Single ဘဝနဲ႔ဆိုရင္ သင္ဟာ ကိုယ့္ရဲ႕ေဘာ္ဒီဝိတ္ကိုထိန္းထားႏုိင္မယ္တဲ့ .. ေလ့လာမႈမ်ားအရ …
Relationship က အမွန္တကယ္ ဝိတ္တက္ေစႏုိင္ပါတယ္။ ၾသစေတးလ် Queensland တကၠသိုလ္မွ သုေတသီမ်ားရဲ႕လူေပါင္း ၁၅ဝဝဝနဲ႔ပတ္သတ္တဲ့၁ဝႏွစ္တာ အခ်က္လက္မ်ားအရ ေပ်ာ္ရႊင္ေနတဲ့ စံုတဲြအမ်ားစုဟာ single ေတြထက္ ပွ်မ္းမွ်၅.၈ ကီလိုဂရမ္ ဝိတ္တက္ႏုိင္တယ္လုိ႔သိရပါတယ္။လူတစ္ေယာက္ဟာ ပံုမွန္ဆို တစ္ႏွစ္ကို ဝိတ္က ၁.၈ ကီလိုဂရမ္သာတက္သင့္ေၾကာင္း ေဖာ္ျပထားပါတယ္။
တကယ္ခ်စ္ရတဲ့သူနဲ႔ ေတြ႔ဆံုတဲ့အခါ ေလ့က်င့္ခန္းပံုမွန္မလုပ္၊ Gym လည္းမသြားေတာ့တာဟာ အတူတူအိပ္ရမယ့္သူ႐ွိလာသလို၊ ေလ့က်င့္ခန္းထက္ ပိုေပ်ာ္စရာေကာင္းတဲ့အရာေတြ႐ွိလာလို႔ပါပဲ။ ကိုယ္တုိင္ေတာင္မသိလိုက္ခင္မွာပဲ… Boom! (၁ဝ)ေပါင္ေလာက္က တက္သြားပါျပီ။ ႐ွက္စရာေတာ့မဟုတ္ပါဘူး။ ခ်စ္ေနရလို႔ စိတ္ခ်မ္းသာတယ္။ စိတ္ခ်မ္းသာေတာ့ စားဝင္၊ အိပ္ေပ်ာ္တယ္။ ဒီေတာ့ ခႏၶာကိုယ္ဟာ က်န္းမာ ၀ျဖိဳးလာတယ္။ က်န္းမာေရးေကာင္းဖို႔ကအဓိကမလား။
Single ေတြနဲ႔ယွဥ္ရင္ ခ်စ္သူရည္စား႐ွိသူေတြက က်န္းမာတဲ့အမူက်င့္ေတြနဲ႔ ျပည့္စံုပါတယ္။ေယာက်္ားေလးေတြဆိုလည္း ေဆးလိပ္ေသာက္တာ ေလ်ာ့လာမယ္။ အျမန္ရအစားေသာက္ေတြ သိပ္မစားေတာ့ဘူး။ မိန္းကေလးေတြဆို သစ္သီးနဲ႔ အရြက္ေတြပိုစားလာမယ္။ စိတ္ခ်မ္းသာ ကိုယ္က်န္းမာနဲ႔ စားခ်င္တာ စားေနရတဲ့အတြက္ ဘဝၾကီးက relationship ေတြအတြက္ေတာ့ သာသာယာယာပါပဲ။
စိတ္ေက်နပ္မႈဟာလည္း ဝိတ္တက္ျခင္းနဲ႔ ဆက္စပ္မႈ႐ွိေနတယ္လို႔ Dallas မွ SouthernMethodist တကၠသိုလ္မွ သုေတသီ ေခါင္းေဆာင္ Andrea Meltzer က ဆိုပါတယ္။ ကိုယ္တဲြေနတဲ့လူနဲ႔ေနရတာ စိတ္ခ်မ္းသာေလ ဖက္တီးေလးျဖစ္လာေလပါပဲ။
တကယ္လို႔ စာဖတ္သူဟာ လက္႐ွိမွာ ခ်စ္သူ႐ွိေနျပီး ဝိတ္လည္းတက္လာေနျပီဆိုရင္ ဝမ္းမနည္းပါနဲ႔။ ဒီလကၡဏာက သင္ဟာ ေပ်ာ္ရႊင္ေနတဲ့လူသားတစ္ေယာက္ဆိုတာကိုျပလိုက္တာပါပဲ။
Unicode
