Kim Jong Kook နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကြောင့် ပရိသတ်တွေဆီက ခြိမ်းခြောက်စာတွေရခဲ့တဲ့အကြောင်းပြောပြခဲ့တဲ့ Hong Jin Young
Unicode
အခုလတ်တလောမှာ Running Man နဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ ရေပန်းအစားဆုံးက အဖွဲ့ဝင် Kim Jong Kook ရဲ ့အချစ်ရေးသတင်းတွေပါပဲ။မကြာသေးခင်က Running Man မှာ လေးပတ်တာပရောဂျက်အစီအစဉ်အသစ်အတွက် Lee Da Hee ၊ Lee Sang Yeob ၊ Hong Jin Young နဲ့ Kang Han Na တို့ကိုဧည့်သည်အဖြစ်ခဏတာထည့်သွင်းခဲ့ကြတာ ပရိသတ်တွေလည်းသိပြီးသားဖြစ်ကြမှာပါ။
ပရောဂျက်အသစ်စပြီး စတင်ရိုက်ကူးတဲ့အချိန်မှာတော့ ဧည့်သည်တစ်ယောက်ဖြစ်တဲ့ တောင်ကိုရီးယား Trot အဆိုတော် Hong Jin Young က အဖွဲ့ဝင် Kim Jong Kook နဲ့ရင်းနှီးတဲ့ဆက်ဆံရေးကြောင့် ခြိမ်းခြောက်စာတွေရခဲ့တဲ့အကြောင်းကိုအခုလိုပဲပြောပြခဲ့ပါတယ်။ “အရင်တုန်းက ဧည့်သည်အဖြစ်လာခဲ့တဲ့အချိန်မှာ Kim Jong Kook နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး(love Line)ကြောင့် အင်စတာဂရမ်က Kim Jong Kook ရဲ ့ပရိသတ်တစ်ချို့က သူမဆီကို ခြိမ်းခြောက်စာတွေပို့ခဲ့ပါတယ်။သူတို့က ကျွန်မကို Kim Jong Kook ရဲ ့အနားမှာမရှိစေချင်ပါဘူး။သူနဲ့ထပ်ပြီးကျီစယ်နောက်ပြောက်နေရင် သတ်ပစ်မယ်” လို့တောင်ခြိမ်းခြောက်စာတွေပို့ခဲ့တယ်လို့ပြောပြခဲ့ပါတယ်။
အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီး အဖွဲ့ဝင် HaHa က “Kim Jong Kook ဟာ အခုလောလောဆယ်မှာ Song Ji Hyo နဲ့လည်း Love Line ဖြစ်နေတာကြောင့်
အခုလို ပရိသတ်တွေဆီက ခြိမ်းခြောက်စာတွေရခဲ့တာဖြစ်မယ်”လို့ရယ်မောေ နာက်ပြောင်ခဲ့ပါတယ်။Kim Jong Kook ကတော့ “သူ့ရဲ ့ပရိသတ်တွေက
သူ့လိုပါပဲ။သူက Lee Kwang Soo ကိုသတ်ပစ်မယ်လို့ အကြိမ်ပေါင်းများစွာပြောခဲ့ပေမဲ့ တကယ်သတ်မယ်လို့ပြောတာမဟုတ်ပါဘူး။ပရိသတ်တွေက
သူ့ရဲ ့ပုံစံအတိုင်းလိုက်ပြောကြတာပါ”လို့ ရှင်းပြခဲ့ပါတယ်။
အဖွဲ့ဝင် Kim Jong Kook နဲ့ Song Ji Hyo တို့ကိုစုံတွဲဖြစ်စေချင်တဲ့ပရိသတ်တွေက သူတို့နှစ်ယောက်ကို Spartace(Sparta+Ace) လို့တောင်နာမည်ပေးထားကြပါတယ်။
ဒါ့အပြင် မကြာသေးခင်က Kim Jong Kook ရဲ ့အမေကလည်း Ji Hyo ကိုသူ့ချွေးမဖြစ်စေချင်တယ်လို့ပြောခဲ့တဲ့အတွက်ကြောင့် ပရိသတ်တွေက
သူတို့နဲ့ပတ်သက်ပြီး သတင်းကောင်းကိုစောင့်မျှော်နေကြပါတယ်။ကောလဟာလ သတင်းတွေထွက်ခဲ့ပေမဲ့လည်း Spartace ကတော့ သူတို့ဟာအရင်းနှီးဆုံး
သူငယ်ချင်း၊မောင်နှမတွေလိုပါပဲလို့ ကောလဟာလတွေ ကိုငြင်းဆိုခဲ့ကြပါတယ်။
198 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.