သန္႔စင္ခန္းထဲ ဖုန္းယူသြားျခင္းဟာ က်န္းမာေရးကုိဆုိးရြားစြာထိခိုက္ေစႏုိင္

သန္႔စင္ခန္းထဲ၀င္ေနခ်ိန္မွာ ဖုန္းကုိအျမဲယူသြားျပီးသံုးေလ့ရွိတယ္ဆိုတာ၀န္ခံလိုက္ပါ။အခုေတာင္ သင္က ဒီစာကုိ သန္႔စင္ခန္း၀င္ေနရင္းဖတ္တာျဖစ္ေကာင္း ျဖစ္ႏုိင္ပါတယ္။ ဒီလုိသန္႔စင္ခန္းထဲမွာဖုန္းသံုးတာက သင့္ကုိအပ်င္းေျပေစမလားဆုိတာမေသခ်ာေပမဲ႔ ေသခ်ာတာကေတာ့ သင့္ရဲ ႔က်န္းမာေရးကုိထိခိုက္ေနျပီဆုိတာပါပဲ။ အရင္တုန္းကေတာ့ သတင္းစာ၊စာအုပ္ေတြကုိယူသြားေလ့ရွိၾကေပမဲ႔ ဒီေန႔ေခတ္မွာေတာ့ ဖုန္းကေနရာတိုင္းကုိ အလြယ္တကူသယ္ေဆာင္လို႔ရေနတဲ႔အတြက္ သန္႔စင္ခန္း၀င္တဲ႔အခါမွာ သတင္းစာေတြအစား ဖုန္းယူသြားေလ့ရွိၾကပါတယ္။

အရီဇီုးနားျပည္နယ္တကၠသိုလ္တစ္ခုရဲ ႔ေလ့လာခ်က္ေတြအရ ဖုန္းေတြဟာ တျခားေနရာေတြထက္ သန္႔စင္ခန္းထဲယူသြားတဲ႔အခါမွာ သန္႔စင္ခန္းထုိင္ခံုေတြလိုပဲဘတ္တီးရီးယားေတြကုိ
၁၀ဆပုိမုိ သယ္ေဆာင္ထားႏုိင္ပါတယ္။ဒါ့အျပင္ သန္႔စင္ခန္းထုိင္ခံု၊တံခါးလက္ကုိင္ေတြမွာ ဘတ္တီးရီးယားေတြ၊ဗုိင္းရပ္စ္ပုိးေတြအမ်ားဆံုးရွိတတ္ပါတယ္။အမ်ားသံုးသန္႔စင္ခန္းေတြ
ဆုိရင္ပုိျပီးဆုိးပါတယ္။လူမ်ိဳးစံုသြားလာလႈပ္ရွားေနၾကတဲ႔အတြက္ ဖုန္းကုိလံုး၀ လံုး၀ အထဲကုိမယူသင့္ပါဘူး။

သန္႔စင္ခန္းထဲဖုန္းသံုးျပီးအိတ္ကပ္ထဲျပန္ထည့္တဲ့အခါ၊အျပင္မွာျပန္သံုးတဲ႔အခါ ဘတ္တီးရီးယားေတြက သင့္ရဲ ႔လက္ကေနတစ္ဆင့္ကူးစက္သြားတတ္ပါတယ္။
ပံုမွန္အားျဖင့္လူတစ္ေယာက္ဟာ တစ္ေန႔တည္းမွာတင္ ဖုန္းကုိ အၾကိမ္ေပါင္း ၂၆၀၀ ၾကိမ္္ ထိေတြ႔တယ္လို႔သိရပါတယ္။ အဲ႔ဒီဘတ္တီးရီးယားေတြကေန staph infection လို႔ေခၚတဲ႔ဘတ္တီးရီးယားကေနထုတ္တဲ့အဆိပ္ေၾကာင့္ဆိုးရြားတဲ႔အေရျပားေရာဂါ တစ္မ်ိဳးျဖစ္ေစပါတယ္။တျခားေသာကူးစက္ေရာဂါေတြကလည္း သန္႔စင္ခန္းထဲက ဘတ္တီးရီးယားေတြေၾကာင့္အမ်ားဆံုးျဖစ္ႏုိင္ပါတယ္။ရုတ္တရက္ ကုိယ္ခံအားနည္းျပီးေနမေကာင္းတာမ်ိဳး ၊ေအာ့အန္ခ်င္တာမ်ိဳး၊ေခါငး္ကုိက္တာ၊ အရိုးအဆစ္ေတြနာက်င္တာမ်ိဳးေတြလည္းျဖစ္ႏုိင္ပါတယ္။သန္႔စင္ခန္းထဲမွာ
ၾကာၾကာထုိင္ရင္ထုိင္သေလာက္ကုိ ဘတ္တီးရီးယားေတြက ဒုကၡေပးႏုိင္ပါတယ္။သန္႔စင္ခန္းထဲမွာ ဖုန္းကုိ တစ္နာရီေလာက္ထုိင္သံုးလိုက္တာေၾကာင့္ေအာက္ပုိင္းေသသြားတဲ႔သူေတြ ရွိတယ္လို႔ေတာင္ ေလ့လာခ်က္ေတြအရသိရပါတယ္။