Single ဘဝနဲ့ဆိုရင် သင်ဟာ ကိုယ့်ရဲ့ဘော်ဒီဝိတ်ကိုထိန်းထားနိုင်မယ်တဲ့ .. လေ့လာမှုများအရ …
Relationship က အမှန်တကယ် ဝိတ်တက်စေနိုင်ပါတယ်။ သြစတေးလျ Queensland တက္ကသိုလ်မှ သုတေသီများရဲ့လူပေါင်း ၁၅ဝဝဝနဲ့ပတ်သတ်တဲ့၁ဝနှစ်တာ အချက်လက်များအရ ပျော်ရွှင်နေတဲ့ စုံတွဲအများစုဟာ single တွေထက် ပျှမ်းမျှ၅.၈ ကီလိုဂရမ် ဝိတ်တက်နိုင်တယ်လို့သိရပါတယ်။လူတစ်ယောက်ဟာ ပုံမှန်ဆို တစ်နှစ်ကို ဝိတ်က ၁.၈ ကီလိုဂရမ်သာတက်သင့်ကြောင်း ဖော်ပြထားပါတယ်။
တကယ်ချစ်ရတဲ့သူနဲ့ တွေ့ဆုံတဲ့အခါ လေ့ကျင့်ခန်းပုံမှန်မလုပ်၊ Gym လည်းမသွားတော့တာဟာ အတူတူအိပ်ရမယ့်သူရှိလာသလို၊ လေ့ကျင့်ခန်းထက် ပိုပျော်စရာကောင်းတဲ့အရာတွေရှိလာလို့ပါပဲ။ ကိုယ်တိုင်တောင်မသိလိုက်ခင်မှာပဲ… Boom! (၁ဝ)ပေါင်လောက်က တက်သွားပါပြီ။ ရှက်စရာတော့မဟုတ်ပါဘူး။ ချစ်နေရလို့ စိတ်ချမ်းသာတယ်။ စိတ်ချမ်းသာတော့ စားဝင်၊ အိပ်ပျော်တယ်။ ဒီတော့ ခန္ဓာကိုယ်ဟာ ကျန်းမာ ဝဖြိုးလာတယ်။ ကျန်းမာရေးကောင်းဖို့ကအဓိကမလား။
Single တွေနဲ့ယှဉ်ရင် ချစ်သူရည်စားရှိသူတွေက ကျန်းမာတဲ့အမူကျင့်တွေနဲ့ ပြည့်စုံပါတယ်။ယောကျ်ားလေးတွေဆိုလည်း ဆေးလိပ်သောက်တာ လျော့လာမယ်။ အမြန်ရအစားသောက်တွေ သိပ်မစားတော့ဘူး။ မိန်းကလေးတွေဆို သစ်သီးနဲ့ အရွက်တွေပိုစားလာမယ်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ စားချင်တာ စားနေရတဲ့အတွက် ဘဝကြီးက relationship တွေအတွက်တော့ သာသာယာယာပါပဲ။
စိတ်ကျေနပ်မှုဟာလည်း ဝိတ်တက်ခြင်းနဲ့ ဆက်စပ်မှုရှိနေတယ်လို့ Dallas မှ SouthernMethodist တက္ကသိုလ်မှ သုတေသီ ခေါင်းဆောင် Andrea Meltzer က ဆိုပါတယ်။ ကိုယ်တွဲနေတဲ့လူနဲ့နေရတာ စိတ်ချမ်းသာလေ ဖက်တီးလေးဖြစ်လာလေပါပဲ။
တကယ်လို့ စာဖတ်သူဟာ လက်ရှိမှာ ချစ်သူရှိနေပြီး ဝိတ်လည်းတက်လာနေပြီဆိုရင် ဝမ်းမနည်းပါနဲ့။ ဒီလက္ခဏာက သင်ဟာ ပျော်ရွှင်နေတဲ့လူသားတစ်ယောက်ဆိုတာကိုပြလိုက်တာပါပဲ။