သင့္အေနနဲ႔ ကယ္လ္ဆီယမ္ပါဝင္တဲ့ အစားအေသာက္ေတြကုိ စားေသာက္ေပမယ့္ သင့္ခႏၶာကုိယ္က အေဖာ္ျဖစ္တဲ့ ဗီတာမင္ ဒီ မရွိရင္ ထင္သေလာက္ထိေရာက္မႈ မရွိႏုိင္ဘူးလုိ႔ အေမရိကန္သုေတသနတစ္ခုက ဆုိပါတယ္။
အရြယ္ေရာက္ၿပီးလူေတြဟာ တစ္ရက္ကုိ အနည္းဆံုး ကယ္လ္ဆီယမ္ ၁၀၀၀ မီလီဂရမ္လုိအပ္ၿပီး ေထာက္ခံခ်က္ေတြအရ ဗီတာမင္ဒီကို တစ္ရက္မွာ 600 IUs ကေန 4000 IUs အထိလုိအပ္တယ္လုိ႔ သိရပါတယ္။
ဒါေၾကာင့္ ဒီႏွစ္မ်ိဳးလုံးကုိ ရရွိႏုိင္ဖုိ႔ အစားအေသာက္ေတြကုိ Diet အေနနဲ႔ စားေသာက္ဖုိ႔လုိၿပီး ဒီအခ်က္ဟာဆုိရင္ သင္ဝိတ္က်ေစႏုိင္ဖုိ႔ လုိအပ္တဲ့ ကယ္လိုရီအတြက္ အပုိအျဖစ္နဲ႔ ကူညီေပးမွာပါ။ ဒီလုိအစားအစာေတြထဲမွာ ဆယ္လ္မြန္၊ ဆာဒင္းနဲ႔ တူနာလုိ ငါးေတြဟာ ကယ္လ္ဆီယမ္ေရာ၊ ဗီတာမင္ဒီပါ ၾကြယ္ဝမွာပါ။
အျခားကယ္လ္ဆီယမ္ျမွင့္မားတဲ့ အစားအစာေတြအျဖစ္ ဒိန္ခ်ဥ္၊ ပန္းပြင့္စိမ္း၊ ကိုက္လန္နဲ႔ အျခား အစိမ္းေရာင္ ဟင္းသီးဟင္းရြက္ေတြပါဝင္ပါတယ္။ သင့္ခႏၶာကုိယ္ဟာ ေနေရာင္ျခည္ကေန ဗီတာမင္ဒီ ကုိရယူႏုိင္ၿပီး အေရျပားကင္ဆာကေန ကာကြယ္ႏုိင္မွာပါ။ဒါေၾကာင့္ သင့္အေနနဲ႔ ကယ္လ္ဆီယမ္ဓာတ္ ပိုမုိၾကြယ္ဝႏုိင္ဖုိ႔ ဗီတာမင္ဒီကုိပါ တြဲဖက္မွီဝဲဖုိ႔ အၾကံျပဳလုိက္ရပါတယ္။
Ref: UPI
Unicode
သင့်အနေနဲ့ ကယ်လ်ဆီယမ်ပါဝင်တဲ့ အစားအသောက်တွေကို စားသောက်ပေမယ့် သင့်ခန္ဓာကိုယ်က အဖော်ဖြစ်တဲ့ ဗီတာမင် ဒီ မရှိရင် ထင်သလောက်ထိရောက်မှု မရှိနိုင်ဘူးလို့ အမေရိကန်သုတေသနတစ်ခုက ဆိုပါတယ်။
အရွယ်ရောက်ပြီးလူတွေဟာ တစ်ရက်ကို အနည်းဆုံး ကယ်လ်ဆီယမ် ၁၀၀၀ မီလီဂရမ်လိုအပ်ပြီး ထောက်ခံချက်တွေအရ ဗီတာမင်ဒီကို တစ်ရက်မှာ 600 IUs ကနေ 4000 IUs အထိလိုအပ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ဒီနှစ်မျိုးလုံးကို ရရှိနိုင်ဖို့ အစားအသောက်တွေကို Diet အနေနဲ့ စားသောက်ဖို့လိုပြီး ဒီအချက်ဟာဆိုရင် သင်ဝိတ်ကျစေနိုင်ဖို့ လိုအပ်တဲ့ ကယ်လိုရီအတွက် အပိုအဖြစ်နဲ့ ကူညီပေးမှာပါ။ ဒီလိုအစားအစာတွေထဲမှာ ဆယ်လ်မွန်၊ ဆာဒင်းနဲ့ တူနာလို ငါးတွေဟာ ကယ်လ်ဆီယမ်ရော၊ ဗီတာမင်ဒီပါ ကြွယ်ဝမှာပါ။
အခြားကယ်လ်ဆီယမ်မြှင့်မားတဲ့ အစားအစာတွေအဖြစ် ဒိန်ချဉ်၊ ပန်းပွင့်စိမ်း၊ ကိုက်လန်နဲ့ အခြား အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေပါဝင်ပါတယ်။ သင့်ခန္ဓာကိုယ်ဟာ နေရောင်ခြည်ကနေ ဗီတာမင်ဒီ ကိုရယူနိုင်ပြီး အရေပြားကင်ဆာကနေ ကာကွယ်နိုင်မှာပါ။ဒါကြောင့် သင့်အနေနဲ့ ကယ်လ်ဆီယမ်ဓာတ် ပိုမိုကြွယ်ဝနိုင်ဖို့ ဗီတာမင်ဒီကိုပါ တွဲဖက်မှီဝဲဖို့ အကြံပြုလိုက်ရပါတယ်။