သန္႔စင္ခန္းထဲမယူသြားရင္ေတာင္ သင့္ဖုန္းေတြ၊စက္ပစၥည္းေတြက ဘတ္တီးရီးယားေတြ ေနဖုိ႔ေပါက္ဖြားဖို႔အေကာင္းဆံုးေနရာေတြပါပဲ။သန္႔စင္ခန္းထဲယူသြားမိရင္ေတာ့ ကုိယ့္ကိုယ္ကုိယ္ ဒုကၡေပးလိုက္သလိုပါပဲ။အဲ႔ဒါေၾကာင့္သန္႔စင္ခန္းထဲဖုန္းယူသြားတတ္တဲ႔အက်င့္ရွိရင္ ဒီေန႔ကစျပီးေရွာင္သင့္ပါျပီ။ဖုန္းရဲ ႔မ်က္ႏွာျပင္ကုိလည္းဖုန္းသန္႔စင္ဖုိ႔ထုတ္လုပ္ေပးထားတဲ႔ အ၀တ္စေတြ၊သန္႔စင္ေရးပစၥည္းေတြနဲ႔ေန႔တိုင္း ဖုန္းကုိသန္႔စင္ေပးသင့္တယ္ လို႔အၾကံျပဳလိုက္ပါတယ္။

Unicode

သန့်စင်ခန်းထဲဝင်နေချိန်မှာ ဖုန်းကိုအမြဲယူသွားပြီးသုံးလေ့ရှိတယ်ဆိုတာဝန်ခံလိုက်ပါ။အခုတောင် သင်က ဒီစာကို သန့်စင်ခန်းဝင်နေရင်းဖတ်တာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒီလိုသန့်စင်ခန်းထဲမှာဖုန်းသုံးတာက သင့်ကိုအပျင်းပြေစေမလားဆိုတာမသေချာပေမဲ့ သေချာတာကတော့ သင့်ရဲ ့ကျန်းမာရေးကိုထိခိုက်နေပြီဆိုတာပါပဲ။ အရင်တုန်းကတော့ သတင်းစာ၊စာအုပ်တွေကိုယူသွားလေ့ရှိကြပေမဲ့ ဒီနေ့ခေတ်မှာတော့ ဖုန်းကနေရာတိုင်းကို အလွယ်တကူသယ်ဆောင်လို့ရနေတဲ့အတွက် သန့်စင်ခန်းဝင်တဲ့အခါမှာ သတင်းစာတွေအစား ဖုန်းယူသွားလေ့ရှိကြပါတယ်။

