ချစ်သူပြောတဲ့အလိမ်အညာအချိုအသာစကားတွေဆိုတာ
(၁) မတတ်သာလို့
(၂) မေ့သွားလို့
(၃) တစ်သတ်လုံးအတွက်ပါ
(၄) နောင်မဖြစ်စေရဘူး
(၅) ကျိန်တွယ်တတ်သူ
Unicode
ဒီစကားတွေပြောတိုင်း လှည့်စားတတ်တဲ့သူမဟုတ်ပင်မဲ့လှည့်စားတတ်တဲ့လူတော်တေ်ာများများ ဟာ ဒီစကားလုံးလေးတွေနဲ့မလွတ်ဘူူးဆိုတာတော့မယုံလို့မရပါဘူး။ ဆိုတော့ ကိုယ်ပတ်သတ်မိနေတဲ့သူ ကိုယ်ချစ်မိနေတယ်လူ ကိုယ့်ကိုယ်ချစ်တယ်လို့ကိုယ်ထင်နေရတဲ့သူတွေဟာ ကိုယ့်
အပေါ် လိမ်လည်နေတာလားဆိုတာ တစ်ချို့စကားတွေ ကနေခန့်မှန်းနိုင်ပါတယ်။
(၁) မတတ်သာလို့
ကိုယ်မကြိုက်တဲ့အကြောင်းအရာတစ်ခုကို လုပ်ပြီးကာမှ မတတ်သာလို့ဆိုတဲ့အကြောင်းပြချက်ကောင်းကောင်းပေးတတ်ကြပါတယ်။ တစ်ခါနှစ်ခါ လက်ခံပေးလို့ရပေမဲ့ တော်တေ်ာများများကိစ္စတိုင်းအဲ့လိုဖြစ်လာတဲ့အခါ ဒီလူအပေါ်ယုံကြည်ပေးလို့မရတော့ပါဘူး။ ဒါကြောင့်ခဏခဏ
မတတ်သာလို့ဆိုတဲ့အကြောင်းပြတတ်တဲ့သူတွေကို မယုံကြည်မိပါစေနဲ့။
(၂) မေ့သွားလို့
ကိုယ်ပြောထားတဲ့အရာတွေ ကိုယ်တွေနှစ်ယောက်အတွက် အရေးကြီးတဲ့အရာတွေနဲ့ပတ်သတ်လာတိုင်းမေ့သွားလို့ဆိုတဲ့အကြောင်းပြချက်ပေးတတ်တာမျိုးဆိုသတိထားပါ။ တစ်ခါတလေမေ့တယ်ဆိုတာဖြစ်ကောင်းဖြစ်နိုင်ပင်မဲ့ကိုယ်နဲ့ပတ်သတ်တာတွေတိုင်းကို မေ့တယ်မေ့တယ်ပြောပြောနေတာဟာသက်သက်လိမ်ညာဟန်ဆောင်နေတာမျိုးဖြစ်နိုင်ပါတယ်။
(၃) တစ်သတ်လုံးအတွက်ပါ
တကယ်စိတ်ထဲမှာရှိတဲ့သူတွေဟာ ပါးစပ်အပြောနဲ့ပြီးတတ်ကြတဲ့သူမျိုးမဟုတ်ပါဘူး။ လက်တွေ့အကောင်ထည်ဖော်သက်သေပြကြပြီးသူတို့ရဲ့စိတ်ရင်းမှန်ကိုထုတ်ဖော်တတ်ကြတာပါ။ ဒီလို ဘာလက်ဆုပ်လက်ကိုင်တစ်ခုမှ စိတ်ရင်းမှန်ကိုချမပြဖူးပဲ ပါးစပ်ကနေပဲ တစ်ဘဝလုံးအတွက်ပါ
အသက်ကြီးလာတဲ့အထိ ဘယ်လိုချစ်မှာ စသည်ဖြင့် ချိုသာပျူငှာစကားလုံးတွေကြားမှာနစ်မြောသင့်သလောက်သာနစ်မြောပါ။ တစ်ချို့ကအပြောနဲ့အလုပ်ညီတတ်သလိုဒီလိုပြောပြောနေတဲ့လူအများစုကတော့ လိမ်ညာခြင်းကို စကားလုံးတွေနဲ့ဖုံးကွယ်ထားတတ်ကြတဲ့သူတွေပါပဲ။
(၄) နောင်မဖြစ်စေရဘူး
လုပ်ချင်တာကို အကြိမ်ကြိမ်ခါခါလုပ်ပြီးမှနောင်မဖြစ်စေရဘူး ဆိုတာမျိုးတွေခဏခဏ ပြောတတ်တဲ့သူတွေဟာ ကိုယ့်ကိုလိမ်လည်နေသူပါ။အကြိမ်ကြိမ်ခါခါ နောင်မဖြစ်စေရပါဘူး ဆိုတဲ့
ကတိတွေပေးတတ်တဲ့သူဟာ အကြိမ်ကြိမ်ခါခါ ကိုယ့်ကို လိမ်နေတယ်ဆိုတာကို သတိရပါ။
(၅) ကျိန်တွယ်တတ်သူ
တစ်ခုခုဆို အလုပ်နဲ့သက်သေမပြပဲ ကျိန်ပြမယ်တို့ ယုံအောင်ဘယ်လိုကျိန်ပြရမလဲဆိုတာမျိုးပြောတတ်တဲ့သူ တော်တော်များများဟာလိမ်နေကြတဲ့သူတွေပါ။ တကယ် အမှန်တရားကို သက်သေမပြတတ်ပဲ မမြင်ရ တဲ့ ကျိန်ဆိုခြင်းတွေ သက်သေမရှိတဲ့ ဘာဖြစ်ပါစေညာဖြစ်ပါစေဆိုတာ
မျိုးတွေကို ကျိန်တွယ်ပြီးထပ်ခါထပ်ခါ ပြောတတ်တာမျိုးကို ပြောတတ်ကြပါတယ်။
ဆိုတော့ အပေါ်ကစကားတွေပြောတိုင်းညာနေတာပါလို့မပြောပင်မဲ့ ညာပြော တတ်ကြတဲ့သူတိုင်းဟာ အပေါ်ကစကားတွေကို ထပ်ခါထပ်ခါသုံးတတ်တာမလို့ အရာရာတိုင်းစကားချိုချိုတိုင်းကို
အကြွင်းမဲ့ယုံနေတာမျိုးမဟုတ်ပဲ စဉ်းစားဆုံးဖြတ်ပြီးမှ ယုံကြည်ဖို့ရည်ရွယ်ပြီး အချင်းချင်းလိမ်ညာလှည့်ဖြားခြင်းကင်းဝေးကြပါစေလို့ဆုတောင်းရင်း…
104 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.