အလုပ်လုပ်ရတာပင်ပန်းငြီးငွေ့ပြီးစိတ်ပျက်နေပြီလား
Unicode
လူတွေဟာ နေ့တစ်လူလူဝ ဘဝရှင်သန်နေထိုင်ဖို့အတွက် ကိုယ်အားသာရာ တတ်ကျွမ်းရာအလုပ်တာဝန်ကိုယ်စီနဲ့ဖြတ်သန်းနေကြရစမြဲပါ။တစ်ခါတလေမှာ စိတ်ပင်ပန်းမှုတွေ ရုန်းထွက်ချင်တဲ့စိတ်တွေ ပေါ်ပေါက်လာတတ်ကြပါတယ်။ ဘယ်လောက်ပဲကိုယ်ဝါသနာပါတဲ့ အရာကို ပဲလုပ်နေပါစေအုံးတော့တစ်ခါတလေ မလုပ်ချင်လောက်အောင် ပျင်းရိတာမျိုးတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဆိုတော့ ဒီလိုအခြေနေမျိုးတွေဖြစ်လာတဲ့အခါ ဘယ်လိုစိတ်မျိုးထားသင့်သလဲဆိုတာ …
(၁) ကိုယ့်ဘဝအတွက်လို့သတ်မှတ်ပါ
ကိုယ်ကချမ်းသာနေလို့ကိုယ့်အတွက် အလုပ်ကရတဲ့ပိုက်ဆံဆိုတာ ဘဝကြီးမဟုတ်ဘူး ဆိုပါစေတော့ ဒါပင်မဲ့အလုပ်ကပေးတဲ့ အတွေ့အကြုံတွေ အခက်အခဲတွေစိန်ခေါ်မှုတွေဟာ ကိုယ့်ရဲ့တိုးတတ်ရာတိုးတတ်ကြောင်း တွေပါ။ ဒါကြောင့်ခဏတာအလုပ်ကြောင့်စိတ်ပင်ပန်းနိင်ပေမဲ့ဒါတွေဟာ တကယ်ခဏတာဆိုတာကို သိသွားပြီးကို်ယ့်ဘဝအတွက်လို့တွေးလိုက်ရင်စိတ်ပင်ပန်းတာတွေသက်သာစေပါတယ်။
(၂) ဘာတွေဆုံးရှုံးသွားမလဲဆိုတာတွေးပါ
အလုပ်လုပ်ရတာငြီးငွေ့ပင်ပန်းနေလို့အလုပ်ထွက်မယ်ကဲကဲ လုပ်နေတဲ့အချိန်မှာကိုယ်သာ အလုပ်ထွက်ခဲ့ရင် ဘယ်အရာတွေဆုံးရှုံးမလဲ ဆိုတာမျိုးကိုတွေးပါ ။ ဒီအလုပ်ကရမဲ့ အကျိုးခံစားခွင့်တွေ ဒီအလုပ်မှာလုပ်ကိုင်စဉ်ကကြိုးစားမှုတွေကို အားလုံးအလကားဖြစ်သွားမှာပါ။ နောက်တိုးတတ်ရာ
တိုးတတ်ကြောင်းတစ်ခုကို ပြောင်းရွေ့တာမျိုးမဟုတ်ပဲ စိတ်ခံစားချက်အရ ငြီးငွေ့လို့ဆိုပြီးချက်ချင်းကြီးစိတ်အလိုမလိုက်သင့်ပါဘူး။
(၃) ပြောင်းလဲလုပ်ကိုင်ပါ
တစ်ခုခုကို ကြီးနေ့တိုင်းပုံသေပုံစံမျိုးကြီးလုပ်ကိုင်နေရရင်လူတိုင်းကငြီးငွေ့တတ်ကြပါတယ်။ ဒါကြောင့်ကိုယ့်အလုပ်မှာကိုယ်ပျင်းရိလာပြီးလို့ခံစားရတဲ့အခါ တိုးတတ်ရာတိုးတတ်ကြောင်းတွေ ကို ဘယ်လိုလုပ်ရင်ကောင်းမလဲ ဘယ်လိုပြောင်းလဲလုပ်ကိုင်ရင်ကောင်းမလဲစသည်ဖြင့် တစ်မျိုးတစ်မည် ပြောင်းလဲလုပ်ကိုင်ကြည့်ပါ။
(၄) ကိုယ်တစ်ကယ်လုပ်ချင်တဲ့နေရာရောက်ပြီလားတွေးပါ
အလုပ်စမဝင်ခင်တည်းက ကိုယ့်ဘဝအတွက်နေရာတစ်ခုကိုလူတိုင်းကမှန်းပြီးသားပါ။ ဆိုတော့ အခုချိန်မှာသာကိုယ်ရပ်လိုက်ရင် ကိုယ်မှန်းထားတဲ့နေရာအထိ မရောက်ပဲလမ်းတစ်ဝက်မှာဖြစ်နေမယ်ဆိုတာသတိရပါ။ ကိုယ်လိုချင်တဲ့ပန်းတိုင်မရောက်မချင်းကိုယ်လုပ်ရမဲ့တာဝန်မှန်သမျှကို မငြီးပဲလုပ်ဆောင်တတ်အောင်စိတ်ကိုအားမွေးထားပါ။
(၅) ကိုယ့်လောက်မှအဆင်မပြေသူတွေရှိတာကိုသတိရပါ
ကိုယ်သာ ကိုယ်အဆင်ပြေတဲ့နေရာ ကိုယ်ပိုင်နိုင်တဲ့နေရာမှာ အလုပ်ကောင်းကောင်းလုပ်ပြီး တည်တည်ငြိမ်ငြိမ်ငွေရှာနိုင်နေပင်မဲ့ တစ်ချို့တွေမှာဆိုအဖက်ဖက် ကကြောင်းကြောင်းကြောင့် အလုပ်အကိုင်အဆင်မပြေတာတွေ ဘဝတွေကြမ်းတမ်းနေကြရတာတွေ အများကြီးပါ။ ဆိုတော့ ကိုယ်ကကိုယ်ရောက်ရှိနေတဲ့တန်ဖိုးရှိတဲ့နေရာမှာ ပျင်းရိ မနေပဲ အခက်ခဲမှန်သမျှကို တွန်းလှန်နိုင်ဖို့လိုပါတယ်။
တစ်နေ့တစ်နေ့အလုပ်လုပ်ရတာ ပင်ပန်းလိုက်တာ လို့ငြီးတွားမိတဲ့အခါ ဒီစာလေးကိုဖတ်ရင်း အားတင်းထားနိုင်ကြပါစေလို့ဆုတောင်းရင်း…
59 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.