အရီဇီုးနားပြည်နယ်တက္ကသိုလ်တစ်ခုရဲ ့လေ့လာချက်တွေအရ ဖုန်းတွေဟာ တခြားနေရာတွေထက် သန့်စင်ခန်းထဲယူသွားတဲ့အခါမှာ သန့်စင်ခန်းထိုင်ခုံတွေလိုပဲဘတ်တီးရီးယားတွေကို
၁ဝဆပိုမို သယ်ဆောင်ထားနိုင်ပါတယ်။ဒါ့အပြင် သန့်စင်ခန်းထိုင်ခုံ၊တံခါးလက်ကိုင်တွေမှာ ဘတ်တီးရီးယားတွေ၊ဗိုင်းရပ်စ်ပိုးတွေအများဆုံးရှိတတ်ပါတယ်။အများသုံးသန့်စင်ခန်းတွေ
ဆိုရင်ပိုပြီးဆိုးပါတယ်။လူမျိုးစုံသွားလာလှုပ်ရှားနေကြတဲ့အတွက် ဖုန်းကိုလုံးဝ လုံးဝ အထဲကိုမယူသင့်ပါဘူး။

သန့်စင်ခန်းထဲဖုန်းသုံးပြီးအိတ်ကပ်ထဲပြန်ထည့်တဲ့အခါ၊အပြင်မှာပြန်သုံးတဲ့အခါ ဘတ်တီးရီးယားတွေက သင့်ရဲ ့လက်ကနေတစ်ဆင့်ကူးစက်သွားတတ်ပါတယ်။
ပုံမှန်အားဖြင့်လူတစ်ယောက်ဟာ တစ်နေ့တည်းမှာတင် ဖုန်းကို အကြိမ်ပေါင်း ၂၆၀၀ ကြိမ်် ထိတွေ့တယ်လို့သိရပါတယ်။ အဲ့ဒီဘတ်တီးရီးယားတွေကနေ staph infection လို့ခေါ်တဲ့ဘတ်တီးရီးယားကနေထုတ်တဲ့အဆိပ်ကြောင့်ဆိုးရွားတဲ့အရေပြားရောဂါ တစ်မျိုးဖြစ်စေပါတယ်။တခြားသောကူးစက်ရောဂါတွေကလည်း သန့်စင်ခန်းထဲက ဘတ်တီးရီးယားတွေကြောင့်အများဆုံးဖြစ်နိုင်ပါတယ်။ရုတ်တရက် ကိုယ်ခံအားနည်းပြီးနေမကောင်းတာမျိုး ၊အော့အန်ချင်တာမျိုး၊ခေါငး်ကိုက်တာ၊ အရိုးအဆစ်တွေနာကျင်တာမျိုးတွေလည်းဖြစ်နိုင်ပါတယ်။သန့်စင်ခန်းထဲမှာ
ကြာကြာထိုင်ရင်ထိုင်သလောက်ကို ဘတ်တီးရီးယားတွေက ဒုက္ခပေးနိုင်ပါတယ်။သန့်စင်ခန်းထဲမှာ ဖုန်းကို တစ်နာရီလောက်ထိုင်သုံးလိုက်တာကြောင့်အောက်ပိုင်းသေသွားတဲ့သူတွေ ရှိတယ်လို့တောင် လေ့လာချက်တွေအရသိရပါတယ်။

သန့်စင်ခန်းထဲမယူသွားရင်တောင် သင့်ဖုန်းတွေ၊စက်ပစ္စည်းတွေက ဘတ်တီးရီးယားတွေ နေဖို့ပေါက်ဖွားဖို့အကောင်းဆုံးနေရာတွေပါပဲ။သန့်စင်ခန်းထဲယူသွားမိရင်တော့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးလိုက်သလိုပါပဲ။အဲ့ဒါကြောင့်သန့်စင်ခန်းထဲဖုန်းယူသွားတတ်တဲ့အကျင့်ရှိရင် ဒီနေ့ကစပြီးရှောင်သင့်ပါပြီ။ဖုန်းရဲ ့မျက်နှာပြင်ကိုလည်းဖုန်းသန့်စင်ဖို့ထုတ်လုပ်ပေးထားတဲ့ အဝတ်စတွေ၊သန့်စင်ရေးပစ္စည်းတွေနဲ့နေ့တိုင်း ဖုန်းကိုသန့်စင်ပေးသင့်တယ် လို့အကြံပြုလိုက်ပါတယ်။

 

 

159 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.