေတွေအများကြီးရှိတာကြောင့်ပါ။ ဘယ်လိုမှသဘောမထားတာထက်စာရင်တော့ ကြိုက်တာကတော်သေးတာပေါ့နော်။

 

Unicode Format

 


 



 



 



 



 


4K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.